http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Tuesday, December 20, 2011

ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ် မမ(Rose) Tag Post

အိန်ဂျယ် ချစ်တဲ့ မောင်နှမတွေအားလုံး အေးချမ်းတဲ့ ဒီဇင်ဘာရဲ့ ဆောင်းအငွေ့အသက်လေးနဲ့ အတူ ပျော်ရွင်ဖွယ် ခရစ်စမတ်လေး ဖြစ်ပါစေလို့ ဆန္ဒပြုရင်း မမ(Rose)ရဲ့ Tag ပို့စ်လေးမှ တဆင့် Happy New Year ပါလို့ ကြိုတင် နှုတ်ခွန်း ဆက်ပရစေရှင်။

တစ်ကယ်တော့ ခရစ်စမတ်ဆိုတာ အိန်ဂျယ်အဖို့ အရင်အရင်နှစ်တွေတုန်းက (မြန်မာမှာ ရှိစဉ်အချိန်) သိပ်ပြိးတော့လည်း ထွေထွေ ထူးထူး ပျော်တယ်ရယ်လို့ မရှိခဲ့ပါဘူး။ သာမန် ရုံးပိတ်ရက်တစ်ရက် အနေလောက်ပဲ စိတ်ထဲ ရှိခဲ့တာပါ။ တစ်ခုပဲ ခရစ်စမတ် ဈေးရောင်းပွဲတော်တွေ လှည့်ပတ်ငေး(မဝယ်ပဲ :P:P) ရတာကိုတော့ ခုံမင်နှစ်သက်မိပါတယ်။ Austria ရောက်မှပဲ တစ်ကယ် ခရစ်စမတ် ပွဲတော်နဲ့ ရင်းနှီးကျွမ်းဝင် ခဲ့ရတယ်လို့ ပြောရမှာပါပဲ။ အိန်ဂျယ်နဲ့ အတူနေ မိသားစု အားလုံးက (အိန်ဂျယ်အဒေါ်မှတပါး) ခရစ်ယျာန် မိသားစုဝင်တွေ ဖြစ်ကြတော့ သူတို့အတွက်တော့ ပွဲတော်ကြီး တစ်ခုဆိုတော့ ကိုယ်လဲ ယောင်တောင်တောင်နဲ့ အထူးအဆန်းကို ဖြစ်လို့ :):)


အိမ်က အတူနေ အဘွားက ခရစ်စမတ်နီးပြီ ဆိုတာနဲ့ ကိတ်တွေ မျိုးစုံအောင် လုပ်ပါတယ်။ တစ်နေ့တစ်နေ့ သူ့ကြည့်ရတာ ဂျုံမှုန့်တွေနဲ့ မမောနိုင် မပန်းနိုင်ပါ။ သူကလဲ ကိတ်လုပ်ရတာ နှစ်သက်သူဆိုတော့ သူ့အကြိုက်ပဲလေ။ ရှိသမျှ အမျိုး၊မိတ်ဆွေ စုံအောင် သူလက်ဆောင်ပေးနိုင်ဖို့ ရက်ပေါင်းတော်တော်ကြာ ကြိုတင် လုပ်ယူရပါတယ်။ ပြီးရင် ခရစ်စမတ်ကိတ်လေးတွေကို ပါကင်လှလှ ထုတ်ပြိး ခင်သမျှ မိတ်ဆွေ၊အပေါင်းသင်း တွေဆီကို ကိုယ်တိုင်တစ်မျိုး၊ လာလည်ရင် တဖုံ အပြန်လှန်ပေးကြ ပါတယ်။ အိမ်မှာလဲ သူများပေးတာရော အိမ်ကလုပ်တာရော အများကြိးပါပဲ။ အိန်ဂျယ်က အချိုမကြိုက်တော့ ကိုယ်နဲ့မဆိုင်သလိုပဲ :P ။ ဘလော့ထဲက မောင်နှမတွေ ခရစ်စမတ်ရာသီ အိန်ဂျယ်ဆီ အလည်လာရင် ကိတ်မျိုးစုံ စားရဖို့ တာဝန်ယူပါတယ်ရှင့် :):) ။  အိမ်မှာလဲ ရန်ကုန်သီတင်းကျွတ် လိုမျိုး အလှမီးလုံးတွေနဲ့ ဆင်ကြသေးတယ်လေ။ ပါကင်လှလှလေးနဲ့ လက်ဆောင်လေး ဘယ်သူကို ပေးရမှန်း မသိပါဘူးနော် ...:P:P ၊





အရင်ကဘာမှ မဟုတ်တဲ့ ခရစ်စမတ်ဆိုတာ အခုတော့ အိန်ဂျယ်အတွက် ရင်ခုန်စရာ ပွဲတော်တစ်ခုလို ဆိုရမလိုပါ။ ဘာလို့လဲဆိုတော့ ကိုယ်ထက်ငယ်တဲ့သူ မရှိတဲ့ အရပ်မှာ ကိုယ်ကအငယ်ဆုံး ဆိုတော့ လက်ဆောင်တွေ အများကြိး ရလို့ပါရှင့်...:):)၊ ခရစ်စမတ်မှာ နှင်းကို မျှော်လင့်ကြတာ အနောက်နိုင်ငံတွေရဲ့ ဆန္ဒဆိုပေမယ့် ခရစ်စမတ်နဲ့ နှင်းဟာ လိုက်ဖတ်ညီတယ်လို့ ပြောရမလိုပါပဲ။ အိန်ဂျယ်တို့ မြန်မာသင်္ကြန်နဲ့ ပိတောက်ပန်းဆိုတာ တွဲဖက်နာမ်တွေအဖြင့် လိုက်ဖက်လှ သလိုမျိုး ပါပဲ။ ရွေးချယ်ခွင့်ရှိမယ် ဆိုရင် နှင်းဖွေးဖွေးတွေဝေနေတဲ့ ခရစ်စမတ်လေးကို ရွေးချယ်မိမှာပါ။ ဘာလို့လဲဆိုတော့ ပနာရတယ်လို့ ခံစားမိလို့ပါ။ ခရစ်စမတ်မှာ အပြင်ခရီးမထွက်ပဲ အိမ်မှာပဲ အချိန်ကုန် ဖြစ်မယ် ထင်ပါတယ်။ ဆွေမျိုးနီးစပ် ကလေးငယ်လေး နှစ်ယောက်ကို လက်ဆောင်လေးတွေ ဝယ်ထားသလို အသက်ကြိးတဲ့ အဘွားနဲ့ အဖိုးအတွက် လက်ဆောင်လေးတွေ ဝယ်ထားပါတယ်။ (ခရစ်စမတ်ညနေမှ မိသားစု လက်ဆောင်လဲကြတဲ့ အခါ ပေးဖို့ပါ)

နှစ်သစ်ရဲ့ အကြိုညမှာ ဘယ်သူနဲ့ အတူရှိချင်လဲ ဆိုတော့.....ပြောပြဘူးနော်...:P:P။ ဟိုးယခင်(မြန်မာမှာတုန်းက) အချိန်တွေကတော့ New Year ညတွေမှာ သူငယ်ချင်းတွေနဲ့ စုပြိး ဘာရယ်မဟုတ် စားကြ သောက်ကြနဲ့။ ၁၂နာရီ တိတိမှာ ဟုတ်ဟုတ်မဟုတ်ဟုတ် Happy New Year လို့ အော်ဟစ်ခဲ့ဖူးတဲ့ ညတွေတော့ အမှတ်တရ အဖြစ်နဲ့ လွမ်းမိတာပေါ့။ နှစ်တစ်နှစ် ကုန်ဆုံးတိုင်း သတိရမိတာက အသက်တစ်နှစ် ကြိးသွားတာ ပါပဲ။ မှတ်မှတ်ရရ အိန်ဂျယ်တို့ သူငယ်ချင်းတွေ တက္ကသိုလ် စတက်ကြတော့(၁၈၊၁၉) အရွယ်တွေဆိုတော့ ကျောင်းပြိးခါနီး နောက်ဆုံးနှစ်က မမတွေနဲ့ ခင်မင်ကြလို့ မမ အသက်ဘယ်လောက်လို့ မေးကြည့်တဲ့အခါ (၂၃၊၂၄)လို့ ကြားရတုန်းက တစ်ယောက်မျက်နှာ ကြည့်ပြီး အသက်တွေကြိးနေပြီလို့ ကလေးအတွေးနဲ့ ရယ်မောခဲ့ဘူးတာ ပြန်သတိရတယ်။ ကိုယ်တိုင် အသက်(၂၄၊၂၅) ရောက်တော့ ကိုယ်ကိုကိုယ် အသက်ကြိးတယ်ရယ်လို့ မထင်မိဘူး။ အဟားးးး အိန်ဂျယ်တို့ ဘယ်လောက်တရားသလဲနော်.... :):)။ အခုလို တဖြည်းဖြည်း အသက်သာ ကြိးလာတယ် ကိုယ်ကိုကိုယ် လူကြိးတစ်ယောက်လို့ လက်မခံချင်ဘူး :P ။ အိန်ဂျယ်တရားပါတယ်နော်။ :P

နှစ်တစ်နှစ် ကုန်သွားမှ မဟုတ်ပါဘူး အချိန်ရရင် ရသလို ကိုယ်ဖြတ်သန်းခဲ့ ရတဲ့ အပျော်တွေ၊ ဒုက္ခတွေ၊ အခက်ခဲတွေကို လွမ်းမော တမ်းတဆဲပါ။ ဘယ်တော့မှ အဆုံးသတ်မလဲ မသိတဲ့ မျှော်လင့်တွေ တစ်သီချည်းနဲ့ တစ်နှစ်ပြိးတစ်နှစ် Plan တွေချထားခဲ့တာလည်း ယနေ့ထိလည်း မဆုံးသေးပါဘူး။ ဝင်သက်ထွက်သက် ဆုံးတဲ့ နေ့မှပဲ မျှော်လင့်ချက်တွေလဲ ဆုံးမယ် ထင်ပါရဲ့လေ။ ခရစ်စမတ်ကတ်ပို့ပြိး နှုတ်ခွန်းဆက်တာတော့ မရှိပေမယ့် ဖုန်းလက်ခံရတာနဲ့ ဖုန်းနဲ့ နုတ်ခွန်းဆက်ရတာတော့ ခရစ်စမတ်မှာ အလုပ်တစ်ခုလို့ ပြောရမှာပါပဲ...:):)။ ခရစ်စမတ် ရာသီမှာ အိန်ဂျယ်အကြိုက်ဆုံးက ဈေးဝယ်ထွက်ရတာပါပဲ။ တစ်နှစ်ပတ်လုံး အောင့်အီးထားတဲ့ ဈေးဝယ်ခြင်းအလုပ်ကို ခရစ်စမတ်ရောက်ရင် စိတ်ကြိုက်ဝယ်ပါတယ်။ လျှော့ဈေး စောင့်နေရတာမို့ပါ ...:):)။




အိန်ဂျယ်ကို သတိတရ တက်ပေးတဲ့ မမ(Rose) ကို ကျေးဇူးအထူးပါလို့ ပြောကြားရင်း Tag Post လေးကို နိဂုန်းချုပ် လိုက်ရပါတယ်ရှင်။ ချစ်ရပါသော မောင်နှမများအားလုံး Merry Christmas and Happy New Year ပါလို့ နှုတ်ခွန်းဆက်သရင်း...

Angelhlaing



27 comments:

ကျွန်တော်အတွက်တော့ သာမန်နေ့ပါဘဲ အားပေးသွားတယ်နော် အမ ကျန်းမာပျော်ရွှင်ပါစေခင်ဗျာ

အမှတ်တရ ပျော်ပျော်ရွှင်ရွှင်နဲ့ ရေးပေးလို့ ကျေးဇူးအများကြီးတင် ချစ်ခင်မိပါတယ် လှိုင်ရေ။ လှိုင့် ဘွားဘွားလိုပဲ အစ်မလည်း ကိတ်မုန့်ဖုတ်ရတာ နှစ်သက်တယ်။ လှိုင်တော့ ကိတ်မုန့်တွေ အ၀စားရမှာပဲနော် :) နှစ်သစ်အကြိုညမှာ အတူရှိနေချင်တဲ့သူကို တိတ်တိတ်လေး ပြောပြမှာလားဟင် ခိ။ အဲ့ဒါတော့ တူတယ် လှိုင်ရေ...။ အသက်သာကြီးလာပေမယ့် ကိုယ်ကိုယ်ကိုယ် ကလေးတစ်ယောက်လို့ ခံယူနေမိတာ ခက်တာပဲ... ဟိဟိ။ တင်ထားတဲ့ ဓာတ်ပုံလေးတွေ လှလိုက်တာ။ လှိုင်လည်း နှစ်သစ်မှာ ကိုယ်ရောစိတ်ပါ ကျန်းမာ ရွှင်လန်းပါစေ။

ကြည်နူးစရာကောင်းလိုက်တာ
နှစ်သစ်ရဲ့အကြိုညမှ ဘယ်သူနဲ့ရှိချင်မလဲဆိုတာလဲ သိချင်လိုက်တာ

ခရစ်စမတ် ရာသီမှာ အိန်ဂျယ်အကြိုက်ဆုံးက ဈေးဝယ်ထွက်ရတာပါပဲ။
ဒီတခုတော့ဂျက်နဲပတူတယ်
ဈေးဝယ်ထွက်တာခြင်းတူပေမယ့်ဒီအချိန်ဆိုရင်ပျော်တယ်
အမြဲတန်းလဲမထွက်ပါဘူး ၀ါသနာလဲ ဒီလောက်မဟုတ်ဘူးလေ
အိမ်မှာတော့မေမေတို့က မက်မန်းသီးတွေပေါတဲ့အချိန်ကတဲက ဒီဇင်ဘာအတွက်ဝိုင်လုပ်ထားပါတယ်
ဝိုင်ကိုတော့မသောက်ရပါဘူး ပုလင်းအောက်က ၀ိုင်သီးတွေစားရတာကသောက်ရတာထက်ပိုကောင်းပါတယ်
လွမ်းတယ်တောင်ကြီးကို

Merry Christmas and Happy New Year ;)
ခရစ်စမတ်ညလေးမှာ.ပျော်ရွှင်ပါစေ.အမတော်း)
နှစ်သစ်ရောက်ရင်လည်း..
ချမ်းမြေ့ပျော်ရွှင်ဖွယ်.အသစ်.အသစ်ပေါင်းများစွာနဲ့
နေ့ပေါင်းများစွာကို.ဖြတ်သန်းနိုင်ပါစေရှင်

ချစ်ခင်စွာဖြင့်
ညမတော်မိစံး)

ရေးထားတာလေးဖတ်ရင်း ကြည်နူးသွားတာပဲ မမရေ.. ပုံလေးတွေလည်း လှတယ်ဂျ... ကိတ်မုန့်စားချင်လိုက်တာ.. :P
နော် ချစ်တဲ့ မမ..... ခရစ္စမတ်နဲ့ နှစ်သစ်မှာ အတူရှိချင်သောသူနဲ့အတူ (စိတ်ကူးထဲမှာရှိချင်လည်းရှိ.. :P) ပျော်ရွှင်ချမ်းမြေ့ပါစေနော်...
H@PPY MERRY X-M@S & 2012 NEW YE@R!!!

ချစ်ခင်လျက်

Merry Christmas and Happy New Year
ပါ မမရေ နှစ်သစ်လေးမှာ ပျော်ရွှင်ပါစေ ခင်ဂျာ ...

Merry Christmas and Happy New Year
အရင်နုတ်ဆက်ပါရစေဗျာ
ပုံတွေကြည့်ရတာကြည်နူးစရာကောင်းပါတယ်
နှစ်သစ်အကြိုညမှာ အတူရှိနေချင်တဲ့သူကတော့ ရင်ထဲက တစ်ယောက်ယောက်ပဲဖြစ်မှာပါနော်

မှုန့်တွေ အများကြီးလုပ်တဲ့ အဘွားကြီးကိုပြောလိုက်နော်၊ ဘန်ကောက်ကိုလည်း မုန့်တွေပို့လို့ရတယ်လို့၊ ခရစ်စမ်တ်မှာ အကြွေးနဲ့ အဲ..လေ၊ လျော့ဈေးနဲ့ ၀ယ်မယ့် ပစ္စည်းတွေလည်း ထုပ်ပိုးပြီး ပို့နိုင်ပါတယ်..။

ပျော်စရာ ခရစ်စမတ်လေးပါ ညီမရေ...
ညီမပြောတာ မှန်တယ် ဒီအချိန်က ဈေးဝယ် အကောင်းဆုံးဘဲ... လျှော့ဈေးရလို့ လေ...

အကိုတို့ဆီမှာတော့ သိပ်မထူးခြားလှပါဘူး ညီမလေးရယ် ... နည်းနည်းတော့ အေးတယ်ပေါ့ ... sales တွေလည်း အထိုက်အလျောက်တော့ လုပ်ကြပါတယ် ... ဒါပေမဲ့ အလှဆင်တာတွေ ဘာတွေ မရှိတော့ ပျော်စရာတော့ မကောင်းလှပါဘူး ...
ဘယ်လိုပဲဖြစ်ဖြစ် ပျော်ရွှင်ဖွယ် ခရစ်စမတ်နဲ့ နှစ်သစ် မင်္ဂလာ ဖြစ်ပါစေဗျား ...

ညီမရေ လွမ်းစရာပျော်စရာလေးတွေနဲ့ထပ်တူ
အားပေးသွားပါတယ်
ပျော်ရွှင်သောခရစ္စမတ်ဖြစ်ပါစေနော် :)

တဂ်ပို့စ်လေးကိုဖတ်ရတာ စိတ်ကြည်နူးတယ်
အိန်ဂျယ်ရေ။ အခုတော့ ခရစ်စမတ်ပွဲတော်ရဲ့
အရသာကို အပြည့်အဝခံစားရပြီပေါ့နော်။
Merry Christmas & Happy New Year !!!
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဒီဇင်ဘာဟာ ပျော်စရာတွေနဲ့ ပြည့်နေတယ်ပေါ့ ...း)

နှင်းဖွဲဖွဲလေးကျနေတဲ့ ပုံက ခရစ်မတ်တို့၊ နှစ်သစ်တို့ နဲ့ တော်တော် ပနံရတယ်ဗျာ .. ဩော်.. ဒါဖြင့် အသက်ကြီးလာလည်း ကိုယ့်ကိုယ်ကို ( အရင် အတိုင်း မပြောင်းမလဲ ) ငယ်ငယ်ပဲရှိသေးတယ်လို့ ထင်တတ်တာက ကျနော် တယောက်တည်းမှ မဟုတ်ပဲကိုး.. ကျနော်လည်း ကိုယ့်အသက်ကဖြင့် ၄၀ ကျော်နေပြီ။ ( ၁၀ )နှစ်လောက် သက္ကရာဇ် ဖြိုပြီး ( ၃၀ )ကျော်လောက်လို့ ထင်နေတတ်သေး တာဗျ။ Wishing you a Merry Christmas and Happy New Year!

ခရစ်စမတ်ဆိုတာ သာမာန်ရုံးပိတ်ရက်ပါပဲလေ။။
ကိုယ်တွေကတော့ ပိတောက်ပန်းရနံ့လေးရပြီး၊
မြေသင်းနံ့လေးထလာမှ နှစ်ကူးပြီဆိုတဲ့ အသိ ဝင်လာတတ်တဲ့ အမျိုးကိုးဗျ။။ ဆန်တာကလော့စ်
ပဲဆိုဆို၊ ဂျက်မာရော့ဇ်ပဲ ပြောပြော ကိုယ်တွေ အတွက်ကတော့ နှစ်ဆန်းတစ်ရက်နေ့ မတိုင်ခင် အဝတ်အကုန်မလျော်နိုင်ရင်တောင် စတိလျော်ကြတဲ့၊ ခြေသည်း၊လက်သည်း၊ဆံပင် အကုန်ညှပ်ပြီး နှစ်သစ်ကို၊ စိတ်သစ် ၊လူသစ်နဲ့ ကြိုတဲ့ မြန်မာ့ဓလေ့လောက် မမက်မောဘူးဗျာ။။
အဲဒီ ဟက်ပီးနယူးရီးယားဆိုတာကိုလဲ စိတ်ထဲတော့ ထူးထူးခြားခြားမရူးသွပ် လှပါဘူး။။ ဘာပဲပြောပြော နှစ်သက်တတ်၊ ရင်ခုန်ယစ်မူးတတ်သူများ အတွက်ကိုတော့
Merry Christmas and Happy New Year ပါလို့။။ :P :P :P

ဘယ်သူက ပိတ်တယ်ပြောလည်း..မပိတ်ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးး

တို့ကတော့ပျော်တယ် ပိတ်လို့ သူများတွေမပိတ်လဲတို့တွေကပိတ်တယ်
ပျော်တယ်း)

ပျော်ရွှင်ဖွယ် ခရစ်စမတ် Tag Post လေးကို စိမ်းချမ်းမြေ့စွာ ဖတ်သွားပါတယ်ညီမရေ...။

လှိုင်ရေ ဘုန်းဘုန်းကိုလည်း ကိတ်မုန့်ကျွေးရမယ်နော်...ပြောပြဘူးနော်ဆိုတာလေးကို အရမ်းသိချင်တာပဲ...တကယ်...ဟိ။ ပျော်ရွှင်သော ခရစ္စမတ်ဖြစ်ပါစေနော်...

အင်း... ဟုတ်တယ်.. ကိုယ့်ကိုယ်ကို ဒီအသက်ရောက်တော့ ကြီးတယ်မထင်သေးဘူး.. ဟိဟိ

Merry Christmas & Happy New Year ပါနော်.. :D :D

အသက်ကိစ္စ ကိုမေ့ထားတယ်ဗျာ။ happy new year ပါ။ တိမ်ညို ပိုစ့်လေးပါ ဖတ်သွားတယ်နော်။

ခင်မင်စွာဖြင့်

merry X'mass ပါလှိုင်..

ပျော်ရွှင်စရာကောင်းတဲ့ ခရစ်စမတ်လေးဖြစ်ပါစေ ညီမ။ နှင်းလေးတွေထဲမှာ ခနတာပျော်ဝင်ခဲ့ရတယ်။။။
ချစ်တဲ့
သဒ္ဓါ

လာရောက်အားပေးသွားပါတယ်ခင်ဗျာ..အစဉ်အမြဲ ပျော်ရွှင်ပါစေဗျာ.....

သာမာန်ထဲက နေ့လေး တစ်နေ့ပါပဲ။
သူများတွေ ပျော်ရင်လည်း ပျော်ကြပေါ့လေ။

Christmas အကြို shopping အတူထွက်မယ်...
အိန်ဂျယ်လေးရေ...း)

Have a Merry Christmas and Happy New Year...

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More