http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Friday, January 7, 2011

ငါလွမ်းနေလို့ပါ....

ထိန်းချုပ်ထားပါလျှက်နဲ့
ဆုံစည်းချင်နေတဲ့မျှော်လင့်ခြင်းတွေကို
ဆုံးမဖို့အင်အားမရှိတဲ့အခါ...ငါရင်မှာမျက်ရည်မိုးတွေဝေခဲ့ပြန်ပြီလေ...။

ချစ်အောင်သင်ပေးတဲ့တရားခံဟာ
ကိုယ်ကိုတိုင်ပါလို့ မင်းပြောခဲ့သလို ...
ကိုယ်ကိုလည်း  ချစ်တက်ခဲ့အောင်မင်းပဲသင်ပေးခဲ့တာလေ...။

အတန်တန်မှားနေလျှက်နဲ့
ခါးပါတယ်ဆိုတဲ့အချစ်ကို
မြည်းစမ်းဖို့ ငါနောက်တစ်ကြိမ်အသဲကွဲရအုံးမှာလား.......။


ဘဝကကြမ်း
စိတ်ကနွမ်းနဲ့ ဒီတစ်ခါလည်း
ငါလွမ်းရအုံးမယ်ထင်ပါရဲ့......။

1 comments:

မမ...ကဗျာလေးကိုခိုက်တယ်သိလား..အရမ်းကောင်းတယ်

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More