http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

Sunday, July 22, 2012

နှုတ်ဆက်ခြင်း



ဖုန်ထူထူ လမ်းတွေနဲ့ ကျွမ်းဝင်ခဲ့လို့များ
စိတ်ဓါတ်တွေ အညတရဆန် ရခဲ့ရသလားမောင်..

ဇရပ်အိုနဲ့ ရှိုက်သံ မအပ်စပ်ဘူးလို့
မငြင်းဆိုနိုင်သလို ခပ်တိုးတိုး ပင့်သက်တွေကိုလဲ
လျစ်လျူမရူ ရက်ခဲ့ပြန်ဘူး...


အသိဥာဏ် ခုတုံးနဲ့
စေညွှန်ချက်တွေကို ချသုံး
အမုန်းဆိုတဲ့ လက်နက် ဘယ်လောက်ထက်လဲ
ပုံသဏ္ဍာန် မမှန်လဲ မှန်းဆလို့ ရတယ်မောင်...

တစ်ခါတစ်လေ...

ရှင်လျှက်နဲ့သေနေတဲ့
စိတ်ဓါတ်တွေ...

မြင်လျှက်နဲ့ ကွယ်နေတဲ့
အသိတရားတွေ...

ငိုသံတွေ ရောယှက်
မြိန်ယှက်စွာ သောက်သုံး
ဒီကမ္ဘာလောက တစ်ခုလုံး
ကွယ်ပျောက်ဖို့များ ကြိုးစားနေလေသလားမောင်..

သေဆုံးပြိးသား နေ့ရက်တစ်ချို့မှာ
တင်္ဒဂ ဖြတ်လျှောက်
ခြောက်သွေ့မှုနဲ့ ပနာရဖို့
အထှာမကျတဲ့ အလွမ်းတွေပွေ့ပိုက်
ခံနိုင်ရည်ဆိုတာ အဲ့ဒီအချိန်ရဲ့ ဘုရင်တပါးပဲ...

အတ္တတွေ ကွန်းခို
ရိုက်ခတ်တဲ့ ခောတ်အဆိုကို
မောင်ဘယ်လိုငြင်းငြင်း ခံပြင်းတယ်ဆိုတဲ့
ဝေါဟာရကသာ.. တလွင့်လွင့်ထူတယ်...

သွားတိုင်းမရောက်တဲ့ ခရီး
အချည်းနှီးမဖြစ်ပေမယ့်
အတော်လေးတော့ ခရီးပေါက်ခဲ့သားပဲမောင်...

အနားမညီကြဘူးဆိုတာ
အစတည်းက သိခဲ့ကြသားပဲ..
ဘဝဆိုတာကို ခေါက်ချိုး..ချိုးပြီး
"ဒီဘဝ ဒီမျှ" ဆိုကြတော့ရော
ပျောက်ရှသွားတဲ့ အိမ်မက်တွေအပြင်
ဘဝဆိုတာကိုတော့ ရေရောပစ်ဖို့ မလိုပါဘူးလေ...

ပုံဖော်နေတဲ့ ခံစားချက်တွေကို
အံမဝင်တဲ့ ဘောင်တစ်ခုမှာ ထိုးသိပ်ပြီး
တရားခံ ရှာနေမယ့် အတူတူ
အလံဖြူပြလို့..ကျွန်မ
နောက်တစ်လှမ်း ဆုတ်လိုက်ရုံပါ..မောင်

ဘယ်လောက်ပဲ လေမှာ လွင့်နေနေ
ကြိုးမပြတ်သ၍တော့ ရစ်ဘီးလေးဆီ
ပြန်လာခွင့်ရှိတဲ့ စွန်တစ်ကောင်လိုပဲ
အချိန်တန်...ပြန်ဖို့..အိမ်ဆိုတာ ရှိနေမှတော့
နှုတ်ဆက်ကြရမှာ အသေချာပဲလေ..

တစ်ကယ်တော့
ကျွန်မတို့နှစ်ယောက်
အချိန် နည်းနည်းစောပြီး
ဇာတ်သိမ်း ခန်းရောက်သွားကြရုံပါ....မောင်

နှုတ်ဆက်ချိန်..ဆိုတာ
ဘယ်တော့မှ မချိုမြိန်ဖူးဆိုတာ..
အစကတည်းက သိခဲ့ကြသားပဲ..
တစ်မူထူးပြီးတော့မှ.. ကျွန်မ ခါးတယ်လို့ မဆိုချင်တော့ပါဘူး..မောင်။

Written By Angelhlaing
Sunday,July 22,2012
7.50 PM (Austria)

23 comments:

နှုတ်ဆက်ချိန်ဆိုတာ ဘယ်တော့မှ မချိုမြိန်ဘူး။
မှန်လိုက်လေခြင်း...

နှုတ်ဆက်ချိန်...
လူတစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးပတ်သက်ခဲ့မှုမှာ အဲဒီ နှုတ်ဆက်ချိန်ကို ရောက်ခဲ့ရင် အနည်းနဲ့ အများတော့ ထိရှကြေကွဲရတာချည်းပါဘဲလေ...
သြော်... နှုတ်ဆက်ချိန် နှုတ်ဆက်ချိန်...

လူမဟုတ်တဲ့ ကြိုးတစ်ချောင်းတောင် အလယ်က ဖြတ်လိုက်ရင် အစနှစ်ဖက်တော့ ဖွာထွက်သွားတာပဲလေ.။

အနားမညီကြဘူးဆိုတာ
အစတည်းက သိခဲ့ကြသားပဲ..
ဘဝဆိုတာကို ခေါက်ချိုး..ချိုးပြီး
"ဒီဘဝ ဒီမျှ" ဆိုကြတော့ရော
ပျောက်ရှသွားတဲ့ အိမ်မက်တွေအပြင်
ဘဝဆိုတာကိုတော့ ရေရောပစ်ဖို့ မလိုပါဘူးလေ..
အရမ်းကြိုက်တယ် ညီမရေ...

ဆုံဆည်းခြင်းဟာခွဲခွာခြင်းအတွက်ပါ အိန်ဂျယ်ရေ။
တစ်နေ့မဟုတ်တစ်နေ့တော့ဝေးကြရမှာအမှန်ပဲလေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အင်းး ကဗျာလေးက နက်နက်ရှိုင်းရှိုင်းနေရာတနေရာကိုခံစားလိုက်ရသလိုဘဲ လှိုင်

ချစ်တဲ့အမ
ဂျာရစ်

တစ်ခါတစ်လေ...

ရှင်လျှက်နဲ့သေနေတဲ့
စိတ်ဓါတ်တွေ...

မြင်လျှက်နဲ့ ကွယ်နေတဲ့
အသိတရားတွေ...

နှုတ်ဆက်ချိန်လေး...။ သေချာ တွေးယူ ခံစားခဲ့ပါကြောင်း...။
ခင်မင်သော သတိုး

ညီမလေးရေ။

ကဗျာလေးက ခံစားမှု့မပြည့်ပါလို့လားမသိ
တကယ်ကောင်းပါတယ်။ မကြီးလွမ်း ချီးကျူးသွားတယ်။

တစ်ခါတစ်လေ...

ရှင်လျှက်နဲ့သေနေတဲ့
စိတ်ဓါတ်တွေ...

မြင်လျှက်နဲ့ ကွယ်နေတဲ့
အသိတရားတွေ...


အဲလိုစာကြောင်းလေးတွေက ချစ်စရာလေး



ချစ်တဲ့
မကြီးလွမ်း

နှုတ်ဆက်ချိန်..ဆိုတာ
ဘယ်တော့မှ မချိုမြိန်ဖူးဆိုတာ..
အစကတည်းက သိခဲ့ကြသားပဲ..
တစ်မူထူးပြီးတော့မှ.. ကျွန်မ ခါးတယ်လို့ မဆိုချင်တော့ပါဘူး..မောင်---------------
ညလေးရေ အမကိုတော့ဘယ်တော့မှ နှုတ်မဆက်ပါနဲ့နော်
မခံစားနိုင်လို့ပါ
ချစ်တဲ့ jas

လူတိုင်းကြုံဖူးကြမယ်ထင်ရဲ့ အဲလိုချိန်မျိုးကို...။

‘ကြိုးမပြတ်သ၍တော့ ရစ်ဘီးလေးဆီ
ပြန်လာခွင့်ရှိတဲ့ စွန်တစ်ကောင်လိုပဲ’...၊

သဘောကျမိတယ် ညီမရေ..၊ လူတိုင်းကိုယ်စီကို ချည်နှောင်ထားတဲ့ ကြိုးတွေအကြောင်း တွေးမိစေတယ်..။

သိပါဘူး။ ဘလော့ကို ထပ်နှုတ်ဆက်ပြန်ပြီလားလို့။ အခုတော့ သူနဲ့ ဘလော့နဲ့ ကြိုက်ရာရွေးဆိုရင်တော့ ဘလော့ကို ရွေးနိုင်လောက်ပြီထင်ပါရဲ့။း)))))

အချိန်က ကုစားသွားပါလိမ့်မယ် ညီမ။

နှုတ်ဆက်ချိန်..ဆိုတာ
ဘယ်တော့မှ မချိုမြိန်ဖူးဆိုတာ..
ညလေးကဗျာက ကောင်းမှကောင်း ။
နှုတ်ဆက်တယ်ဆိုတာ တကယ့်ကို နှုတ်ဆက်ခံလူတစ်ယောက်အတွက် ခံစားရတဲ့ ဝေဒနာဆိုးကြီးပါပဲလေ ။စကားမစပ် ခေါင်းစဉ်မြင်တော့ ဒီကောင်မလေး ဘလော့ထားပြီး ထပ်များထွက်သွားအုံးမှာလားလို့ မဟုတ်လို့တော်သေးတယ် ။

အိန်ဂျယ်လှိုင်း ကဗျာတွေ အလွမ်းသံ ညံနေသလိုပဲ ... :)

နှုတ်ဆက်ချိန်တိုင်းက
ရင်မချိအောင်
ခါးသီးစရာ...။

ပြတ်သားမှု နဲ့ ဆွေးမြေ့မှု ရောနှောပြီး ဆွတ်ပျံ့နေတဲ့ ကဗျာလေး...

ကဗျာလေး လာဖတ်သွားတယ် လှိုင်။

ချစ်တဲ့
မြတ်

ညီမလေးရေ-ကဗျာလေးကောင်းတယ်။ ရင်ထဲမှာ တော်တော်ခံစားနေရပုံပေါ်တယ်။ အဲဒီအချိန်မျိုးဆိုအနုပညာကတော်တော်အားကောင်းတတ်တယ်။ ကိုယ်တကယ်ခံစားနေရတယ်ဆို အဲဒီလိုသာ အနုပညာခံစားမှုတစ်ခုခုဘက်ကိုလှည့်ပေးပေါ့။ လျစ်လျူရှု တယ်လို့ပေါင်းပါတယ်ညီမလေးရေ။

ဟုတ်ကဲ့အကို ..(ဆူးသစ်) ပြင်လိုက်ပြီလို့..ကျေးဇူးပါအကို..:)))

အသွင်မတူရင် ကစ်သာထုတ်ပစ်လိုက်... သိလား။ တားတို့  နောက်မှာ ရှိနေမယ်။ (ကြပ်တာ)

ခင်မင်စွာဖြင့်

လှိုင်ရေ ခံစားချက်တွေ နက်နေလို့ နဲ့  တူတယ် ကဗျာလေးကလည်း လေးနက်တယ်..အရာရာ အဆင်ပြေပါစေ..

နှုတ်ဆက်ချိန်..ဆိုတာ
ဘယ်တော့မှ မချိုမြိန်ဖူး

မှန်တာပေါ့ အိန်ဂျယ်ရယ်..
နှုတ်ဆက်ချိန်တွေဆို အရမ်းရင်နာဖို့
ကောင်းတယ်..

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More