6:00 PM
Angelhlaing(May everybody be happy and healthy!
ချစ်စွာသော အိန်ဂျယ်ရဲ့ မောင်နှမတွေကို မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သရင်း ပထမဦးဆုံး အကြိမ်အဖြစ် အိန်ဂျယ်ရဲ့ အစွမ်းကုန် ကြိုးစား ရေးသား ထားသော ဝထ္ထုရှည် တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရှည် တစ်ပုဒ် ရေးဖြစ်အောင် ကြိုးစား နေဆဲမို့ အိန်ဂျယ် တစ်ယောက် ဘလော့ထဲက မောင်နှမ အိမ်တွေကို လာရောက် လာပတ်ဖို့လည်း ပျက်ကွက်နေခဲ့ပါတယ်။
အဲ့ဒီအတွက် ချစ်ရပါသော မောင်နှမ တစ်တွေရဲ့ နားလည်ပေးမှုနဲ့အတူ အိန်ဂျယ်အတွက် အားလေး ဖြစ်စေမယ့် ယခု တစ်ခါ ကြိုးစားထားတဲ့ ဝထ္ထုရှည် တစ်ပုဒ်ကိုလည်း မျှဝေ ခံစားပေးပါအုံးလို့ လေးစားစွာပဲ ဖိတ်ခေါ် ပရစေလားရှင်။
ပထမဆုံး အရေးအသားမို့ လိုအပ်ချက်တွေ များစွာ ရှိနေမှာကို သိသော်ငြားလည်း မောင်နှမတွေရဲ့ အပြုသဘော ဆောင်တဲ့ ရင်တွင်း စကားလေးတွေနဲ့ အကြံပေး ဝေဖန်ချက်လေးတွေကို စောင့်မျှော် ခံစားရင်း အိန်ဂျယ်ရဲ့ ပထမဆုံးသော ဝထ္ထုရှည် တစ်ပုဒ်နဲ့ မိတ်ဆက် ပေးပရစေရှင်။
ချစ်စွာသော မောင်နှမများအားလုံးကို အစဉ်အမြဲ
လေးစား ချစ်ခင်စွာဖြင့်
အိန်ဂျယ်လှိုင်
18 comments:
သူ ... တူညားကိုများလားးး ဟိ :)
ဖတ်ပြီးရင် ဖဘမှာပဲ မန့်တော့မယ်နော်။
ဝတ္ထုလေးအားပေသွားပါတယ်အမ အားပေးနေပါတယ်ရှင့်
နိဂုံးက ထင်မထားဘူး။ ဝမ်းနည်းစရား(
စကားလုံးအရမ်းကြွယ်ဝတာဘဲနော်။ အရမ်းကောင်းတယ်။ အရှည်ကြီးရေးလဲရေးနိုင်တယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့အတွေ့အကြုံ တော်တော်စုံတယ်။ ဆရာဝန်များလား?
ဝတ္ထုရှည်တောင်ရေးပြီးလားညီမလေး။ အားပေးတယ်။ ဆက်လုပ်။ အစ်ကိုအားတဲ့တစ်ရက်အချိန်ယူပြီးဖတ်ကြည့်မယ်။ လိုတာရှိရင်ပြောမယ်နော်ညီမလေး။ ဒါကြောင့်ပျောက်နေတာကိုး။ ကောင်းတယ်။ အချိန်ယူ၊ သေသေချာချာလုပ်။ အားပေးနေမယ်။
အင်း ကျုပ်တော့ PDF ပင့်သွားပြီါ် ဆရာမလေးး))) ရှိုးပွဲ ကောင်းကောင်းကြည့်နိုင်ပါစေး))))
ကျေးဇူးပါလို့မမ ရေ ..:)))(ခရစ်တယ်လ်၊မာရိတ်သူ၊လရိပ်အိမ်)
အကိုရေ...ကျေးဇူးပါနော်..:) (အကိုဆူးသစ်)
အကိုတော်ဗညား..... အာဇာနည်ဆိုရင် သိတယ်နော် ...:))))
လုံးချင်းဝတ္ထုရှည်တောင်ရေးနေပြီပဲ တော်လိုက်တာ အိန်ဂျယ်ရေ။ တီတင့်တော့ အဲဒီလို စကားလုံးလေးတွေ လှလှပပ မသုံးတတ်ဘူးကွယ် အမြဲအားပေးနေတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အားပေးမယ်နော် ညီမလေး
ရုံးပိတ်ရက်မှ အေးအေးဆေးဆေး ဖတ်ပြီး လာမန့် ဦးမယ်..
ဝထ္ထုရှည်တောင်ရေးနိုင်ပြီ
အားပေးနေတယ်ညလေးရေ
အောင်မြင်ပါစေလို့နော်
ခုဆုံးတဲ့ထိ မဖတ်ခဲ့ရသေးဘူး
နောက်ရက်လာဖတ်ဦးမယ်
pdf လေးလာမသွားတယ် ၊ ဖတ်လိုက်အုံးမယ်ဗျာ
ပီးရင်ဝေဖန်ရေးနှင့်လေကန်ရေးလေးလုပ်ပေးမယ် အဟီး
ဒေါင်းသွားတယ် မအိမ်ဂျယ်ရေ.. ဇာတ်သိမ်းခမ်း နှစ်မျက်နှာတော့ ဖတ်လိုက်တယ်..။ အိမ်ဂျယ်ရဲ့ဝတ္ထုတိုတွေနဲ့ အမြဲတမ်းထိတွေ့နေတာဆိုတော့ အခုဝတ္ထုရှည်လဲ ကောင်းပြီးသားဆိုတာ ယုံပါတယ်..။ အစဆုံးဖတ်ပါဦးမယ်..
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
အိန်ဂျယ်ရေ .. ဒေါင်းသွားတယ် .. အားပေးတယ်နော် ..း))
ကွန်မကောင်းတဲ့ ကြားက မရမက ဒေါင်းသွားပါတယ် မမ သေချာလေး ခံစားပါမယ်
~ Kk ~
ဖတ်ပီးတော့ ရင်ထဲမှာ ဟာပီးကျန်ခဲ့ရတယ် မမရေ
လေးကိုအရမ်းသနားတာပဲ လေးက မြန်မာပြည်ပြန်သွားတော့မလားဆိုပီး တဒိတ်ဒိတ်ဖစ်နေရင်းက ရိုမန်ရဲ့ အဖစ်ကို ဖတ်လိုက်ရတော့ လေးအတွက် အရမ်းစိတ်မကောင်းဖစ်ရပါတယ်
ဆက်လက်ထုဆစ်နိုင်ပါစေ မမ အားပေးနေပါတယ်
~ Kk ~
ဒေါင်းလုပ်ချသွားပြီ လှိုင်။
ဖတ်ပြီးရင် ပြန်လာပြောပြလှည့်မယ်နော်။
ချစ်တဲ့
မြတ်
မဖတ်အားပေးပေမယ့် အရင်ဒေါင်းထားလိုက်ပါတယ်။ အားပေးလျက်ပါ။ သံလွင်ဘက် လှည့်ခဲ့ပါဦး။ စာမူတွေလည်း စောင့်မျှော်လျက်ပါ။
ဒေါင်းသွားပြီ အစ်မ
Post a Comment