http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Sunday, January 15, 2012

တစ်ခြမ်းပဲ့ ....ညရဲ့ ကဗျာ





ချို့တဲ့ခြင်း ရသကို
ဘဝရဲ့ ကဗျာမှာ ညှပ်သုံး
ကာရံလုံးလုံးပျောက်မှ ပြတိုက်ထည့်..
ဘယ်သူမှ မသိခင် ရင်ခွင်ဗလာနဲ့...
အနုပညာကို ခံစားမယ်။


အချစ်ဟောင်း တစ်ယောက်
လွမ်းရသလောက်တောင်
အရသာမရှိတဲ့ ဆောင်း ..
မြန်မြန်နှောင်းတာပဲ အေးတယ်..။

တစ်ပတ်နွမ်း ရင်ခုန်သံကို
ဗိန္နောဆရာဆီမှာ အသက်သွင်း
နှလုံးသားမှာ ဆိုင်းဘုတ်တင် ...
ဘယ်ရင်ခွင် ခိုဝင်ရမလဲ..တွေးနေသူလောက်
ဘယ်သူ တွက်ချေ ကိုက်ပါ့မလဲလေ။

လေးနက်မှုမရှိတဲ့ ခံစားချက်
ဆားနဲ့ပက်လည်း ဘာမှမထူးဘူး...
အဲဒီတော့ ..ငါ မရူးတော့ဘူးဟေ့လို့..
အသိဥာဏ်ကို ဦးစားပေး ခပ်ဝေးဝေးပြေးထွက်ခဲ့တာ..
မောရ ကောင်းမှန်းတောင် မသိခဲ့ဘူး။

အသဲကွဲ ကဗျာတစ်ပုဒ်ကို
ဂျစ်ပစီဆန်ဆန် ည..တစ်ညမှာရေးစပ်
ရောင်းတန်းမဝင်ခဲ့တဲ့ ရင်ခုန်သံတစ်ချို့ အရင်းတည်
ပျက်ယွင်းမှုရာသီ ကာရံ မညီအောင်ထည့်ရင်း...
အဲဒီည ....အိပ်ရေးပျက်တာပဲ အဖတ်တင်ခဲ့တယ်။

Written By Angelhlaing
Sunday, January 15, 2011
11.02(PM) Austria
www.angelhlaing.blogspot.com

27 comments:

ကဲ အိပ်ရေးပျက်သွားရင်တော့ နွားနို့လေးတစ်ခွက်လောက်သောက်ပြီး ပြန်အိပ်လိုက်နော် ညီမလေးအိန်ဂျယ်
ကဗျာလေးကိုခံစားအားပေးသွားတယ်

အမ

မဒိုးကန်

နော်လည်း ညတိုင်း အိပ်ပျက်နေတာ..။ တိုက်ဆိုင်လိုက်တာ.. :)
ကဗျာလေး ခံစားသွားတယ်နော် မမ

ချစ်ခင်လျက်
Junemoe

ကျနော်လည်း အိပ်ရေး ပျက်တာ များပြီ။
အော် . .<3 <3 <3

ဟေ...
အိပ်ရေး ပျက်တဲ့သူတွေ တော်တော်များနေပါလား။ နှာလဲ ၀င်ပါဦးမှ ထင်တယ်။း)

ကဗျာကောင်းလေးလာဖတ်သွားတယ်မမရေ

ကဗျာလေး ကို ခံစားသွားတယ် ညီမ ရေ

ရွှေစင်ဦး

အော် .... အချစ် အချစ် .... ရယ်

ကဗျာလေးကောင်းလိုက်တာ...အဲလိုရေးတတ်ဖို့ပါရမီကိုပါမလာဘူးကွယ်...။ အချစ်ကို ဦးနှောက်နဲ့ဆုံးဖြတ်လိုက်တဲ့ ကဗျာတစ်ပုဒ်ပေါ့ ဟုတ်လား...။

တစ်ခြမ်းပဲ့ ....ည တဲ့လေ
ခေါင်းစဉ်မှာကိုပဲကြိုက်မိပါတယ်ညလေးရေ
အိပ်ရေးပျက်ခြင်းဆိုတာကလဲ
တို့တွေအားလုံးရဲ့ ဒုတိယချစ်သူဖြစ်နေပြီနော်

အိပ်ရေးတော့မပျက်ပါဘူး အိပ်ရေးမ၀တာပဲရှိတယ် ဟိ
ကဗျာလေးကကောင်းတယ် ညီမရေ

ကဗျာလေး အရမ်းကောင်းတယ် မမရေ...
တကယ်.. ရေးလည်း ရေးတတ်တယ်နော် :D

ကဗျာကောင်းလေး အားပေးသွားပါတယ်

ဒီလိုကဗျာလေးတွေရေးတတ်ချင်တာဗျာ...ကြိုးစားကြည့်ပေမယ့်..ပါရမီဓာတ်ခံမရှိလို့ထင်ပါတယ်..ခုတော့..အစ်မရေးတာပဲလာအားပေးသွားပါတယ်ဗျာ....

တခြမ်းပဲ့ညတဲ့လား ကဗျာလေးက လှတယ်..စန်းထွန်းလည်း အိပ်ရေးပျက်ပေါင်းများပြီ..ပရောဂျက်ပြီးသွားလို့  နက်ဖြန်ကစပြီး အိပ်ရေးဝဝ နှပ်ရတော့မယ် ထင်ပါရဲ့ ...

ဘာပဲပြောပြော... ခေတ်မှီအောင် အိပ်ရေးပျက်သွားပြီဗျာ... :)

တစ်ပတ်နွမ်း ရင်ခုန်သံကို
ဗိန္နောဆရာဆီမှာ အသက်သွင်း
နှလုံးသားမှာ ဆိုင်းဘုတ်တင် ...
ဘယ်ရင်ခွင် ခိုဝင်ရမလဲ..တွေးနေသူလောက်
ဘယ်သူ တွက်ချေ ကိုက်ပါ့မလဲလေ။

လှိုင် ကဗျာ အရမ်းရေးတတ်တာပဲ။ မြတ် အားကျလိုက်တာ။ အပေါ်က အပိုဒ်လေး အကြိုက်ဆုံး။

ခင်တဲ့
မြတ်

အရေးမပါတဲ့ကိစ္စတွက် အိပ်ရေးပျက်မခံနဲ့
အိပ်ချိန်တွေ နှမြောစရာ ..း))

အိပ်မက်လှလှမက်ပါစေ ..း)

အိပ်ရေးဝအောင် အိပ်ပါ ညီမရေ...

သိပ်မအေးတဲ့ ဆောင်းကို ဒီမှာ ဖြင့် ကုန်မှာ ကြောက်နေတာ။ ဆောင်းကုန်တာနဲ့  ပူတော့မယ် ဟူး။ သူကဖြင့် :((((

ကဗျာလေးအားပေးသွားတယ်အိန်ဂျယ်ရေ။
အိပ်ရေးပျက်တော့မခံပါနဲ့ကွယ်။
တီတင့်လိုလဲနေပါအုံးမယ်း))
ကွန်မန့်လေးတွေလည်းဖတ်လို့ကောင်းပါ့။
'အိပ်ရေးခြင်းဆိုတာကလည်းတို့တွေအားလုံးရဲ့
ဒုတိယချစ်သူဖြစ်နေပြီ'ဆိုတဲ့ ဂျက်ရဲ့ကွန်မန့်ကို သဘောကျတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

အိပ်ရေးအပျက်မခံနဲ့..
နေကောင်းကျန်းမာမှ ဘလော့ဂင်နိုင်မယ်နော်..ညီမလေး။
အိပ်ရေးပျက်ညတွေ လွန်မြောက်ပါစေလို့...။

ရောင်းတန်းမ၀င်ခဲ့တဲ့ ရင်ခုန်သံဆိုတာကို အခိုက်ဆုံးပဲ ညီမလေး။ ကောင်းလိုက်တာ။ တကယ်ခံစားနေပုံပဲ။ အိပ်ရေးတော့မပျက်စေနဲ့ပေါ့။ တစ်နေ့တော့ ရောင်းတန်းဝင်လာမှာပါ။ ငါ့ညီမ လက်ရေတက်နေပြီပဲ။

ဘယ်သူမှ မသိခင် ရင်ခွင်ဗလာနဲ့...
အနုပညာကို ခံစားမယ်။


စာသားတွေလှတယ်
ပို့စ်အသစ်တက်တာ ကျုပ်ဘလော့မှမတက်ဖူးဖြစ်နေထှာာ
စိတ်ကထင်လို့ လိုက်လာတာ သေချာနေပြီ ကိုယ့်ဘလော့က မတက်တာလေး)


မောင်ဘကြိုင်

အစ်မ ကဗျာလေးကို အရမ်းကြိုက်လို့
ကျွန်တော့် facebook မှာ credit ပေးပြီးတင်ထားလိုက်တယ် အစ်မ။

အားပေးပါတယ်
ကဗျာလေးကလန်းတယ်
ကျနော်ဖတ်လို့မဝသေးဘူး
နှစ်ခေါက်တောင်တီးတိုးရွတ်ဆိုသွားတယ်နော်

ခင်မင်ပါတယ်(လွမ်းပိုင်ရှင်အလွမ်း)

စာဖတ်နာတာမဟုတ်ပဲ အတွေးနာတာပါ စိတ်ခံစားမှုအားကောင်းတယ် ဖတ်ရတာတန်ဖိုးသိပ်ရှိတယ်ဗျာ

သည်ကဗျာလေးမဆိုးဘူးနော်...

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More