http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Wednesday, February 29, 2012

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် (တဂ် ပို့စ် )

အချိန်အတော်ကြာ ပစ်ထားမိတဲ့ ဘလော့လေးဆီ ခြေဦးလှည့်ဖို့ မေ့နေတဲ့ ဘလော့ဂါ အိန်ဂျယ်လှိုင် တစ်ယောက် ခရီးက ပြန်ရောက်ရောက်ခြင်းပဲ စီဘောက်မှာ အလည်လာကြတဲ့ မောင်နှမတွေရဲ့ နှုတ်ဆက်စကားနဲ့အတူ အကို သက်တန့်ချိုရဲ့ Tag Post လေးကြောင့် ဘလော့လေးဆီ တစ်ခေါက် ပြန်ရောက်ခွင့် ရတဲ့အတွက် အကိုရေ(သက်တန့်ချို) .. ကျေးဇူးပါလို့ ပြောပရစေရှင်။ တစ်ဆက်တည်း အိန်ဂျယ် ခရီးသွားနေလို့ မောင်နှမတွေရဲ့ ဘလော့တွေကို စာဖတ်မရောက်ဖြစ်တာကို နားလည်ပေးဖို့ မေတ္တာ ရပ်ခံပါတယ် ...သနားသောအားဖြင့် ခွင့်လွတ် နားလည်ပေးကြပါရှင်လို့ ..:):) ။

တဂ်ပို့စ်လေး ဖြစ်ပေါ်လာရတဲ့ ရည်ရွယ်လေး တအားပဲကောင်းသလို အခုဆို ဒီမိုကရေစီသို့ ခြေလှမ်းပြင်နေတဲ့ မြန်မာ့အရေးမှာ ဆက်သွယ်ရေးဆိုတာ အရေးကြိးတဲ့ အခန်းကဏ္ဍ တစ်ခုကနေ ပါဝင်နေတယ်ဆိုတာ အားလုံးသော မောင်နှမတွေ အသိပါပဲ။ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံးအတွက် သို့မဟုတ် အခြေခံ လူတန်းစား အပါအဝင် လူတိုင်း ဝယ်ယူသုံးစွဲဖို့ အတွက် အခုလို (၅၀၀၀)တန် ဆင်းကဒ်သာ ပေါ်ပေါက်လာမယ်ဆို ဘယ်လောက်တောင် အဆင်ပြေမလဲဆိုတာ ပြောဖွယ် မရှိတာ အသိပါပဲ မဟုတ်ပါလား..ရှင်။ 

















အကို(သက်တန့်ချို)ရဲ့ တဂ်ပို့စ်အမေးဖြေလေးတွေက......

၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။

အရင်ထက်စာရင် တန်ဖိုးနည်းတယ်လို့ ဆိုနိုင်ပေမယ့် နိုင်ငံတကာအဆင့်နဲ့ ယှဉ်မယ်ဆိုရင် များစွာ မြင့်နေသေးတာမို့ တန်ဖိုးနည်းဖုန်းလို့ မမြင်ပါဘူး။ အခြေခံလူတန်းစား တွေအားလုံး ကိုင်ဆောင်နိုင်ဖို့ဆို ယခုထက် ဈေးသက်သာ စေချင်ပါတယ်။

၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။

(၅၀၀၀)ဆင်းကဒ် ဖြစ်ပေါ်လာဖို့အတွက် စွမ်းဆောင်နိုင်သူတွေ သတိထားမိစေဖို့ရာ သတိပြုမိစေနိုင်တဲ့ လှုပ်ရှားမှု တစ်ခုလို မြင်ပါတယ်။

၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။

ပြည့်သူတွေရဲ့ ဆန္ဒကို လွတ်တော်မှာ ရှိတဲ့ တာဝန်ရှိ လူကြိးမင်းတွေ သိရှိစေဖို့ အကောင်းဆုံး တင်ပြမှု တစ်ခုပါပဲ။

၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။

လှိုက်လှိုက်လှဲလှဲကို ဝမ်းပန်းတသာနဲ့ ကြိုဆိုပါတယ်... ဖြစ်သင့်နေတာ ကြာပြီလို့ ပြောရမှာပါပဲ။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။

နိုင်ငံတစ်ကာ အနေနဲ့ယှဉ်မယ်ဆိုရင်လည်း ဖြစ်သင့်တယ် ဆိုတာထက်ကို ပိုပါတယ်။ ဘယ်နိုင်ငံ ဘယ်ဒေသမှာမှ မရှိတဲ့ ဆင်းကဒ်တစ်ခုရဲ့ တန်ဖိုးဟာ မြန်မာနိုင်ငံ တစ်ခုတည်းမှာသာ ဈေးအကောင်းဆုံး အမြင့်ဆုံး အနေနဲ့ ဖြစ်တည်နေတာ အနောက်နိုင်ငံတွေ အတွက် အလွန်တရာ အံသြမှု ဖြစ်စရာပါ။ ဆင်းကဒ် တစ်ခုရဲ့ တန်ဖိုးက အဲဒီလောက်တောင် ဆိုပြိး ရင်ဖိရတဲ့ အထိ.. အဲလိုအဖြစ်မျိုးကနေ လွတ်မြောက်ဖို့ အတွက် မောင်နှမတွေရဲ့အား ဆုတောင်းစကားနဲ့ (၅၀၀၀)တန် ဆင်းကဒ် ဖြစ်ပေါ်ရေးအတွက် ဝိုင်းဝန်းလို့ ဆုတောင်းကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

အကိုသက်တန့်ချို ရဲ့တင်္ဂပို့စ်လေးက အမေးအဖြေလေးတွေနဲ့မို့ အားလုံးသော မောင်နှမတွေ အတွက် ရေးရပြောရ အဆင်ပြေ လွယ်ကူမယ် ထင်ပါတယ်။ တစ်လက်စထည်း မြင်မြင်သမျှ ဘလော့ဂါ မောင်နှမတွေ အားလုံးကို တဂ်လုပ်ပါတယ်။ အဆင်ပြေမည့် မောင်နှမတွေ အားလုံး လက်ဆင့်ကမ်း တဂ်လုပ်ပေးဖို့ ဆက်လက် မေတ္တာရပ်ခံလိုပါတယ်။ အမည်ပါမောင်နှမတွေရော.. ကျန်ရှိတဲ့ မောင်နှမတွေပါ ဘလော့ထဲက တာဝန်လေးတွေ မျှဝေ ခွဲယူကြပါအုံးလို့....

၁။ မောင်(စွယ်စုံကျမ်း)
၂။ မောင်မောင် (မြစ်ဆုံ)
၃။ ချောကလက် ကျူးပစ်လေး
၎။ အမျိုးကောင်းသား
၅။ မိုးဇက်
၆။ လက်ဝဲ(နတ်ဆိုးလေး)
၇။ မမဂျက်စမင်း
၆။ စန်းထွန်း
၈။ သမီးစံ
၉။ ကန်ဒီ
၁၀။ မြတ်(မြတ်ပန်းနွယ်)
၁၁။ မမလမင်းငယ်
၁၂။ အကို(လွင်ပြင်လှိုင်းငယ်)
၁၃။ အဖြူလေး (မိုဘာ)
၁၄။ မေမြို့မိုး
၁၅။ နေဇော်လင်း

မောင်နှမများအားလုံး...ကိုယ်ရောစိတ်ပါ ကျန်းမာ ရွင်လန်းချမ်းမြေ့ကြပါစေလို့ ဆန္ဒပြုရင်း..

ခင်မင်လေးစားလျှက်

Angelhlaing...

31 comments:

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တော့ မိုးယုစံလေး (၅၀၀၀)တန် ဆင်းမ်ကဒ်ကို ယူလာပြီး ကိုကိုနဲ့ပဲ တစ်သက်လုံးနေတော့မယ်လို့ ပြောစေချင်လိုက်တာ... :pray :D :D

အလင်းက မိုးယုစံတဲ့ဟေ့
သူကကြိုက်တာနော်
အားတာနဲ့ရေးမယ်ညလေးချစ်ချစ်ရေ
အာဘွား
အချစ်တွေနဲ့ ကက်စမင်း

ကောင်းတာပေါ့အစ်မရာ. သိပ်ကိုကောင်းတာပေါ့.
ကိုယ့်နိုင်ငံက လူတွေကို အဲဒီလိုဖြစ်စေချင်တာကြာပါပြီ.။

ညီမရေ ဖြစ်သင့်တာလေးတွေပါ
ဘာပြောရမလဲသိတော့ဘူး
တကယ်ဆိုရင်တော့အကောင်းဆုံးပေါ့နော်....

တင်္ဂပေးလို့ကျေးဇူးတင်ပါတယ်
ညီမရေ ဘယ်လိုရေးရမလဲသိဘူး
ဟီဟီ ရေးကြည့်ပါအုံးမယ်...

ဖြစ်စေချင်ပါတယ် ပြည်သူတွေအားလုံးအတွက်ပါ

အိမ်း.. ဖုန်း.. ဖုန်းဆိုတာနဲ့.. ဟိုရူးသွားတဲ့ ကာတွန်းလေးပဲ သွားသွားမြင်မိတယ်ကွယ်.. :P

ခင်မင်လျက်
နေ၀သန်

လှိုင်ရေ..

လှိုင့်အမြင်လေးကို ဖတ်သွားတယ်။ မြတ်ကို တဂ်တဲ့အတွက်လည်း ကျေးဇူးတင်တယ်။

(ခက်တာက မြတ် မရေးတတ်ဘူး။း(
အားနာလိုက်တာ လှိုင်ရယ်.. )

ချစ်ခင်စွာဖြင့်
မြတ်

ကောင်းအိ.. ကောင်းအိ... အမ အိန်ဂျယ်လှိုင်ရေ.. ၅၀၀၀ တန်ဆိုရင်... ဖွဘုတ်က နို့ဆီခွက်ပုံလေးနဲ့ “ဘာ. .ပိုက်ဆံ ၅၀၀၀ နဲ့ ဖုန်းကိုင်ချင်တယ် ဟုတ်လား .. ရော့လောလောဆယ် ဒါယူထား ၅၀၀၀ မဟုတ်ဘူး ၃၀၀၀ ပဲ ကျတယ် ကျေနပ် လား” ဆိုတာလေးကို သွားသွား သတိရတယ်..း)
ဒါလဲ မြန်မာနိုင်ငံရဲ့ အခြေအနေ ကို အပြုသဘောနဲ့ သရော်ထားတာ လို့ မြင်မိလို့ပါ...။

၅၀၀၀ တန်က တကယ် ဖြစ်သင်ပါတယ်..

ရေးပါ့မယ်... ဘယ်တော့လဲတော့ မမေးနဲ့ :P

မမက သတိတရတဂ်မှတော့ ရေးရမှာပေါ့..
မမအမြင်လေးကိုလည်း လက်ခံတယ် :D :D

ဖြစ်လာနိုင်ရင်တော့ အကောင်းဆုံပေါ့ ညီမရေ... ပြည်သူ အားလုံးကလဲ မျှော်လင့်နေကြတာပါလေ...

ညီမအိန်ဂျယ်လှိုင်ရေ

မအားတဲ့ကြားကတ ဂ်ပို့စ်လေးကိုပြန်ဖြေပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်

ခင်မင်စွာဖြင့်

သက်တန့်ချို

ရေးရဦးမယ် ဒေါက်တာကို အကြွေးတင်နေသေးတယ်..။ လောလောဆယ် သူများအမြင်ကိုလိုက်ဖတ်ဦးမယ်..။

ရေးပေးပါ့မယ် ညီမလေးရေ
5000တန်းဖုန်းလဲ မြန်မြန်ရကြပါစေ

ပြည်သူ့အသံကို လူကြီးမင်းတို့ စဉ်းစားသင့်ပါပြီ...။

ဟုတ် ဒီလိုဆို ဖုန်းထဲကနေ ဖလမ်းဖလမ်းထလို့ ရပြီနော်..ငါးထောင်ဆိုလို့ ကနော့ အလုံးသုံးဆယ် ၀ယ်မယ်....ထွက်အောင်ရေးပြမယ်ကြည့်ထား..ဟဲဟဲ
ဝလာတယ်နော်....

အင်း..ဘယ်လိုပြောရမလဲ
ဆိုတော့ကာ...
အဲသလိုဘဲပေါ့ (အစ်မရယ်) :P :P
ရေးပေးပါ့မယ်နော်အစ်မ..
နက်ဖြန်(သို့မဟုတ်) ဘယ်သောခါပေါ့..း))

ငါးထောင်တန် ဖုန်းကတော့
ဖြစ်သင့်တဲ့အစီအစဉ်တခုပါဘဲ..

အမ ပစ်ပစ်

၅၀၀၀တန်ဖုန်းများ အမြန်ဆုံးထွက်ရှိရေး..
ဒို့အရေး..ဒို့အရေး...

ဟုတ်ပ။ ဈေးတွေက ချပေးသင့်ပါပြီ။ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဖုန်းဆင်းကဒ် ကိုင်နိုင်သော နိုင်ငံဟေ့လို့ ကြွေးကြော်ရမလို ဖြစ်နေပြီ။

ဖြစ်လာမယ်ဆိုရင်အကောင်းဆုံးပါပဲ
မြန်မြန်ဖြစ်လာဖို့ပဲမျှော်လင့်ရပါတယ်

စာလာဖတ်တယ်ဗျို့ ..သတိတရ တဂ်တာ အားတာနဲ့  ရေးမယ်နော့

အစ်မရေ မောင်မောင်ရေးပြီးသွားပြီနော်။ အစ်မအမြင်လေးလည်း ကောင်းပါတယ်။

အစ်ကို့အမြင်ကတော့ အခြေခံစနစ်တွေ မကောင်းသေးသရွေ့ ငါးထောင်တန်ပဲလာလာ၊ နှစ်ထောင်၊ တစ်ထောင်တန်ပဲလာလာ ဘာမျှမထူးပါဘူး။ သုံးရတာသက်သာသွားတာကလွဲရင် ခေါ်မကြားအော်မ ကြားအဆင့်ကနေတက်အောင် လုပ်သင့်တယ်လို့ ထင်တာပါပဲ။

အိမ်မက်လား တစ်ကယ်လား ဆိုတဲ့ အယ်လ်ဘမ် တစ်ချပ် ထွက်လာတာကို သတိထားမိတဲ့နောက် အတိတ်ကိုမျှော်တွေးကြည့်တော့...ငယ်ငယ်က သင်ရတဲ့ အိမ်မက်များတစ်ကယ်ဖြစ်လာမည်ဆိုတဲ့ စာပိုဒ်လေးကို သတိရမိတယ်..ဂယ်ဖဲ

ခုလို..ဘလော့ဂါညီအစ်ကိုမောင်နှမတွေ..ငါးထောင်တန်ဖုန်းအပေါ်..ညီညီညွှတ်ညွတ်နဲ့..ကိုယ့်အမြင်လေးတွေကိုယ်စီ..ထုတ်ဖော်တာမြင်ရတော့...ဒီအစီအစဉ်လေးဖြစ်ဖို့..ပထမဆုံး တဂ်ပို့စ်လေးကိုဖန်တီးတဲ့သူကိုကျေးဇူးတင်မိပါတယ်(မည်သူမှန်းတော့မသိပါ)
ကျွန်တော့်အနေနဲ့တော့..သူငယ်ချင်းနည်းလို့ရယ်...စာရေးအားမကောင်းတာကြောင့်..တဂ်အတွဲမခံရပေမယ့်..ပို့စ်တွေမှာပဲ..အားပေးရင်း..အမြင်နဲနဲတော့..ရေးချင်ပါတယ်ဗျာ....
၁။ ရွှေတစ်ကျပ်သား သုံးသိန်းဝန်းကျင်မှာ..15 သိန်းခွဲပေးရတာထက်..အခု ရွှေဈေး 7သိန်းဝန်းကျင်မှာ ၂ သိန်းပဲသတ်မှတ်တာမို့...တန်ဖိုးမနည်းပေမဲ့.တန်ဖိုးမများပါလို့.ဆိုရမလိုပါပဲ၊
၂။ စတေကာကပ်ခြင်းနဲ့တီရှပ်ပြုလုပ်ခြင်းကိုတော့..ထောက်ခံပါတယ်..ဘာလို့လဲဆိုတော့..ချောင်းသာရောက်အမှတ်တရ၊ ပုဂံရောက်အမှတ်တရ၊ ကျိုက်ထီးရိုးရောက်အမှတ်တရ..ဟိုရောက်ဒီရောက်အမှတ်တရအ၀တ်အထည်ဈေးကွက်ဟာ..ခုချိန်ထိရောင်းအားကောင်းကောင်းနဲ့ပန်းပန်လျက်ပါပဲ..ထိထိမိမိသိရှိစေတဲ့..နည်းမို့လဲသဘောကျပါတယ်..မြန်မာပြည်ရဲ့ ပရိသတ်အားပေးမှုအများဆုံးဖြစ်တဲ့..နိုင်ငံကျော် Iron Cross တီးဝိုင်းရဲ့ ပင်တိုင်အဆိုရှင်တွေရဲ့ မူရင်းသီချင်းခွေထဲမှာပါတဲ့..စတေကာတွေကိုလဲ.ပရိတ်တွေလိုချင်နှစ်သက်အားပေးကြတာမို့.စတေကာရဲ့..ကြော်ငြာအားကိုလဲ.လျှော့တွက်လို့မရပြန်ပါဘူး။
၃။ စုပေါင်းလက်မှတ်ထိုးတာကတော့.ပြည်သူတွေဖက်..လိုလိုချင်ချင်.အားတက်သရောမို့...လွှတ်တော်မှာ..အိပ်ငိုက်ပြီး..ဥပေက္ခာမပြုဖို့တော့..လေးစားစွာတောင်းဆိုရမှာပါပဲ။
၎။ အိုးစည်ဗုံမောင်းနဲ့ကို ဆက်သွယ်ရေးရုံးရှေ့မှာ..ပျော်ပျော်ရွင်ရွှင်ကြိုဆိုဖို့လဲ..အဆင်သင့်ပါပဲဗျာ။
၅။ ငွေငါးထောင်ဆိုတာ..အခုချိန်မှာ.လူတိုင်းနီးပါးလောက်ကိုတတ်နိုင်တဲ့အနေအထားပါပဲ။ သာမာန်လက်လုပ်လက်စား.တစ်ယောက်တောင်.၂ရက်သုံးရက်လောက်စုရင်ရနိုင်တဲ့အနေအထားမို့..ငါးထောင်တန်ဖုန်းကိုအမြန်ဆုံးအကောင်အထည်ဖော်သင့်ပါတယ်။ လက်ကိုင်ဖုန်းဟာ.မရှိမဖြစ်.မဟုတ်ပေမယ့်..မထင်မှတ်ပဲအရေးတကြီးပေါ်ပေါက်လာတဲ့.ကိစ္စတော်တော်များများကို.လက်ကိုင်ဖုန်းအကူအညီနဲ့..ဖြေရှင်းနိုင်ခဲ့တာလဲ..တော်တော်များများကြုံတွေ့ခဲ့ဖူးပါတယ်။ မြန်မာ့ဆက်သွယ်ရေးရဲ့.နာမည်ကျော်...လူကြီးမင်း..ဆိုတဲ့.ကောင်မလေးရဲ့အသံနဲ့ကင်းဝေးဖို့လဲ....ပြုပြင်ဆောင်ရွက်ပေးပါလို့..ပြောကြားပါရစေ။
ကျွန်တော့်ကို တဂ်တာမဟုတ်လို့..comment ရှည်သွားရင်လဲ..ခွင့်လွှတ်နားလည်ပေးပါလို့.တောင်းပန်ရင်း....ခင်တဲ့.တွတ်တွတ် www.kyaukme.com

မမအိန်ဂျယ် သားသား ရေးပြီးပီနော်

ဒီသတင်းကို တစ်စွန်းတစ်စကြားကတည်းက ၀မ်းသာနေမိခဲ့တာ။ တကယ်ဖြစ်လာအောင် ကြိုးစားနေတဲ့သူတွေ အားလုံးကို လေးစားလျက်ပါ...

အလည်ေ၇ာက်တယ်ညီမလေး
စာကြွေးတွေဖတ်ရင်းပေါ့
အားလုံးအဆင်ပြေပါစေ

ညီမလေး-ဘယ်များပျောက်နေပါလိမ့်။ စာလည်းမရေးတော့ပါလား။

၅၀၀၀ တန်ဖုန်း ထွက်လာဖို့ အားပေးပါတယ် ခင်ဗျာ ။

နိုင်ငံသားတစ်ယောက် ရဲ့ အခြေခံလစာ ၊ ပုံမှန်ဝင်ငွေ

တွေ တက်လာဖို့ ပိုပြီး အားပေးပါတယ် ခင်ဗျာ ...

:)

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More