အဲဒီနေ့မနက်ကပေါ့
စွဲမက်ဖွယ်ညိုမျက်ဝန်းတွေရဲ့
အကြည့်တစ်ချက်အောက်မှာ
ကျဆုံးမှန်းမသိကျဆုံးခဲ့ရတာလေ..
တစ်ဒင်္ဂလေးဆိုပေမယ့်
တစ်သက်စာအတွက်
အပိုင်စားယူထားလိုက်တာ
ကြည့်စမ်း နေရာအနှံမင်းပုံရိပ်တွေကြိးပါပဲလား…..
ယောက်ျားတန်မဲ့
လက်ဖျားတွေအေးစက်လို့
စူးရှတဲ့အကြည့်တွေအောက်မှာ
ရင်ဘတ်တစ်ခုလုံးဗြောင်းဆန်သွားခဲ့တာ
ငါကိုယ်တိုင်ပဲညံ့ဖျင်းခဲ့တာလား
ဗီးနပ် ကပဲလှည့်စားခဲ့တာလား…..
လျှပ်တစ်ပျက်တွေ့ဆုံမှုနဲ့အတူ
ပျောက်ဆုံးသွားတဲ့မင်းကို
အမှတ်မထင်ပြန်တွေ့ဆုံရင်တောင်
မင်းအတွက်မှတ်မိဖို့မသေချာပေမယ့်
ငါ့အတွက်တစ်စုံတစ်ခု
ချန်ထားရစ်ခဲ့တဲ့မင်းကို
ဒီအတိုင်းလေးပဲ
လွမ်းနေချင်ခဲ့မိတာ
ငါ့ကိုယ်ငါတောင်အံသြမိပါရဲ့…..

1 comments:
အလိုလို အဲသလောက်တောင်ပဲလား ...
အစွဲအလမ်းအတော်ကြီးပုံရတယ်း)
Post a Comment