http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Monday, July 2, 2012

အလွမ်းကြောင့်....ကြွေ




နွေ..လည်း
မနှစ်ကလိုပဲ...ပူတယ်

ရော်ဝါတွေ...လည်း
မနှစ်ကလိုပဲ ...ကြွေတယ်

ကျွန်မအတွက်တော့...
အလွမ်းတွေသာ နှစ်စဉ်..ဝေတယ်


မလိုအပ်ပဲ နုတ်ဆိတ်မိတဲ့ ခဏ
ကျွန်မ စိတ်တွေ လှုပ်ရှား စီးဆင်းနေလိုက်တာ
စမ်းရေ စီးသံနဲ့အပြိုင် ကျွန်မ မှိုင်တွေ နေခဲ့မိတယ်~~~~

ကဗျာကလည်း ကဗျာ..
ကာရံမသိ အရောင်မရှိနဲ့
အထီးကျန်ခြင်းသာ ရေးတေးတေး~~~~ဖွဲ့နွဲ့
မော်ကြွားခြင်းနဲ့သာ တိုက်စား ကျွန်မကို ဝေးကွာသွားစေတယ်

ဘဝ အပိုင်းစတွေ... လေလွင့်သွားသလို
မျှော်လင့်ချက်တွေလဲ... ကြွေလွင့်ခဲ့ရတယ်~~~~

အသံတိတ် ရယ်မောတက်တဲ့
အသံအက်အက်တစ်ခုဟာ...ငိုသံပါဆိုရင်
" ည " တွေဟာ တစ္ဆေခြောက်ခံရသလို ပုတ်အက်အက်နိုင်ပြန်တယ် ~~~~

ရာသီလည်း ~~~~ ကြမ်းတယ်
ကဗျာကသီလည်း ~~~~လွမ်းတယ်

တောပန်းလေးတွေတောင် ရာသီကိုအံ့တု
မမှုခဲ့ပေမယ့် ကျွန်မကတော့
ကျရှုံး..... သူ့အမုန်းတွေ ထဲမှာပေါ့~~~~

ခြေတစ်လှမ်း~~~အစ
ပြန်နှုတ်မရတဲ့~~~စကားတစ်ခွန်း
မသက်ဆိုင်တော့တဲ့~~~ပတ်သတ်ခြင်းတစ်စုံ
အရာအားလုံး မြေမြုပ် ကျွန်မ~~~ ဘာလုပ်ရမှန်း မသိခဲ့ဘူး

မနက်ဖြန် ...စဖို့
ကျွန်မအတွေး ...တစ
မြေမှာ...ခရင်း 
အလွမ်းတွေ...ကောက်
လမ်းပျောက်ရှာသူ....ကျွန်မ 
ဒီတစ်ညတော့ ...ခပ်ပါးပါးလေးပဲ လွမ်းပရစေ~~~~

Written By Angelhlaing
Monday,July 02,2012
9.10 pm (Austria)


22 comments:

ဒီတစ်ညတော့ ...ခပ်ပါးပါးလေးပဲ လွမ်းပရစေ..
ဆိုတော့ကာ..
ကျန်တဲ့ ရက်တွေမှာတော့ ခပ်ထူထူ လွမ်းမယ်ဆိုတဲ့ သဘောလား ညီမ။း))

ခံစားချက်ကောင်းတော့ စာတွေ ကဗျာတွေ ထွက်တယ်နော်။

ကဗျာလေးက နူးညံ့လိုက်တာ အိန်ဂျယ်ရေ။ ရင်တွင်းခံစားချက်ပြင်းထန်ရင် စကားလုံးလှလှလေးတွေ ထွက်ပေါ်လာလေ့ရှိတယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခံစားချက်ကောင်းကောင်းနဲ့ ရေးထားလို့လားမသိ ကဗျာလေးဖတ်ပြီး ဆွေးတေးတေးတောင်
ဖြစ်သွားရတယ် ညီမလေးရေ ။

ညလေးကတော့တကယ့်အလွမ်းမင်းသမီးလေးပဲ။ကဗျာလေးအရမ်းကောင်းတယ်။

လွမ်းရတဲ့ ညတွေ လွန်ပါစေး)

ပါးပါးလေးပဲ ကောင်းပါတယ် အိန်ဂျယ် ... အလွမ်းက နာတာရှည်တတ်တယ် ။ လူနဲ့ သိပ်တည့်လှတဲ့ အာဟာရတော့ မဟုတ်ဘူး ထင်တာပါပဲ ...:)

ကောင်းလိုက်တဲ့ ကဗျာလေးဗျာ... ရင်ထဲက ခံစားမှု့တွေကို ကဗျာအဖြစ် မွေးဖွားထားတာလား မအိန်ဂျယ်.. :P

ရင်သို့ထိသော အလွမ်းကဗျာလေး..
လွမ်းရင်း ဆွေးသွားရပြန်ပေါ့..
ချစ်တဲ့
မမသဒ္ဓါ

ထူထူလွမ်းပါကွယ် ခပ်ပါးပါးဆိုချမ်းတတ်တယ်ညီမလေးရယ်း))

ချစ်တဲ့အမ ဂျာရစ်

ဒီ ၁ ပုဒ်လည်း အားပေးခဲ့ပါတယ်.... :)

လွမ်းပြီးရင်းလွမ်းနေပါရောလားညလေးရေ
နှစ်စဉ်ဝေတဲ့အလွမ်းတွေအတွက် ကူပြီးလွမ်းခဲ့ပါတယ်

လွမ်းနေတာက လွမ်းစရာတောင်ကောင်းသေးတော့....။
လွမ်းမယ့်လွမ်း မထူမပါးလေးလွမ်းဗျာ.....:)))

မသက်ဆိုင်တော့တဲ့~~~ပတ်သတ်ခြင်းတစ်စုံ အတွက်
ခပ်ပါးပါးပဲ လွမ်းပါ.. ပါးရင်း ပါးရင်း ပျောက်သွားရင် အကောင်းဆုံး..
:)

သိင်္ဂါကျော်

အားပေးသွားတယ် ညီမရေ..
ကဗျာ ကောင်းလေးပါပဲ...:)

ပါးပါးလေးတော့ လွမ်း
အိပ်ရေးပျက်မခံနဲ့း)

သိပ်ကောင်းတဲ့ ကဗျာ လေးဗျာ....

ရင်ခွင်တစ်ခုလုံးလည်း
သိပ်ကိုလည်း ခါးသက်နေမယ်ထင်ပါရဲ့
ကဗျာလေးတွေလက်ဆပ် နေပေမယ့်လို့
နှလုံးသားတွေကြေနေတတ်တာ
ကဗျာရှင်တွေရဲ့ လက် ပေါ့ဗျာ။

ကဗျာလေးဖတ်ပြီးတော့
စိတ်ဒုန်းဒုန်းချမိသွားတယ်...း))

ညီမလေးရေ မန့်သူတွေ အမျိုးမျိုးတွေထဲမှာ မကြီးလွမ်းကတော့ ထူထူလည်း မလွမ်းခိုင်းဘူး ပါးပါးလည်း မလွမ်းခိုင်းဘူး။
လွမ်းနေတာတွေ ခံရမခက်စေဖို့ရယ် အလွမ်းတာရှည် မဖြစ်စေဘို့
သီချင်းလေးနဲ့ ဆိုခဲ့မယ်။
(((( အချစ်....မင်းကိုလွမ်းရတဲ့ ညတွေ လွန်ပါစေ)) ဘာမှလည်း ချိုင်ဘူးနော်.


ချစ်တဲ့
မကြီးလွမ်း

ကဗျာလေး ကိုကြိုက်မိပါတယ်
အလွမ်းဆိုတာလွမ်းဘူးမှ
ဘယ်လိုလဲဆိုတာ သိတယ်လေ
ထူထူပါးပါး ခံစားရတာကတော့
အမှန်ပါ....

မနက်ဖြန် ...စဖို့
ကျွန်မအတွေး ...တစ
မြေမှာ...ခရင်း
အလွမ်းတွေ...ကောက်
လမ်းပျောက်ရှာသူ....ကျွန်မ
ဒီတစ်ညတော့ ...ခပ်ပါးပါးလေးပဲ လွမ်းပရစေ~~~~
အတူတူလွမ်းကြတာပေါ့ ညီမရေ..

မရောက်တာလည်း ကြာပြီညီမလေးရေ။ ညီမလေးလည်း ပျောက်နေတာကြာပြီးတစ်ခါပြန်ဝင်လာတော့ အံ့ဩနေတာ။ အစ်ကို့ဆီကို မှတ်ချက်တွေလာရေးတာ ကျေးဇူးပါ။ စာမရေးတာကြာပေမယ့် ရင်ထဲကခံစားချက်တွေက နက်နေတုန်းပါလား ညီမလေးရေ။ ကဗျာလေးကောင်းတယ်။ ဆက်ရေးပါ။ ခံစားချက်တွေနက်လာရင် ပိုပြီးကောင်းလာတယ်။

လွမ်းရတဲ့ညတွေ လွန်မြောက်ပါစေ အိန်ဂျယ်ရေ..

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More