http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Saturday, March 26, 2011

ငါ့ရင်ထဲက ရတီ















ညတစ်ညရဲ့
ဒဏ္ဍာရီအစ ခပ်တိုးတိုးတေးသွားနဲ့
လှပတဲ့သံဇဉ်တစ်ပုဒ် သဲ့သဲ့အကြားမှာ ဝရုန်းသုန်းကားနဲ့
ရင်တွေခုန်နေလိုက်တာ ငါကိုယ်ငါ ထိန်းချုပ်ဖို့ လစ်ဟင်းခဲ့ရာက စလို့ပေါ့..

စမ်းတဝါး
လျှောက်နေရတဲ့ ဘဝမို့ အချစ် ဆိုတာကို
လစ်လျူရူခဲ့ပါရဲ့နဲ့ တိတ်တိတ်ကလေး ဝင်လာတဲ့အရိပ်လေးက စိုးမိုးနေလိုက်တာ...

ညအမှောင်ထဲ လမ်းလျှောက်တယ်.. ဆိုပေမယ့်
သူ့မစိတ်ကြောင့် ထင်ပါရဲ့ အမှောင်ထဲမှာလည်း ပျော်နေမိတယ်....


အချိန်တန်
ရောက်လာနိုးနဲ့ မျှော်လင့်မိတဲ့
တမ်းတစိတ်က ရေရွတ်နေမိတာ သူမနာမည် ရတီရယ်တဲ့လေ..

ကာရံလဲမသိ၊ နဘေလဲနားမလည်နဲ့
ဆုံစည်းရန် တစ်ခုတည်းသာ မျှော်လင့်လို့ ရူးစေသလား ရတီ...


ဆေးရောင်စုံ ကင်းမဲ့တဲ့ နှုတ်ခမ်းထူထူလေးနဲ့
အားပါးတရ ရယ်မောတက်တဲ့ ပွင့်လင်းမှုတွေ အောက်မှာ
ကျရှုံးခဲ့ရတဲ့ နှလုံးသား တစ်စုံအတွက် ငါ ဂုဏ်ယူနေမိပြန်တယ် ရတီ...

နီးခြင်း၊ ဝေးခြင်း ကင်းတဲ့
ချစ်ခြင်းတွေနဲ့
ငါ့ရင်ခွင်ဟာ မင်းအတွက် နွေးထွေးစေရမယ် ရတီ

ဖေးမမှု၊ စာနာမှုတွေနဲ့
ကမ်းလိုက်တဲ့
လက်တစ်စုံ မင်းဘဝအတွက် လုံခြုံစေရမယ် ရတီ

တစ်ခုတော့ရှိတယ် ရတီ

နားဝင်မချိုတဲ့
စကားလုံးတွေအတွက်တော့
သည်းခံမှုနဲ့ နားလည်မှုတော့ ငါ့အတွက် ချန်ထားပါ ..

အရာရာ
မင်းအတွက်
အသင့်ဖြစ်စေမယ့်
ရင်ခွင်တံခါးတစ်ခု အသင့်ဖွင့်လို့ ငါစောင့်ကြိုနေပြီနော်...။

12 comments:

စကားလုံးချိုချို မသုံးပဲ ရင်ထဲက အချစ်စစ်တွေကိုပဲ ထုတ်ပြတော့မယ် ထင်ပ။

ညီမလေးရေ ကဗျာလေး လာဖတ်သွားတယ်နော်...

နီးခြင်း၊ ဝေးခြင်း ကင်းတဲ့
ချစ်ခြင်းတွေနဲ့
ငါ့ရင်ခွင်ဟာ မင်းအတွက် နွေးထွေးစေရမယ်
အဲဒီ စာသားလေးကို ကြိုက်တယ် ညီမရေ...
ရာဇာ(ကျေးတောသားလေး)

အရာရာ ကို ချစ်သူအတွက် အသင့်ဖြစ်စေမယ်လို့
ရဲရဲဆိုထားတဲ့အတွက် သူချစ်သူကိုဘယ်လောက်ထိချစ်လဲဆိုတာ
ပေါ်လွင်တယ် သူငယ်ချင်းရေ

"နားဝင်မချိုတဲ့
စကားလုံးတွေအတွက်တော့
သည်းခံမှုနဲ့ နားလည်မှုတော့ ငါ့အတွက် ချန်ထားပါ .." လိုလိုမယ်မယ် ပြောထားတာ ထင်ပါရဲ့။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

ကဗျာထဲက ရတီဆိုတဲ့ မိန်းခလေး ကံကောင်းလိုက်တာ
အချစ်ခံရတာ ကံကောင်းတာပါဘဲလေ
ကဗျာလေးကို ခံစားသွားတယ် ညီမလေးရေ

ကဗျာလေး အရမ်းနူးညံ့တယ် ညီမလေးရေ...

အင်း ..
ကာရံ နဘေ မသိပဲ စုံစည်းဖို့ ကိုပဲ
စောင့်နေမိတယ်ဆိုတဲ့ နေရာမှာ ရပ်ပြီး
စဉ်းစားမိသွားတာက တစ်ဖက်သတ်အချစ်
လို့  မြင်လာမိတယ်လေ..။

ညအမှောင်ထဲ လမ်းလျှောက်တယ်.. ဆိုပေမယ့်
သူ့မစိတ်ကြောင့် ထင်ပါရဲ့ အမှောင်ထဲမှာလည်း ပျော်နေမိတယ်....( ဒီနားလေး နည်းနည်းရှုတ်သွားတယ် ) ညီမလေး ။

ဆေးရောင်စုံ ကင်းမဲ့တဲ့ နှုတ်ခမ်းထူထူလေးနဲ့
အားပါးတရ………………

ကဗျာကိုခံစားသွားပါတယ်
ရတီကထိတယ်မိတယ်။

ကာရံလဲမသိ၊ နဘေလဲနားမလည်နဲ့
ဆုံစည်းရန် တစ်ခုတည်းသာ မျှော်လင့်လို့ ရူးစေသလား ရတီ...

ကြိုက်တယ်ဗျာ။ မိုက်တယ်။

အမကဗျာတွေကဖတ်ရတာအချိန်ကုန်ရတာတန်ဖိုးရှီတယ်
ခံစားချက်လေးတွေပါကိုယ်တိုင်ခံစားပြီးေ၇းထားလို့နဲ့တူတယ်
ဖတ်ရတာအရမ်းကောင်းတယ်အမ....

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More