http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Tuesday, October 4, 2011

မှာတမ်း မဟုတ်တဲ့ လွမ်းချင်း
















ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေ
အေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား
ဟိုအရင်လိုပဲ သူထက်ငါအပြိုင်
စကားနိုင်လုရင်း ရယ်မောခဲ့ရတဲ့ အချိန်တွေကို
အတိုင်းအဆ မရှိ လွမ်းမိတယ်မောင်...

ဘာကာရံမှမခြံ အရံရံ ငြိစွန်း
စကားခွန်း အထေ့ငေါ့တွေကြားမှာ
အပြုံးမပျက်ခဲ့တဲ့ နေ့ရက်တွေကို လွမ်းတယ်မောင်....

ဟော..ရှေ့က ရော်ရွက်ဝါလေးတွေ
လေတိုက်တိုင်း တလွင့်လွင့်နဲ့ လူးလွင့်နေကြတာလဲ
ပန်းချီတမျှ အသက်ဝင်လှပပေမယ့်
ပွင့်လင်းတဲ့ မောင့်အပြုံးတွေကိုတော့ မမှီနိုင်ဘူး ထင်ပါရဲ့...မောင်


ဆောင်းဦး ရဲ့ အအေးဒဏ်က
မာထန်နေတဲ့ မောင့် မျက်ဝန်းစိမ်းတွေလောက်တော့
ရင်ကိုနာကျင်မှု မရှိစေတာလဲ အမှန်ပဲလေ ..မောင်

အသိတစ်ခုနဲ့ နွေးထွေးစေတဲ့
အိမ်မက် လှလှလေးတွေ အစား၊
ထိန်လန့်မှုနဲ့ ခြောက်ခြားနေရတဲ့ အိပ်ပျက်ညတွေဟာ
" ည "ကို ပိုလို့ အထီးကျန်စေခဲ့မယ် ဆိုရင်
" လ "ဆိုတာလည်း မလှနိုင်တော့ပါဘူးမောင်..

ဝေးခြင်း၊နိးခြင်း
ပဥာက်တွေနဲ့ မချည်နှောင်ပေမယ့်
စိမ်းကားခြင်းအတက်နဲ့ သွေဖီလာမယ်ဆိုရင်
မနက်ခင်းရဲ့ တေးသံသာတွေလဲ ဘယ်ချိမြိန်နိုင်ပါတော့မလဲမောင်..

နောင်တစ်နေ့ရဲ့ အဆုံးသတ်ဆိုတာ
မောင်ပေးတဲ့ ရလဒ်ရဲ့ အဖြေဆိုရင်
သစ်ရွတ်ကြွေတိုရဲ့ ရှိုက်သံအဖြစ်
လောင်ကျွမ်းဖို့လဲ အသင့်ဖြစ်နေပြီလေ...

ပျောက်ဆုံးသွားတဲ့ လမ်းစ
ဘယ်မှာများ ကျပျောက်သွားတာလဲ..မောင်

ခမ်းနားတဲ့ အိမ်မက် မဟုတ်ခဲ့ပေမယ့်
လှပတဲ့ အနာဂတ်ဘယ်သူကများ
ရိုက်ခွဲပစ်လိုက်တာလဲ..မောင်

ကြယ်တွေလဲ မကြွေစေချင်သလို
မျက်ရည်တွေလည်း မဝေချင်ဘူး ..မောင်

ခဏတာ ချွေးသိမ်မှုလဲ မလိုချင်သလို
ဘဝမှာ နှစ်သိမ့်ဆု ဆိုတာနဲ့လည်း မကျေနပ်နိုင်ဘူး...မောင်

ရော်ဝါရွက်တွေ မြေလူးသလို
ခံစားချက်တွေလည်း ခါးတူးလို့
သွားပါတော့လို့များ ကြေငြာလိုက်လေသလား......မောင်

တစ်ကယ်တော့လည်းမောင်
လွမ်းရယ်၊ ဆွေးရယ်
ငိုကြွေး တမ်းတမှုတွေရယ်
ဒီလိုနဲ့ပဲ ...လျှောက်ခဲ့ဘူးတဲ့လမ်းတွေမှာ..
နေရော လပါ ပျောက်ခဲ့မှတော့
ဝှက်ထားတဲ့ ဖဲချက်အောက်မှာ
အရာမထင်ပဲ အက်ကြောင်းရာသာ ကျန်ရစ်ခဲ့ရတာပါ...မောင်။

Written By Angelhlaing
(www.angelhlaing.blogspot.com)
Tuesday,October04,2011 (9:12 PM )
Austria



26 comments:

လှိုင်...
ညတိုင်းမှာချစ်သူလမင်းကိုမျှော်ပြီး
လွမ်းနေမိတာ..

ချစ်သူအပြုံးထက်လှတဲ့ပန်းချီမရှိပါဘူးလှိုင်ရယ်..

ကြယ်တွေလည်း မကြွေစေချင်သလို၊ မျက်ရည်တွေလည်း မဝေချင်ဘူး-တဲ့လား.. ညီမရေ..၊ ကြယ်တံခွန်တွေလို မျက်ရည်တွေ သွန်ကျစီးဆင်းရတဲ့ နေ့ရက်တွေ မရှိရင်တော့ အကောင်းဆုံးပါပဲ...နော။

အသည်းကွဲ ကဗျာတွေဖတ်ရတာ ..စိတ်ညစ်တယ်

လွမ်းတတ်လိုက်ကြတာနော်။ စာတစ်တန်ပေတစ်တန်နဲ့။ အလွမ်းတွေ ခဏချေးငှားယူလိုက်ချင်တယ်။ အလွမ်းဆိုတာ ဘာမှန်း ကောင်းကောင်း မသိသေးလို့။း(

ခင်မင်လျှက်

အလွမ်းသသလေးတွေနဲ့
ငြိမ့်ငြိမ့်လေးစီးမျောသွားတဲ့ ကဗျာလေး
ခံစားသွားခဲ့တယ်ဗျာ။

လွမ်း... ရင်ထဲလှိုက်လို့ အတိတ်ကိုလွမ်း...
လို့ ဆိုသွားတဲ့ ကိုတိုးကြီး သီချင်းလေး သွားသတိရမိတယ်...
ငါ့ညီမ လွမ်းနေလိုက်တာများ...
ကဗျာဖတ်ရင်းနဲ့ တောင် ကိုယ်ချင်းစာမိတယ်...
ကဗျာလေး ကောင်းလိုက်တာ ညီမရေ...
ပေါ်မလာ အတော်ကြာ ပေါ်လာတော့ လွမ်းချင်းနဲ့ ငိုချင်းချ မလို့ လား ညီမရေ...

ကဗျာလေးကို စာလုံးနုနုရွရွလေးတွေနဲ့ အလှဆင်ထားလိုက်တာ မျက်စိထဲတောင် ပေါ်လွင်နေတယ် အိန်ဂျယ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွမ်းစရာကဗျာလေး ဖတ်သွားပါတယ်

ချစ်အမကြီး
ရွှေစင်ဦး

တကယ်ကို လွမ်းမောမောကြီး ဖြစ်သွားတယ်။

လာရောက်အားပေးသွားပါတယ်

အလွမ်းတွေ တပုံကြီးနဲ့ ကဗျာလေးပါလား ညီမရေ...။ အလွမ်းတွေ မရှိတဲ့သူဆိုတာ မရှိပါဘူး..။ လူတိုင်းလွမ်းတတ်ဘူးကြတယ်...။
အလွမ်းလေးတွေကို စာနာစိတ်နဲ့ အလွမ်းကဗျာလေး ဖတ်သွားတယ်။

လွမ်းမိပါတယ်... ဘာကိုမှန်းလွမ်းမိမှန်း မသိပေမဲ့ လွမ်းတော့လွမ်းသွားတယ်..... "မယ်တင်" သီချင်းလေးကို ပြန်ပြီးတော့ နားထောင်ဖြစ်တယ်..

ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေ
အေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား
ဟိုအရင်လိုပဲ သူထက်ငါအပြိုင်
စကားနိုင်လုရင်း ရယ်မောခဲ့ရတဲ့ အချိန်တွေကို
အတိုင်းအဆ မရှိ လွမ်းမိတယ်မောင်...တဲ့
ကြိုက်တယ်ကွာ..ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ 
အပြည့်ခံစားသွားပီ ခံစားချက် စစ်ပါတယ်နော်..အလဲ့

ခင်မင်လေးစားလျှက်...အမောင်

အလွမ်းတွေတစ်ပုံတစ်ပင်ကြီးနဲ့ပြန်လာခဲ့တယ်ပေါ့လေ

အသိတစ်ခုနဲ့ နွေးထွေးစေတဲ့
အိမ်မက် လှလှလေးတွေ အစား၊
ထိန်လန့်မှုနဲ့ ခြောက်ခြားနေရတဲ့ အိပ်ပျက်ညတွေဟာ
" ည "ကို ပိုလို့ အထီးကျန်စေခဲ့မယ် ဆိုရင်
" လ "ဆိုတာလည်း မလှနိုင်တော့ပါဘူးမောင်..
ဟီး...များလဲဘယ်သူ့ကိုလွမ်းလဲမသိဘူး
နဲနဲတော့လွမ်းသွားတယ်...စာသားတွေကတော့
မောင်စိန်ဝင်းငိုသွားမယ်နော်....
ချစ်တဲ့ jasmine အာဘွားးးးးးးးးးးးးး

အရမ်းလှတဲ့ အလွမ်းကဗျာလေးဖတ်သွားတယ်ညီမရေ။ စာသားလေးတွေက ရင်ထဲကိုစီးဆင်းသွားသလိုပဲ။ ရေးတတ်လိုက်တာ။

သေချာစွာစီကာထားတဲ့
လွမ်းမောဖွယ်...စာသားတွေကို
အသေအချာဖတ်သွားတယ်။

အလွမ်းမင်းသမီးဆိုတဲ့ဘွဲ့အလကားရထားတာမှမဟုတ်တာ။ ဒီလောက်တော့ရှိမှာပေါ့မမရယ်...နော်?....အားပေးလျက် ပါမမ.....:D

ကြယ်တွေလဲ မကြွေစေချင်သလို
မျက်ရည်တွေလည်း မဝေချင်ဘူး။
ကြိုက်၏။ အားပေးသွားပါကြောင်း .....

အမ်း..ငါသူငယ်ချင်းနတ်သမီးဆိုတော့ ကောင်းကင်ပေါ်ကကိုပြန်မဆင်းပါလား..ကဗျာတွေကတော့ ပန်းတွေသာဆို ကြွေ လောက်၇ဲ့...

ဖွဲ့တာလေးတွေ ပိုပြီး ပီပြင်လာတယ်။

အက်ကြောင်းရာထင်သွားတော့ အရင်လို နဂိုတိုင်း ပြန်ဖြစ်ဖို့မလွယ်ဘူးနော်
ကဗျာလေးဖတ်ပြီး ရင်ထဲ တမျိုးဘဲ ခံစားမိတယ်။

ညီမလေးရေ-တော်တော်ခံစားတတ်လို့ရေးတဲ့ကဗျာကို တော်တော်ခံစားသွားပါတယ်။ စာရိုက်ပြီးရင်သတ်ပုံတွေကိုပြန်စစ်စေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ညီမလေးပေးတဲ့ခံစားမှုကိုဖတ်တဲ့သူ အပြည့်မရနိုင်ဘူးလေ။ အဲဒီသတ်ပုံမှားတာတွေကအဲဒီမှာသွားထောက်နေတတ်လို့ ပါ။

ရွက်ဝါတွေကြွေ မြောက်ပြန်လေမြူးလို့  လွမ်းနေရာက လှိုင့် ကဗျာ ဖတ်တော့ ပိုလို့ တောင် လွမ်းသွားပါတယ်...

နေရော လပါ ပျောက်ခဲ့မှတော့
ဝှက်ထားတဲ့ ဖဲချက်အောက်မှာ
အရာမထင်ပဲ အက်ကြောင်းရာသာ ကျန်ရစ်ခဲ့ရတာပါ...မောင်။ ...

အဲဒီနေရာလေး အကြိုက်ဆုံးပဲ အိန်ဂျယ်

ဝါးးးး လွမ်းတက် တဲ့သူတွေကျတော့ လည်း
စကားလုံးတွေ လှပ လိုက်တာလွန်ပါရော ဗျာ
.. အားပေးဖတ်ရှု ခဲ့ပါကြောင်း..
(ဒုတိယ)

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More