http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Sunday, February 6, 2011

ပြန်လာခဲ့ပါမိုးရယ်

မိုးက သိပ်အေးတာပဲကွာ စကားလည်း မပြောဘူး ကိုယ်မိုးကို သိပ်အသဲယားတာပဲသိလား
ကျွန်တော်ရဲ့ အပြောကို မိုးက ပြုံးလျှက်
ကို ကလည်းနော် မိုးနေတက် သလို နေတာပဲကို အပြစ် တင်နေ ပြန်ပါပြီ
မဟုတ်ဘူးလေ မိုးရဲ့ သိပ်အနေအေး တော့လည်း မလိုလားအပ်တဲ့ ပြသနာ တွေ ဖြစ်လာတက်တယ် မိုးရဲ့ ပြောသင့်သလောက် လေးတွေတော့ ပြောပါ မိုးရဲ့
အင်းပါ ကိုရဲ့ မိုးပြောပါမယ့်နော် 
ပြောလိုက်ရင် အင်းပါအင်းပါ နဲ့ ပြိးရင် ဘာမှလည်းမပြောဘူး ရေငုံနှုတ်ပိတ် မလေး
ကိုက မိုးရဲ့ဦးခေါင်း လေးကိုချစ်စနိုး ပုတ်ရင်း မိုးရဲ့ ဆံနွယ်လေးတွေကို ဖွကစားနေရင်း ကိုရဲ့ ရင်ခွင်ထဲ တိုးဝင်နေမိရင်း 
ဒါပေမယ့်လည်း ချစ်တယ်မဟုတ်လား ကိုရဲ့
သြော်မေးတက်ပ မိုးရယ် ချစ်လို့လဲ ကိုက စိုးရိမ်နေတာပေါ့ မိုးကို အဆုံးရှုံး မခံနိုင်ဘူးဗျ သိရဲ့လား ခင်ဗျားလေးက မပွင့်တစ်ပွင့်လုပ် တော်ကြာ လူကြီးတွေ သိပြီး ပြသနာဖြစ်ရင် ကိုက ဘယ်လိုလုပ် ရမလဲ ဘယ်သူ့ကို အဖေခေါ် ရမလဲ ဖြစ်နေမယ် အဲဒါကိုရော ခင်ဗျားလေး တွေးကြည့်မိရဲ့လား
ကိုကလည်း အဲလောက်လည်း မစိုးရိမ်နေပါနဲ့ မိုးကကိုကိုယ် နယ်ကလိပ်စာ ပေးထားတာပဲဟာ ကိုသာ မိုးဆီရောက်အောင် လိုက်လာခဲ့
ဟာကွာ ပြောပုံကလည်း လွယ်လိုက်တာ မိုးရာ နေပါအုံး ကို့ကိုယ်ရော မိုးတစ်ကယ် ချစ်ပါတယ်နော်
ဟင် ကိုကလည်း ချစ်တာပေါ့ ကိုရ အရမ်းချစ်ပါတယ်ရှင့် ရပြီလား
အင်းပါကွာ ကို ကစိုးရိမ်တာ မိုးက မိုးနဲ့ခွဲရမှာ အကြောက်ဆုံးဗျ သိရဲ့လား
ကို့ ကစိတ်မချစွာပဲ မိုးကို တွေ့တိုင်း အနေအေးပြီး  စကားနည်းတဲ့ မိုးကို အမြဲ စိုးရိမ် တစ်ကြိးပြော နေကျပါ။ စိုးရိမ်မယ်ဆို လည်းစိုးရိမ်စရာပါ မိုးက နယ်ကနေ အလုပ်လာလုပ်တာလေ။ မိုးရဲ့ ဇာတိက တောင်တွင်းကြိး။ မိုးရဲ့ အကိုလတ်နဲ့ ကိုက သူငယ်ချင်းတွေမို့ အကိုလတ်က အိမ်ထောင်ကျ ပြိးရန်ကုန်မှာ အခြေချချင်သူမို့ သူငယ်ချင်းဖြစ်သူ ကိုရဲ့အိမ်အောက်ထပ် မှာငှားနေတာလေ။ အကိုလတ် နဲ့အတူ မိုးနဲ့ ညီမဝမ်းကွဲ  ထွေးကပါ အကိုလတ် ငှားနေတဲ့ အိမ်လေးမှာ အတူလိုက်နေဖြစ်ရင်း မိုးနဲ့ကို ကချစ်သူ တွေ ဖြစ်သွားကြတာလေ။ အကိုလတ် နဲ့ကိုက ပြောမနာဆို မနာ သူငယ်ချင်းတွေ ဆိုပေမယ့် မိုးနဲ့အခုလို ချစ်သူ ဖြစ်တာသိရင် အကိုလတ် ဘယ်လို နေမလဲ ဆိုတာ တွေးကြည့် လို့တောင်မရဘူးလေ။ အဲဒီတော့ ကို စိုးရိမ်နေသလို မိုးလည်း စိုးရိမ်နေ တာပါပဲ။
မိုးတို့မှာက မိဘတွေ မရှိတော့ တဲ့အတွက် မိုးက အစ်မအကြိးဆုံး နဲ့နေတာပါ။ အားလုံးအိမ်ထောင် ကျကုန်ပြိ ဖြစ်ပေမယ့် မိုးကို ကျတော့ ကလေးလိုပဲ အားလုံးက အသိမှတ်ပြု ထားကြတာလေ။ အခုလည်း အကိုလတ်က ရန်ကုန်မှာ အိမ်ထောင်ကျပြိး အိမ်ငှားနေနေ တာဆိုတော့ မမကြိးက မိုးကို အတွေ့အကြုံ ရအောင်ဆိုပြိး အလုပ်လာလုပ် ခိုင်းကာမှ အခုလိုကိုနဲ့ ချစ်သူတွေ ဖြစ်တာသိရင် မိုးတော့ မတွေးရဲ့ အောင်ပါပဲ။ ကို စိတ်ပူမှာဆိုးလို့ မပြောပေမယ့် မိုးလည်း စိတ်ပူနေတာပါ။
ဟေ့ ကောင်မလေး ဘာတွေတွေးနေပြန်ပြီလဲ မေးနေတယ်လေဗျာ ဟောကြည့်
ဟင် ဘာမေးတာလဲ ကို မိုးမကြားလိုက်ဘူး ကိုရဲ့
ကိုယ်ထင်သားပဲ မိုးဘာတွေ တွေးနေတာလဲဟင်
သြော် ကို ကိုလတ်သိ သွားရင် ဘယ်လိုလုပ်ကြမလဲဟင် ကိုနဲ့ ကိုလတ်က သူငယ်ချင်းတွေဆိုတော့
ကို ရှင်းပြမှာပေါ့ မိုးရဲ့ သူငယ်ချင်းရဲ့ ညီမကိုမှ ကိုယ် ကမြတ်မြတ်နိုးနိုး ချစ်မိနေတော့ နည်းနည်းတော့ မျက်နှာပူစရာပေါ့ ဒါပေမယ့်လည်း ရှောင်လွဲလို့ မှမရတာ တစ်နေ့နေ့တော့ ရင်ဆိုင်ရမှာပဲ ဆိုတော့ ကိုပြင်ဆင် ထားရမျာပေါ့ ဟုတ်ဘူးလား မိုး တစ်ခုခု ဆို မိုးသာ ကို့ဘက်က ရှိနေဖို့ လိုတယ်
အင်းပါ ကို မိုးကအမြဲတမ်း ကို့ဘက်က ရပ်တည်နေမှာပါ
အဲဒါကြောင့် ပြောတာမိုးရဲ့ ကိုယ်တို့ရဲ့ အချစ်ရေးက မဖြောင့်ဖြူးဘူးကွ အများကြိး ကျော်ဖြတ်ရမှာ ကောင်မလေးက နားလည်လား ခင်ဗျားလေး အေးတိအေးစက် ကျပ်ကျပ်လုပ် တစ်ကယ်ဝေး နေကြရမယ် သိလား
အင်းပါ ကိုကလည်း 
အဲဒီအင်းပါ အင်းပါ ကိုပဲ ကြောက်နေရတာဗျ  ပြောလိုက်ရင် အမြဲအင်းပါအင်းပါနဲ့ 
ဟွန်းနော် ကိုကလည်း မိုးက လိမ္မာပါတယ်ဆိုနော်
ဟုတ်ပါပြီဗျာ မိုးလိမ္မာတာ ကိုသိပါတယ် ဒါပေမယ့်လည်း ချစ်ရတဲ့သူဆိုတော့ စိုးရိမ်နေမိတာပါ မိုးရာ
ကို စိုးရိမ်နေသလို မိုးလည်းအတူတူပါ ပဲလို့မပြောဖြစ်တော့ပါဘူး ကိုနဲ့ထပ်တူ မိုးလည်း စိုးရိမ်နေ ရတာပဲလေ။ စကားတွေ အများကြိး ပြောနေမှာထပ် ကိုပြောသမျှလေး တွေနားထောင်ရင် ကို့ကိုယ် တစ်စိုက်မက်မက် ငေးမောကြည့် ရတဲ့ အခွင့်ရေး လေးကို မိုးသိပ်မက်မော ခဲ့တာပါကိုရယ်။
...............................။.........................................


အောင်အောင် ရန်ဖြစ်လာပြန်ပြီပေါ့လေ ဟုတ်လား
အိမ်ထဲဝင် ရုံရှိသေး အမေက အိမ်အပေါ်ထပ် ပြတင်းပေါက်မှ အော်ပြီးပြောတာမို့ ကျွန်တော်  မျက်လုံးက အောက်ထပ် ကငှားနေတဲ့ ကိုလတ်တို့ဆီ ဝေ့ဝဲ ကြည့်မိရင်း အရိပ်အယောင် တစ်ယောက်မှ မတွေ့တာမို့ အပေါ်ထပ်သို့ အသာလှမ်းတက်ဖို့ ပြင်ရင်း
အောင်အောင် ဘယ်သူနဲ့ဖြစ်တာလဲ ဘာဖြစ်တာလဲ သူငယ်ချင်း
အသံကြားရ လှည့်ကြည့်မိတော့ အမေရဲ့ ဆူသံကြောင့် နောက်ဖေးဘက်ကနေ ကိုလတ်ကြားပြိး ထွက်မေးခြင်းပါ။
သော်သော်ပါ ကိုလတ်ရာ ဗလိုင်းကြိး ရန်စတာနဲ့ နည်းနည်း ပညာပေးလိုက်တာ စိတ်ရှိတိုင်းသာ ထိုးရင် သေသွားမှာ အခုတောင် တော်တော်နာသွား လောက်တယ် ထိုးပြိးမှ စိတ်ထဲမကောင်းဘူး အဲဒါတောင် အဲဒီကောင်က အကြောမသေးဘူး
အင်းဒေါ်လေးတော့ ဆူတော့မယ် မင်းကို ငါလည်းကြားတယ် လာမလို့ပဲ နောက်ဖေးမှာ အလုပ်လုပ်နေတာ လေးမပြတ်သေးလို့ မမကြိးတို့လည်း အလည်ရောက်တယ်လေ ဒီနေ့
ဟုတ်လား ဧည့်သည် တွေရောက်တော့ ဟင်းကောင်းတာပေါ့ကွ ဟုတ်ဘူးလား
ကိုလတ်ကို ပြန်လည် ရှင်းပြရင်း ကျွန်တော် ခြေလှမ်းတွေကို အိမ်ပေါ် သို့ ခြေဦးလှည့် လိုက်ရင်း 
အမေဆီ သွားလိုက် အုံးမယ် ကိုလတ်
အင်းအင်း ညမှတွေ့မယ် သူငယ်ချင်း
အိုကေ
ကိုလတ်ကို နှုတ်ဆက်ရင်း ကဗျာကယာ အိမ်ပေါ်သို့ ပြေးတက်ရင်း ကိုလတ်တို့ဆီ အလည်လာတယ်ဆိုတဲ့ မမကြိး ရှိတဲ့ အချိန်မှ ရန်ပွဲဖြစ်ရတဲ့ အတွက် ကျွန်တော် ပိုလို့ ညစ်ရတယ်။ မိုးနဲ့ တွေ့ရင်တော့ မကြာခဏ ရန်ဖြစ်တဲ့ ကျွန်တော်ကို မိုးအပြစ်တင် နေအုံးမယ်ဆိုတာလည်း ကြိုသိနေလေရဲ့။ မတက်နိုင်ဘူးလေ ကျွန်တော်တို့ နေရဲ့ ရန်ကုန်မြို့စွန်က သာမန်ရပ်ကွက်လေးက တစ်အိမ်နဲ့ တစ်အိမ် အပ်ကျတာက သိကြတာမျိုးလေ။ အခုလို ရန်ပွဲ ဆိုတော့ ပိုတောင် သိနေကြအုံးမှာ။ တစ်ခြံတည်း တစ်အိမ်ထည်း အပေါ်ထပ် အောက်ထပ် နေတဲ့ မိုးတို့သိ တာကြတော့ အတိုင်းထပ် အလွန်ဆိုတာမျိုး ဖြစ်နေတော့ အင်းးးးး။
အောင်အောင် နင်ကတော့လေ အလုပ်ပိတ်ရက်လေးတောင် အေးအေးမနေနိုင်ဘူး ဟိုရန်ပွဲလဲနင် ဒီရန်ပွဲလည်းနင် တော်တော်ဟုတ်နေတယ်ပေါ့ နင်အိမ်မှာ မရှိတာကောင်းတယ် အလုပ်သွားနေတာ စိတ်ချမ်းသာတယ် ရပ်ကွက်ထဲလည်း နင်မပါရင် ပွဲမစည်ဘူး သူများဖြစ်လိုက် ကိုယ်တိုင်ဖြစ်လိုက်နဲ့ အလုပ်ကို ဟုတ်နေရောပဲ ခုဖြစ်တာ ကလေးနဲ့ဆို
ဟာဗျာ အမေကလည်း အဲဒီကောင်က ကလေးဆိုပြိး ကလေးလိုနေတာ မဟုတ်ဘူး ကျွန်တော်ကို လာစိန်ခေါ်တာဗျ အမေကလည်း ဘာမှမသိပဲနဲ့
ဟဲ့ ကြိးသူနဲ့ငယ်သူ ဖြစ်လာရင် သူများက နင့်ကိုပဲ အပြစ်ပြောမှာပေါ့ဟဲ့ ဒါလေးတောင် နားမလည်ဘူး ထမင်းအေးအေးဆေးဆေး မစားချင်ဘူးလား နင်ကိုယ့်ထမင်း ကိုယ်စားပြိး သူများအပြော ခံရမဲ့အလုပ်တွေ တော်တော်လုပ် သိလား
ပြောပစေအမေရာ အဲလိုပြောတဲ့သူတွေကကို ကိုယ်ထမင်းကိုယ်စားပြိး သူများအကြောင်း ပြောချင်နေကြတာ ပြောပစေ အမေရာ
နင့်ပြောလိုက်ရင် အဲလိုကြိးပဲ အသက်လည်း ၂၅ ရောက်နေပြီ ခုထိ ရန်ဖြစ်လို့ ကောင်းတုန်း လက်တွေမှာလည်း ကြိုးပေါင်းစုံနဲ့ တော်တော်လှနေတယ် အဲဒီတပ်ထားတဲ့ နားကပ်တွေ ဖြုတ်ပစ် ဆိုတာလည်း ငါ့စကားဆိုရင် အရာမဝင်ဘူး
အမေကလည်း တစ်ခါလာလည်း ဒါတွေပဲ ရန်ရှာနေတယ် မသိဘူးအမေရာ တော်ပြီ ရေသွားချိုးတော့မယ်
ပြောလည်းပြော ရေချိုးဖို့ ပြေးဆင်းသွားတဲ့ အောင်အောင်ကို ကြည့်ပြိး ဒေါ်သက်ထား သက်ပျင်းချနေမိတယ်။ အခုခတ် ကလေးတွေများ ခက်ပါ့ လူကြိးစကားလည်း နားထောင်ရမှန်း သိပ်မသိကြဘူး။ အငယ်ဆုံးသားလေး မို့ အလိုလိုက်တန်သလောက် လိုက်ထားတော့လည်း တစ်ခါတစ်ခါ အောင်အောင်က ဆိုးတက်တယ်။ ပင်ကိုယ် စိတ်ရင်းက အဲလောက်မဆိုးပေမယ့် အပေါင်းသင်း တွေနဲ့ဆိုရင် အောင်အောင်က တော်တော် ပြောရခက်တဲ့သူပါ။ သူရှိရင်လဲ ရှိသမျှ ပေးကျွေး ပြိးပေါင်းရဖို့လည်း ဝန်မလေးတက်ဘူး။ အခုလဲကြည့် ကိုလတ်မိန်းမခိုး လာတာကိုလည်း အိမ်ပေါ် တင်ထားသေးရဲ့။ သားသမီး(၅)ယောက် ဆိုပေမယ့် သမီး(၃)ယောက်က အိမ်ထောင်ကျ ကုန်ပြိး အကုန်လုံး ယောင်နောက် ဆံထုံးပါ ဆိုသလို အိမ်မှာ မရှိကြသလို သားကြိးဖြစ်သူက လည်း မလေးမှာ အလုပ်သွား လုပ်တာမို့ အိမ်မှာ အောင်အောင်နဲ့ သားအမိနှစ်ယောက် ထဲရယ်မို့ အောက်ထပ်မှာ ကိုလတ်တို့ မောင်နှမ တစ်တွေကို အိမ်ငှားသဘောမျိုး တင်ထားလိုက်တာ အဖော်လည်း ရဆိုတာမျိုးပေါ့။ အင်း ဘာမှန်းမသိတဲ့ ခတ်လူငယ်တွေရဲ့ ရှုပ်ရှက်ခက်နေတဲ့ လက်တွေမှာလည်း ကွင်းမျိုးစုံနဲ့ နားပေါက် ကလည်းဖော်ပြန်သေးတဲ့ လူငယ်တွေရဲ့ သဘောကို နားမလည် တိုင်း စိတ်ရှိတိုင်း ပေတေချင်နေတဲ့ အောင်အောင်ကို ပြောလို့လည်း မနိုင်ဘူး ဖြစ်ရတယ်။ ခပ်ပေပေ ကောင်လေး အောင်အောင်ရယ်လေ။
.......................။.................................
မိုး ပေး ကို့ကိုယ်မိုးရဲ့ ထမင်းချိုင့်
မိုးက ဘာစကား မှမပြော ကျွန်တော်လက်ထဲကို သူဆွဲထားတဲ့ ထမင်းချိုင့် လေးအသာ ထည့်ပြီး ထုံးစံအတိုင်း နှုတ်ဆိတ် နေပြန်တယ်။
မိုး ကိုယ့်ကို စိတ်ဆိုးနေတာလားဟင် မဆိုးပါနဲ့ မိုးရာ နောက်ဆို ကိုရန်မဖြစ်တော့ဘူးနော် နော်မိုး ကိုယ်ကတိပေးတယ်ကွာ ဒီတစ်ခါတစ်ကယ် ပြောတာမိုး ယောက်ျားကတိကွာ ကတိနော် မိုး
တစ်တွတ်တွက်ပြောနေတဲ့ ကို့ကိုယ် မိုးဘာစကား မှမပြောနိုင်ခဲ့ဘူး။ ကို ဘာပဲလုပ်လုပ် ကိုလတ်က အမြဲ သိနေသူမို့ တစ်ကယ်ပြသနာ ကြုံလာရင် မိုးနဲ့ကို့ကိုယ် သဘောကျဖို့ မရှိဘူးဆိုတာ မိုးသိနေတယ်လေ။ ကိုကလည်း ဖြစ်လိုက်ရင် အမြဲ အသဲသန်။ မမကြိး လာလည်ချိန်မှာမှ ရန်ပွဲက ဆိုက်ဆိုက် မြိုက်မြိုက် ဖြစ်ရတယ်လို့။
အောင်အောင်က ရုပ်လေးသနားကမား သန့်သန့်လေး နဲ့ ဆိုးလိုက်တာ သူ့ကြည့်ရင် အေးအေးဆေးဆေး နေပုံလေးနဲ့ မထင်ရဘူးနော်
လို့ တစ်ခါတစ်ရံမှ မိုးနဲ့ကိုလတ်ဆီ အလည်လာတဲ့ မမကြိးကတောင် ညကပြောနေလေရဲ့။
အောင်အောင်က စိတ်ရင်းတော့ ကောင်းပါတယ် မမကြီးရဲ့
မမကြိးရဲ့ အပြောကို ကိုလတ်က ဖြေဖျန်ပေးပေမယ့် မမကြိးရဲ့ အမြင်ကတော့ ပြောင်းလို့မရအောင် စွဲမြဲနေပြီမို့ သဘောမကျစွာပဲ မမကြိးက
အို အဲလိုတွေ ရန်ခဏ ခဏဖြစ်နေတာ သဘောမကျပါဘူး လက်တွေရော နားတွေမှာပါ ရှုပ်ရှက်ခက်နေတာပဲ 
ဟာဗျာ မမကြိးကလည်း အဲဒါကတော့ ခတ်လူငယ်မို့ပါ လူတိုင်း အဲလိုတွေ လုပ်နေကြတာကို
တော်ပါကိုလတ်ရယ် မဟုတ်တာတွေ လျှောက်ပြိး မင်းလည်းလုပ်ဖို့ မစဉ်းစားနဲ့နော် 
ခက်ပြီ မမကြိးကလည်း ကျွန်တော်က အိမ်ထောင်တောင် ကျနေပြီဟာ မမကြိးကလည်း
အေးပါ ငါလည်း မကြိုက်တာတွေ အိမ်ထောင်ကျ ပြိးပေမယ့် လုပ်မှာဆိုးလို့ပါ
အဲလိုမျိုး မမကြိးနဲ့ကိုလတ် ညကပြောတာတွေ အတိုင်းသားကြားနေ တဲ့မိုး ကို့ကိုယ် ဘယ်လိုများ ပြောရမှာပါလိမ့်နော်။ 
မိုးကကွာ အဲလိုမနေပါနဲ့ ကိုယ့်ကို စကားလေးဘာလေး ပြန်ပြောပါကွာ ကိုမနေတက်ဘူး မိုးရ နောက်မဖြစ်တော့ ပါဘူးဆိုနေကွာ ယုံပါကွာ နောက်တစ်ခါ ဖြစ်ရင် မိုးသဘောပါကွာ နော်မိုး
အင်းပါ ကိုရာ မိုးဘာပြောရမှန်း မသိလို့ပါ ညနေကျရင် မမကြိး တောင်တွင်းကြိးကို ညကားနဲ့ပြန်မှာ အဲဒါညကျရင် မိုးပြန်ရောက်တာနဲ့ လိုက်ပို့မှာ မှီမှမှီပါ့မလားမသိဘူး အလုပ်ကပြန်ရင်
မိုးရဲ့ မမကြိးက ကိုရန်ဖြစ်တာနဲ့ ပက်သတ်ပြီး ဘာပြောသေးလဲ 
 မမကြီးက ဘာပြောလဲဆိုတော့ ဘာမှမပြောပါဘူးကိုရ ဘာလို့လဲ
အင်း မပြောပေမယ့် သဘောတော့ ကျမယ်မထင်ပါဘူး ကိုယ်ကလည်းကွာ အမြဲပဲ ကျားရှေ့ ဆို မှောက်ရက်လဲ ဆိုသလို ဖြစ်နေပြိ ဟုတ်တယ်မလား မိုး
မိုးက ဘာပြောလို့ ရမှာလဲ ကိုလဲ နားလည်နေတာပဲဟာ  ကိုယ်တိုင်ပြင်မှပေါ့ ကိုရ အခုလို မိုးနဲ့ ကိုချစ်သူဖြစ်နေတာ ကိုလတ် မသိသေး လို့နော် သိရင် ဘာတွေဖြစ်မလဲ မိုးတော့ မစဉ်းစားရဲအောင်ပဲ
စိတ်မပူပါနဲ့ မိုးရာ ကိုနောက်မှာ မိုးက မားမားမတ်မတ် ရပ်တည်ပေးနော် 
အင်းပါကိုရာ
မိုးရဲ့ အင်းပါကြိးကလဲ ပျော့လိုက်တာမိုးရာ အားမရှိလိုက်တာ 
မိုးရင်ထဲက အပူတွေကို ကိုမှမမြင်နိုင်တာ ကိုရာ တော်ရုံစကားမပြော ဖြစ်ပေမယ့် မိုးရဲ့ အတွေးထဲမှာ မိုးတို့ရဲ့ရှေ့ ရေးတွေး ကြည့်တာတောင် အဆင်မပြောတာ သိနေတဲ့ မိုး ဘယ်လိုများ လုပ်ရပါ့မလဲကို။
မိုး အဲဒါဆို ညကျရင် မမကြိးကို ပြန်ပို့ဖို့ ကားဂိတ်ထိလိုက်ပို့  မှာပေါ့
အင်း ဟုတ်တယ်ကို ညကျရင် မမကြိးကို လိုက်ပို့မယ်
ကျွန်တော် မေးတာထပ် ပိုမဖြေတက်တဲ့ မိုးကို ကြည့်ပြိး ကျွန်တော်လည်း နားလည်ပါတယ်။ မိုး စိတ်ရှုပ်နေမယ် ဆိုတာ သိပါတယ်။ ကျွန်တော်ထပ် (၃)နှစ်ငယ် တဲ့ မိုးက ချစ်သူနဲ့ အုပ်ထိန်းသူတွေ ကြားမှာ စိတ်ရှုပ်ထွေးနေ မယ်ဆိုတာ ခံစားလို့ရပါတယ်။ ထိန်းနေတဲ့ ကြားကပဲ ပြသနာတွေကလည်း ဖြစ်ဖြစ်နေတော့ မိုးကိုလည်း တောင်းပန်ရတာ အားနာလှပြီ။ ဒီကြားထဲ မိုးနဲ့ကျွန်တော်သာ ချစ်သူတွေ ဖြစ်တာ ကိုလတ်သိ သွားရင် ဖြေရှင်းဖို့ အတွက်လည်း မျက်နှာပူနေမိတယ်။ ဘယ်ကဘယ်လို အစဖော်ရ မှန်း မသိဘူး။ ချစ်ရသူနဲ့ ဝေးဖို့တော့ မဖြစ်နိုင်ပါဘူး မိုးရယ်။
ကို အဲဒါ မိုးရဲ့ တောင်တွင်းကြိးက လိပ်စာ လိုရမယ်ရ ယူထား တစ်ခုခုဆို ကိုလိုက်လာလို့ရတာပေါ့
မိုးပေးတဲ့ စာရွက် ဖြူဖြူလေးမှာ လက်ရေး ဝိုင်းဝိုင်းလေး တွေနဲ့ မိုးရေးထားတဲ့ တောင်တွင်းကြိး လိပ်စာ လေးကို အသာဖြန့် ကြည့်ရင်း ကျွန်တော် ရင်လေးနေမိတယ်။ တစ်ခုခုကိုများ ကြိုသိနေတာမျိုး လားမိုးရယ်။ 
.........................။.......................
မနေ့က အိမ်အဝင်က ခုံတန်းလေးမှာ ထိုင်နေတဲ့ မိုးရဲ့ လက်ထဲကို စာရွက် အခေါက် သေးသေးလေး  မသိမသာ ထည့်ပေးပြိး အိမ်ထဲ သို့ ဝင်သွားတဲ့ ကို။ ကိုရေးထားတဲ့ စာရွက်ခေါက် လေးကို ဖွင့်ပြိး မိုးဖတ်တော့ 
သို့....
          ချစ်ရတဲ့မိုး
မနက်ဖြန် ကိုတို့ နှစ်ယောက်လုံး အလုပ်နားပြိး လျှောက်လည် ကြမယ်နော်
ကိုလည်း အလုပ်လို့ ပြောလိုက်မယ် မိုးလဲအလုပ်လို့ ပြောပေါ့
မိုးက ကျွမ်းပါတယ်နော် မနက်ဖြန်မှ ကိုတို့တွေ့ကြမယ်နော်
ချစ်တဲ့ မိုးရဲ့
ကို...
စာလေးက တစ်ကယ်တိုတိုလေးပါ။ မိုးနဲ့ ကို အပြင်လည်ဖို့ဆိုရင် အဲလိုပဲ စာသေးသေးလေး ခေါက်ပြီး ဘယ်သူမှမှ မသိအောင် ကိုက မိုးရဲ့လက်ထဲထည့် ပေးပြိး မိုးနဲ့ကိုနဲ့ချိန်းပြိး လျှောက်လည်နေကျလေ။ အခုလည်း မနက်ဖြန် ဖို့ မိုးကို အသိပေးတဲ့ ကိုက မိုးနဲ့လမ်းမှာ တွေ့ရင်တောင် ပြုံးပြရုံထပ် မပိုပါဘူး။ အနေထိုင် ပိရိလို့လည်း ခုချိန်ထိ ဘယ်သူမှ မိုးနဲ့ကို့ကို ချစ်သူတွေလို့ မရိပ်မိကြဘူးလေ။ အပေါ်ထပ် အောက်ထပ် ဇတ်လမ်းလေးထဲမှာ မိုးနဲ့ကိုတို့ မကြာခဏ လည်ဖြစ်နေတဲ့ ဒီလို ရက်မျိုးဆို ရင်ခုန်ကြည်နှူးဖို့ကောင်းသလို ကြောက်လည်း ကြောက်ဖို့ကောင်းပါတယ်။ အသိတွေ တွေ့မှာဆိုးတာက တစ်ကြောင်း ကိုလတ်နဲ့တိုးမှာက တစ်ကြောင်း နဲ့ ဘေးရန်ကင်းကင်း အိမ်ပြန်ရောက်မှပဲ သက်ပျင်း ရဲရဲချ ရဲတဲ့ဘဝပါ။အင်း ကြုံရအုံးမယ် ရင်ခုန်ရသော နေ့တစ်နေ့။ ချစ်သူနဲ့လျှောက်လည်ရလို့ ပျော်ရွင်မှု ၊တစ်စုံတစ်ယောက်နဲ့ ကြုံတွေ့မှာဆိုးလို့  ထိတ်လန့်ရတဲ့ ခြောက်ခြားမှု၊ အသိတွေတွေ့ရင် ဝိုင်းကြိးပတ်ပတ် ပြေးသလို ၊အတူတူပုန်းတိုင်း ကစားသလို ရင်ခုန်စရာတွေနဲ့ ပြည့်နှပ်နေတဲ့  နေ့ရက်လေးတွေမှာ ချစ်ရတဲ့ ကိုနဲ့ မိုး အင်းကြုံရအုံးမဲ့ စိန်ပြေးတမ်းပွဲလေးတစ်ခုပေါ့ကို။
..................................။......................
 ကိုလတ် ငါ ဘာပြော ရမှန်း မသိဘူး 
စကားသာ ပြောနေရတယ် ကျွန်တော်ရဲ့ စကားသံ တွေထစ်အလို့ နေတာ စိတ်လှုပ်ရှားမှု ကြောင့်ဆိုတာ အသိသာကြိးပါ။ အခုလို နေ့မျိုး ကြုံကြိုက် လာမယ်ဆိုတာ သိနေပေမယ့် တစ်ကယ်တမ်း ကြုံ တွေ့လာတော့ ဘာပြောရမှန်း မသိအောင် ဆွံ့အ နေမိတယ်။ ကိုလတ်ရဲ့ မျက်နှာ အကဲခတ် ဖို့နေနေသာ အခုနေ ကိုလတ် ထိုးရင်လည်း ငြိမ်ခံနေဖို့ စဉ်းစားပြိးသား။ 
မင်းတို့ ကြာပြီလား 
တိတ်ဆိတ်နေတဲ့ ကျွန်တော်တို့ နှစ်ယောက်ကြားကို ဖြိုခွင်းလိုက်တာ ကိုလတ်။
အင်း ကြာပြီဆိုပါတော့ မိုးကိုယ် ကိုယ် နှစ်နှစ် ကာကာ ချစ်တာ ကိုလတ် မိသားဖသားပီပီ တောင်းရမ်း လက်ထပ်ယူမှာပါ အဲဒါ ငါ ဟိုလို စိတ်မျိုးနဲ့ မဟုတ်ပါဘူး
ငါ နားလည်ပါတယ် အောင်အောင် ငါတို့ စဉ်းစားကြတာပေါ့ ခုတော့ ငါလည်း ဘာလုပ်ရမှန်း မသိသေးဘူး မနက်ဖြန် ငါတောင်တွင်းကြိး သွားမယ် ဘာပဲပြောပြော မမကြိး သိသင့်တယ် သူ့ကိုဖွင့်ပြောပြိး ငါတို့ ဘာဆက်လုပ်ကြ မလဲ ဆက်ဆွေးနွေး ကြတာပေါ့ အောင်အောင်
ကိုလတ်ရဲ့ အပြောကို ကျွန်တော် ခေါင်းငြိမ့် လိုက်ရုံက လွဲပြိး ဘာမှမတက်နိုင်ခဲ့ဘူး။ အခုလို အေးအေးဆေးဆေး ဖြစ်သွားတာ ပဲကျေးဇူးတင်ရမလိုပါပဲ။ မိုးနဲ့ ကျွန်တော်လည်တာ ကိုလတ်က ကားပေါ်က လှမ်းမြင်သွားခြင်းပါ။ ဘာပဲဖြစ်ဖြစ် တစ်ရက် ရက်တော့ ဒီလိုကြုံရမှာ သိနှင့်နေပြိးသားမို့ စိတ်ထဲက ပြင်ဆင်ခဲ့ ပါရဲ့နဲ့ လက်တွေ့ ကြုံလာတော့ ကျွန်တော် တုန်လှုပ်ခဲ့ရတာ နားလည်မှု ရှိတဲ့ ကိုလတ် ကြောင့် ကျွန်တော်တို့ ပြသနာမဖြစ်တာမို့ စိတ်ထဲက ကျေးဇူးတင်နေမိတယ်။ ကျွန်တော်နဲ့ ကိုလတ် ပြန်အလာကို စောင့်မျှော် နေကြတဲ့ မျက်လုံးပေါင်းများစွာ ကို အိမ်ထဲကို ဝင်လိုက်တယ် ဆိုရင်ပဲ ဟန်မပျက် ဝင်လာတဲ့ ကျွန်တော်တို့ နှစ်ယောက်ကြောင့် မိုးလွှာချပြိး အိမ်ထဲဝင် သွားတဲ့ မိုးကို ကြည့်ရင်း အခုချိန်ဆို မိုးလည်း သောက ရောက်နေရောပေါ့ လို့ တွေးပြိး စိတ်မကောင်း ဖြစ်ရတယ်။ အားတင်းထားပါ မိုးရယ်လို့ပဲ ကျွန်တော် စိတ်ထဲက တိုးတိတ်စွာ တောင်းပန်နေမိတယ်။
.......................။.................................
အခြေနေတွေ ရှုပ်ထွေးနေလို့ ဒီရက်ပိုင်း မိုးရဲ့မျက်နှာလေး ကိုတောင် မတွေ့ရဘူး။ မိုးတို့ရဲ့ မမကြိးကို ကိုလတ် ဖုန်းဆက်ခေါ်တဲ့ အတွက် နောက်နေ့ဆိုသလိုပဲ လိုက်လာတာကြောင့် မိုးတို့အိမ်မှာ ဘယ်လိုတွေ စီစဉ်နေကြ လဲမသိပေမယ့် ကိုလတ်ရော မိုးရော ကျွန်တော်ရော အရာအားလုံးက နည်းနည်းတော့ ခပ်အေးအေးနဲ့ ခပ်တန်းတန်းလေး ဖြစ်နေကြတာမို့ အားလုံး တစ်မျိုးတော့ ဖြစ်နေကြတာပေါ့။ ဒီနေ့ဆို မိုးနဲ့မတွေ့တာ (၃)ရက်ရှိပြီ။ တစ်အိမ်ထဲ ဆိုပေမယ့် ကျွန်တော် ပြန်ရောက်ချိန် ဆို မိုးရဲ့အရိပ်ယောင်တောင် မတွေ့ရအောင် မိုးဘာတွေများ လုပ်နေပါလိမ့်။ အကိုတွေ အမတွေရဲ့ သြဇာအောက်မှာ အနေအေးပြိး စကား သိပ်မပြောတဲ့မိုး လွန်ဆန်ဖို့ သတ္တိရှိပါ့မလား။အတွေးတွေနဲ့ ယောင်ချာချာ အိမ်ပြန်လာရင်း အဝင်ဝမှာ မိုးနဲ့အတူ မိုးရဲ့မမကြိး ခရီးဆောင် အိတ်တွေနဲ့ ။ကျွန်တော် ရုတ်တရက် အံ့သြရင်း စကားစဖို့ အားယူလိုက်ရင်း
မမကြိး ကျွန်တော် စကားနည်းနည်း လောက်ပြောလို့ရမလား
ကျွန်တော်ရဲ့ အပြောကို မိုးက စိုးရိမ်တကြိး လှမ်းကြည့်ရုံမျှသာ။ မိုးရဲ့ မမကြိးနဲ့ ကိုလတ်က တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြိး ခေါင်းငြိမ့်ရင်း အိမ်ရှေ့ ခန်းလေးမှာ ထိုင်ဖြစ်ရင်း ကျွန်တော်ကပဲ စတင်ပြိး
အခု မိုးကို ပြန်ခေါ် သွားတော့ မယ် အဲလိုလား မမကြိး
အင်း အောင်အောင် မိုးက ငယ်သေးတယ်လေ အဲဒါကြောင့် ချက်ချင်းကြိး လက်ထပ် ဖို့ကြတော့လည်း မဖြစ်သေးဘူး ပြိးတော့ မမကြိးတို့ အားလုံးက မိုးအရမ်းငယ် နေသေးတော့ ဒီမှာ ဆက်ထားဖို့ လည်း ဘယ်လိုပဲ တွေးတွေး မသင့်တော် ဘူးလေ အဲဒါကြောင့်ပါ အောင်အောင်
ကျွန်တော် မမကြိးရဲ့ အပြောကို ဘာမှပြန်မပြောပဲ မိုးကို ကြည့်လိုက်မိတယ်။ မိုးကတော့ မျက်လွာချ ရင်းမသိချင်ယောင် ဆောင်နေတာလား တစ်ကယ်ပဲ ဟန်မပျက်ပါဘူး။ သူလည်းပဲ အကိုတွေအမ တွေကြောင့် နေရခက် ဒုက္ဒရောက်နေ မယ်ဆိုတာ ကျွန်တော် တွေးမိရင်း လက်ထဲက ထမင်းချိုင့် လေးကို အသာချထားခဲ့ပြိး 
ကျွန်တော် ကားဂိတ် လိုက်ပို့ ပရစေ မမကြိး
လို့ခွင့်တောင်းတော့ မမကြိးက
အင်း လိုက်ပို့ လေ အောင်အောင် အပြန်ကျ ကိုလတ်လည်း အဖော်ရတာပဲ ဟာ
လို့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုခဲ့လို့ အဲဒီနေ့က မိုးနဲ့မမကြိးကို ကားဂိတ်ထိ လိုက်ပို့ ပေးခဲ့ပေမယ့် မိုးနဲ့တော့ စကားမပြော ဖြစ်ခဲ့ပါဘူး။ ကျွန်တော် ရဲ့အတွေး ထဲမှာတော့ မိုးပေးခဲ့တဲ့ တောင်တွင်းကြိးက လိပ်စာ စာရွတ်လေး ကို မြင်ယောင် နေမိရင်း..။။။။
.....................။.........................
ကျွန်တော်ရဲ့ ဒေါသတွေ ခံနိုင်ရည် ဆိုတာထပ် နောက်ဆုံး အထွတ်အထိပ် ရောက်ခဲ့လေတော့ ပေါက်ကွဲခဲ့မိလေပြီ။ မိုးကို ပြန်ခေါ်သွားပြိး (၆)လ လောက်ကြာတော့ ကျွန်တော် အမေကိုတောင် အသိမပေးပဲ မိုးရှိရာ တောင်တွင်းကြိးကို လိုက်သွားခဲ့တော့ မိုးက တောင်တွင်းကြိးမှာ ရှိမနေခဲ့ဘူးလေ။ မိုးရဲ့အစ်မအငယ် ရှိတဲ့ မိုးကုတ်ကို ပို့ ထားတယ်ဆိုတဲ့ သတင်းကြောင့် ကျွန်တော်လည်း ဆက်မလိုက် တက်တော့ တာကြောင့် ရန်ကုန်သို့ ပြန်လာခဲ့တော့ တိုက်တိုက်ဆိုင်ဆိုင် ကိုလတ်ရယ် ကျွန်တော်ရယ် မမကြိးရယ်။ ကျွန်တော်ကို အလိမ္မာ အချိုသတ်ပြိး မိုးကို ငယ်သေးလို့ပါ ဆိုတဲ့ အကြောင်းပြချက် နဲ့ ကျွန်တော်နဲ့ အဝေးဆုံးကို  ပို့ရက်လေခြင်း။ ဒေါသနဲ့ အရှက်ကြောင့် အသားတွေ တစ်စက်စက် တုန်အောင် စိတ်တွေပေါက်ကွဲ ကျွန်တော် ထိန်းချုပ်ခဲ့သမျှ အရာမဝင်ခဲ့တော့ဘူးလေ။ 
ဒီမှာ အောင်အောင် မင်းလိုကောင်နဲ့ ငါတို့ညီမကို သဘောမတူနိုင်ဘူး အဲဒါကြောင့် အခုလို အဝေးပို့ လိုက်တာ နားလည်လား
အဲဒါဆို မမကြိး အစကတည်းက ရှင်းရှင်းလင်းလင်း ပြောခဲ့သင့်တာပေါ့ နေပါအုံး ကျွန်တော်လို့ကောင်လို သဘောမတူနိုင်ဘူး ဆိုရအောင် ကျွန်တော် ဘာဖြစ်နေလို့ ခင်ဗျားတို့ကရော ဘာမို့လို့လဲ
ဒေါသရဲ့ စိတ်စေရာ အောက်မှာ  ပထမတော့ ကျွန်တော်နဲ့ မမကြိး နောက်တော့ ကိုလတ်ပါ ပါလာတော့ သူငယ်ချင်းဆိုတာ ပျောက်ပြိး လက်တွေပါ ပါခဲ့ရတော့ အဲဒီနေ့ ကကျွန်တော်တို့ ရပ်ကွက်လေးထဲမှာ ကျွန်တော်တို့အိမ်လေးက ဆူညံသွားခဲ့ လိုက်တာ နောက်နေ့ မနက်လင်းတာနဲ့ ကိုလတ်တို့ လင်မယားရော မမကြိးပါ ကျွန်တော်တို့ အိမ်က ဆင်းသွားကြတယ်လေ။ ဖြစ်ပြိးမှ ရှက်လွန်းလို့ ကျွန်တော်လည်း အိမ်မှာ မနေတော့ပဲ မူဆည်မှာ အိမ်ထောင်ကျ နေတဲ့အစ်မငယ် ရှိရာသို့ စိတ်ညစ်ညစ်နဲ့ ထွက်ခဲ့မိတယ်။ အဲဒီကနေ တစ်ဆင့် အိမ်ပြန်ဖို့ မာနတွေ အရှက်တွေ နာကျည်းချက်တွေ ကြောင့် အိမ်ကို တော်တော်နဲ့ မပြန် ဖြစ်ခဲ့တာ အခုဆို အိမ်ပြေး တစ်ယောက် အဖြစ်နဲ့ နေခဲ့တာ နှစ်ပေါင်း အတော် ကြာခဲ့ပြီလေ။
အခုချိန်ထိ မိုးရဲ့ သတင်းအစန လည်းမရတော့ဘူး။ မိုးလည်း  ကျွန်တော်ကို စိတ်ကုန် သွားလောက် ရောပေါ့။ သူဘက်က ဆက်သွယ်မှသာ  ဘယ်ဆီမှာ ရှိမယ်ဆိုတာ မသိနိုင်တဲ့ ကျွန်တော် အတွက် မိုးရေ လွမ်းနေရုံပါပဲ ကိုကတော့။ ခုချိန်ဆို မိုးတစ်ယောက် အိမ်ထောင်များ ကျနေပြိလား။ ကို့လို့ မိုးခေါ်ခဲ့တဲ့ ကျွန်တော် ကတော့ အခုချိန်ထိ မိုးရေတွေ ထဲမှာ တစ်ကိုယ် တည်း လျှောက်နေမိဆဲပါပဲ။ ရေမြေခြား လည်းလွမ်းနေ ရဆဲပါမိုး။ မိုးနဲ့ ပုံစံတူတဲ့ မိန်းခလေး တွေဆို မိုးများ ဖြစ်နေမလားလို့ ရောက်ရာအရပ်မှာ ရှာဖွေ နေမိဆဲပါမိုး။ အခုချိန် မိုး နားကျည်း နေမလား။ မေ့နေမလား မသေချာပေမယ့် ကို့ရင်ထဲ မှာတော့ မိုးက ဒီနေ့အထိ ရှင်သန် နေဆဲပါမိုး။ ယုံကြည်ချက်သာ ရှိနေမယ် ဆို မိုးရေ ကိုယ့်ရဲ့ ရင်ခွင်ဟာ မင်းတစ်ယောက်ထည်း အတွက်ရယ်ပါလို့...။ ကြိုလင့်နေတဲ့ ရင်ခွင်မှာ ခိုလှုံသူ မဲ့နေဆဲမို့. ပြန်လာခဲ့ပါ မိုးရယ်.......။
(ကျွန်မရဲ့ကိုတိုင်ရေးဝထ္ထုလေးအား အားပေးကြတဲ့သူငယ်ချင်းများအားလုံး ပတ်ဝန်ကျင်ရှိသက်ရှိသက်မဲ့

တွေနဲ့အတူ ထာဝရပျော်ရွင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း..

Written By Anglehlaing )

2 comments:

ညီမလေးရေ
လာလည်ခွင့်ရတဲ့ အတွက်
အရမ်းဝမ်းသာပါတယ်ကွယ်
ဆက်လက်အောင်မြင်ပါစေနော်..
အားပေးနေပါ့မယ်
Candle Lay

မိုးရေ ငါ့ကိုလေ ဂိုးခွင့်ပေးပါတော့
နင့်ရဲ့ဝေးဝေးမှာ ဆိုးဆိုးဝါးဝါးလွမ်းနေတယ်သိလား။။။။။
အမရေ့ လွမ်းချင်တိုင်းကိုလွမ်းနေတော့တာပဲနော။။။။ဟိဟိ။။။။

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More