http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Thursday, December 23, 2010

နှလုံးသားအက္ခရာ

မှေးမိန့်လုနေပြီဖြစ်တဲ့
ဓါတ်ပုံထဲက နင့်အပြုံးတွေဟာ
ဒီနေ့အထိအသက်ဝင်နေဆဲပါပဲ....

ခပ်ရေးရေးသာမြင်ရတဲ့
အတိတ်ဆိုတဲ့ကာလတစ်ခုကလည်း
သိပ်မဝေးတဲ့မနေ့ကလိုပါပဲ...

ထိရင်ကြေဖို့အသင့်ဖြစ်နေတဲ့
ပန်းခြောက်လေးတွေကလည်း
အားကြိုးမန်တက် လှနေဆဲပါပဲ....

ကာရံမညီမညာနဲ့
ပေးခဲ့ဘူးတဲ့ကဗျာတွေကလည်း
ဖတ်လို့ကောင်းနေဆဲပါပဲ....

ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ
လျှောက်ခဲ့တဲ့လမ်းတွေမှာ
ခြေရာတွေရှာမတွေ့ပေမယ့်
အဓိပ္ပါယ်ရှိနေဆဲပါ...

လွန်လေပြီးသော အချိန်
နှောင်းခဲ့ပြီဖြစ်တဲ့ ကာလ
ပြုဖူးခဲ့တဲ့ သစ္စာ
ထားခဲ့ဘူးတဲ့ ကတိ
ခိုလုံခဲ့ဘူးတဲ့ရင်ခွင်
အရာအားလုံး ဟာ
စာတင်လောက်အောင်
အရာမဝင်ခဲ့ပေမယ့်
ငါ့ရင်မှာတော့ အက္ခရာအဖြစ်ကျန်ရစ်ပါတယ်ချစ်သူ..

0 comments:

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More