http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Wednesday, November 16, 2011

နှုတ်ဆက်ပါသည်



အိန်ဂျယ်ချစ်တဲ့ စာရေး မောင်နှမတွေကို ဒီနေရာလေးကနေ နှုတ်ဆက်ပါတယ်ရှင်။ " မမ မဒိုးကန်ပြောသလိုပါပဲ အိမ်တိုင်း ဆားငန်ပါတယ် " လေ။ အိန်ဂျယ်က စာရေးခြင်းမှာ ရူးသွပ်တဲ့ သူတစ်ယောက်မို့ တစ်နေ့နေ့ တစ်ချိန်ချိန် အိန်ဂျယ် ဘလော့ထဲ ပြန်ရောက်အောင် လာပါ့မယ်လို့။


ချစ်ခင်ရတဲ့ ဘလော့မောင်နှမများ
ရွင်လန်း ချမ်းမြေ့ကြပါစေလို့
ဆန္ဒပြုရင်း

Angelhlaing

44 comments:

စာရေးဝါသနာပါတဲ့ ညီမလှိုင် အမြန်ဆုံး ဘလော့ဂ်ပေါ်မှာ စာတွေ ဆက်ရေးနိုင်ပါစေရှင်။ သတိရနေမယ်နော်။ ဖေ့ဘုတ်မှာရော ရှိနေမှာလားဟင်?

စောင့်နေပါမယ်

အစစအရာရာအဆင်ပြေပါစေ

အစစအရာရာ အဆင်ပြေပါစေကွယ်။ ဘလော့လောကမှာ အပြုံးများနှင့် အမြန်ဆုံးပြန်ဆုံနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ် အိန်ဂျယ်လှိုင်ရေ။

အဆင်ပြေပါစေ ညီမငယ်.. မကြာခင် ပြန်လည်ဆုံတွေ့ကြပါစို့...

အဆင်ပြေလို့ ပြန်လာတဲ့ တနေ့ကျရင် ပြန်ပြီး တွေ့ကြတာပေါ့ ညီမရေ..၊ ကြိုးစားမှုတိုင်းအတွက် အောင်မြင်ခြင်းတွေနဲ့ ဆုံစည်းနိုင်ပါစေလို့လည်း ဆန္ဒပြု ပါတယ်..။

ဘာမှ မပြောခဲ့တော့လည်း ဘာမှ မမေးတော့ပါဘူး ညီမရေ။ အဆင်ပြေပြေနဲ့ အေးအေးဆေးဆေး စာပြန်ရေးတဲ့ နေ့ကို မျှော်နေပါတယ်။
ကောင်းသောနေ့လေး ဖြစ်ပါစေ ညီမရေ။

ဘာတွေ ဖြစ်ကြပါလိမ့်နော်။
ဆားတွေက ငန်ဘဲ ငန်နိုင်လွန်းတယ်။
ဝါသနာပါနေတာဘဲကို။ ရေးပေါ့။ ဘာဖြစ်လို့ မရေးရမှာလဲ။

ကျောင်းစာရှိလို့၊ အလုပ်မအားလို့ဆို ထားပါတော့။ အခုဟာက ဘာမှန်းမသိ။ တစ်ယောက်ယောက်က မကြိုက်တဲ့အတွက် မရေးတော့မဲ့ပုံစံမျိုး။
မြန်မြန်ပြန်လာခဲ့။ ဒါဘဲ။ (သူကြီးအမိန့်)။း-+)

ခင်မင်လျှက်

လွမ်းနေရတော့မှာပေါ့........ :((((((((

အိမ်တိုင်းမှာဆားငန်တယ်ဆိုတာကိုလက်ခံရင်
ကိုယ်လုပ်သင့်တာကိုပဲ ပုံမှန်လုပ်သွားပါညီမလေးရေ
လက်ခံပါ .နားလည်ပေးပါ ..
အရာအားလုံးဟာ ဖြစ်တတ်တဲ့သဘောပါပဲ
..
စာရေးခြင်းဆိုတာ ဘ၀မှာ စိတ်အပန်းဖြေနည်းတမျိုးပါပဲ
မွန်းကြပ်မှု့တွေမှန်သမျှ ဖြေဖျောက်စေနိုင်ပါတယ် .

ပြောလိုတာကတော့ အမြန်ဆုံးပြန်လာခဲ့ပါ

စောင့်နေပါ့မယ်..
အမ
မဒိုးကန်

တီတင့်တို့ဘလော့ဂါတွေမှာ ထူးခြားတဲ့ သံယောဇဉ်လေးတွေရှိတာမို့ လုပ်ငန်းဆောင်တာအားလုံး အဆင်ပြေ ပြီးဆုံးသွားတဲ့တစ်နေ့ ပြန်လည်ဆုံခွင့် ရရှိအုံးမှာပါ အိန်ဂျယ်လေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

သိကျွမ်းရတာမကြာသေးပေမယ့်
အစ်မရင်းတစ်ယောက်လိုပါပဲ.
မှတ်ယူထားပါတယ်။
ဆက်စောင့်နေပါ့မယ်အမတော်
အမြန်ပြန်လာနိုင်ပါစေရှင်
အသစ်မတင်နိုင်လည်း..
အစ်မအိမ်မှာ.ညီမဖတ်ဖို့စာတွေ
အများကြီးကျန်ပါသေးတယ်
အဆင်ပြေ၊နေကောင်း၊ကျန်းမာပါစေရန်
ဆုတောင်းပေးလျှက်
ချစ်ခင်စွာဖြင့်

*ဂျယ်ရေ..
အားလုံးနေသားတကျ ဖြစ်တဲ့တစ်နေ့ပြန်လာပါလို့နော်..။

အချိန်က ကုစားသွားမယ်လို့ ယုံကြည်ပါတယ်...

ခင်မင်စွာ..

ဟင်...ဘာလို့လဲး(

ဒို့ မ ရေ..ဘာဖြစ်ရပြန်တလာလည်း..ကလေးလည်းမဟုတ်ပဲနဲ့ ..စာပြန်ရေးနော်..အားလုံးကမျှော်နေကြတယ်..အမောင်လည်းမျှော်နေမယ်နော်....

ရုတ်တရက်ကြီး ဘယ်လို ဖြစ်ရတာလဲ ညီမရယ်...
အစစ အရာရာ အဆင်ပြေလို့ အမြန်ဆုံး ပြန်လာနိုင်ဖို့ အစ်ကို ဆုတောင်းပေးနေပါတယ် ညီမငယ်...

စာရေးလည်းကောင်း
စာရေးတာကိုလည်း စွဲလန်းနှစ်သက်တဲ့ ညီမလေး..
ခုလို ဘလော့ကနေ ယာယီခွဲခွာသွားတာ အကြောင်းတွေ ရှိမှာပါ..
ဘယ်လိုသောအကြောင်းဖြစ်စေ.. ဘယ်လို အဆင်မပြေမှု ၊ ဝမ်းနည်းကြေကွဲမှုတွေဖြစ်စေ
မကြာခင်မှာ အားလုံးအဆင်ပြေပြီး စာမျက်နှာပေါ်မှာ အမြန်ဆုံး ပြန်လည်မြင်ခွင့်ရမယ်လို့ ယုံကြည်မျှော်လင့်နေပါတယ်..
ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း ၊ အဆင်မပြေခြင်း စတဲ့ဘယ်လိုသော အရာတွေဖြစ်စေ အမြဲမရှိပါဘူး..
အချိန်တစ်ခုအတွင်းမှာ ပြောင်းလဲသွားနိုင်ပါတယ်..
အဆင်ပြေပါစေညီမလေး အိန်ဂျယ်လှိုင်

ညီမလေးရေ

ဘဝအတွက် ကြိုးစားပြီးရင် အားတဲ့အချိန် ၊ စိတ်ပြေလက်ပျောက်ဖြစ်တဲ့ အချိန်ပြန်ရေးပါနော်။ မျှော်နေမယ်။

ခင်တဲ့
မေသိမ့်

ခင်မင်ရတဲ့ အိမ်ဂျယ်ရေ မျှော်နေပါ့မယ်
တစ်နေ့ နေ့ ဘလော့မျက်နှာစာမှာ စာတွေပြန်ရေးမယ် ဆိုတာ ယုံကြည်နေပါတယ်ဗျာ။
ခင်မင်လျက်
လှိုင်ဘွား(သီချင်းအိမ်)

ဟလို ညီမလေး
အကိုကြီး ဖြင့်တယ်အံ့သြမိပါတယ်။
အင်းလေ .... အားလုံးအဆင်ပြေပါစေ။
အမြန်ဆုံး ဘလော့ထဲကိုပြန်လာနိုင်ပါစေ လို့ 
ဆုတောင်းပေးခဲ့ပါတယ်။

အစစအဆင်ပြေပါစေနော်...စာတွေပြန်ရေးမယ့်တစ်နေ့
ကိုစောင့်နေပါတယ်.....

လူတိုင်းပြသနာရှိတာမို့ဘာကြောင့်လဲ မမေးတော့ပါဘူးနော် အားတဲ့အချိန်မှ onlineမှာတွေ့မယ်လေ
စောင့်နေမှာပါ အာဘွား
ချစ်တဲ့ မမjasmine

မျှော်နေမယ်အမရေ စိတ်မကောင်းဘူး

ဟင်......ဘယ်သွားမှာလဲ
ဘာဖြစ်လို့လဲ
စောင့်နေမယ်နော် ညီမလေးး
ပြန်လာနော်

အားလုံးအဆင်ပြေပါစေညီမရေ။ ၀ါသနာအရင်းခံနဲ့ စာရေးတဲ့သူဖြစ်လို့ အခွင့်အရေးရတာနဲ့ စာတွေပြန်ရေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပြန်ဆုံကြအုံးမှာပါ...

ဘာမှပြောမထားတော့လည်း
ဘယ်လိုမှမထင်တတ်ဘူးညီမရေ
လူတိုင်းမှာဖွင့်ပြောပြလို့မရတဲ့
ပြသနာကိုယ်စီရှိတတ်တယ်ဆိုတော့လည်းးးးးးးးးးး...

ပြန်လာမဲ့တနေ့ကို
စောင့်နေပါတယ်လို့ဘဲပြောပါရစေလှိုင်ရေ

သိတာခင်တာမကြာသေးပေမဲ့
သတိရနေမယ်နော်ညီမလေး
အဆင်ပြေပျော်ရွှင်ပါစေ

မပြောမဆိုပါဘဲလား ညီမလေးရေ...။
အစစအဆင်ပြေပြီး စာတွေအမြန်ဆုံးပြန်လည် ရေးသားနိုင်ပါစေနော်...။ ကျန်းမာရေးလည်း ဂရုစိုက်ဦး...။

အစစ အရာရာ အဆင်ပြေပါစေ
စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေ...

ပြန်တွေ့ကြမယ်နော်...

အထစ်အငေါ့ အစွန်းအထင်းတွေနဲ့ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ၊ ချောမွေပြေပြစ်မှုတွေနဲ့ပဲ ထိတွေ့ရ ထိတွေ့ရ ဘလော့စာမျက်နှာပေါ်မှာ ပြန်ချပြနိုင်ပါစေ အိန်ဂျယ်ရေ.. အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရိမြေ

ခင်မင်တာ သိပ်မကြာသေးပေမယ့် အရမ်းကို ခင်မိတယ် အမရေ...။
ဘာဖြစ်တယ်ဆိုတာ မသိပေမယ့် ကိစ္စတွေအကုန် အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။
မြန်မြန်ပြန်လာနော်.. မျှော်နေမယ်။

ခင်လျက်
ဂျွန်မိုး

မြန်မြန်ပြန်ရေးပါတော့ဗျို့....
ဒီမှာ ဟိုစကားပုံလို ဖြစ်နေပြီ...
"ကဏန်းညှပ်တာလူမသိ၊ မိအေးအော်တာလူသိနေပြီ"
မိအေးကလည်း အော်အော်နိုင်လွန်းးးးး
လွန်တယ်... :(:(

အဆင်ပြေပါစေကွယ်။ သတိရတဲ့ အခါ ဘလော့လေးကို ပြန်ပြန်လှည့်လာကြည့်ပေါ့ဗျာ။ နော။

စိတ်ချမ်းမြေ့ပါစေ။

ကွယ်...ဘယ်လိုအကြောင်းမျိုးနဲ့ပဲဖြစ်ဖြစ် စာသမားဟာ စာပေကိုမစွန့်နိုင်ပါဘူးလေ...တစ်ချိန်ချိန်မှာတော့ ဘလော့ရွာထဲကို ငါ့ညီမပြန်ရောက်လာဦးမှာပါ...အနှေးနဲ့ အမြန်ဆိုပေမယ့်...အမြန်ရောက်လာဖို့ပဲ ဆုတောင်းရမှာပဲ...

ပြန်လာမှာကို ယုံကြည်စွာစောင့်ကြိုနေမယ် ညီမလေးရေ... အစစအရာရာအဆင်ပြေဘို့ ဆုတောင်းပေးလိုက်ပါတယ်...

အဝေးကြီးကတောင် အလည်လာရတာဗျ။ အိမ်ရှင်က ဘယ်ကို... ဘာကြောင့်...?
ဘာပဲ ဖြစ်ဖြစ် ခဏ.. ခဏ အလည်လာလို့ အိမ်ရှင်ပြန်ရောက်.. မရောက် ချောင်းရဦးတော့မှာပေါ့..။
ရောက်တုန်းရောက်ခိုက်ကလေးတော့ အိမ်ထဲမှာမွှေနှောက်ပြီး စာနည်းနည်း မြည်းသွားလိုက်ပါဦးမည်။

အင် အစ်မ အိန်အိန် ခုမှ အစ်မစာတွေ ဖတ်ကောင်းတုံးကို ၊ မြန်မြန်ပြန်လာနော်

ဘာများဖြစ်လို့လဲ ညီမလေး။ ဘလော့ဂါတွေကို ပြောမသွားနိုင်ဘူးဆိုတော့လည်း မပြောပါနဲ့တော့လေ။ ဘယ်လိုပဲဖြစ်ဖြစ်အဆင်ပြေရင်ပြန်ဝင်ခဲ့ပေါ့။ ဘာပဲလုပ်လုပ်အားလုံးအဆင်ပြေချောမွေ့ပါစေလို့အစ်ကိုဆုတောင်းပေးပါတယ်။အစ်ကို့ဘလော့ကို ပုံမှန်လည်မယ့်သူတစ်ဦးတော့လျော့သွားပြီပေါ့။ အဲဒါကြောင့်ကိုး။ ဟိုးလွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက နိုင်ငံတွေ့ပြီး
comment တက်မလာခဲ့တာကိုး။ ဂရုစိုက်ပါညီမလေးရေ။

စာရေးကောင်းတဲ့ အိန်ဂျယ်ကို စောင့်နေမှာ...အိန်ဂျယ့်စာတွေကို ဖတ်ချင်တယ်..အဆင်ပြေရင် ပြန်လာခဲ့နော်..မျှော်နေမယ်..

စာရေးကောင်းတဲ့ညီမငယ်လေး အိန်ဂျယ်.
အကြောင်းတခုခုကြောင့် စာမရေးဖြစ်တဲ့ အချိန်အတွင်းမှာ စိတ်ချမ်းသာစွာနဲ့ လုပ်ကိုင်ရတဲ့ အလုပ်တွေမှာ အဆင်ပြေနိုင်ပါစေ။ စာရေးကောင်းတဲ့ ညီမလေးရဲ့စာကိုလည်း အမြန်ဆုံးပြန်လည်ဖတ်ခွင့်ရဖို့မျှော်လင့်ပါတယ်။ အစစအရာရာ အောင်မြင်ပါစေညီမငယ်လေး။
ချစ်တဲ့
သဒ္ဓါ

ကိုယ်ေ၇ာစိတ်ပါကျန်းမာချမ်းသာပါစေညီမ
နေရာဒေသမေ၇ွးအချိန်အခါမလပ်
ကောင်းကျိုးချမ်းသာတွေခံစားနိုင်ပါစေ။

အရှုံးပေး လက်မြှောက်တဲ့ စကားတွေ နောက်မကြားချင်ဘူး၊ ဒါပဲ..။

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More