တစ်နေ့နေ့ကြုံလာမယ်ဆိုတာ
သိနေပေမယ့် ကြိုတင်မပြင်ဆင်မိတဲ့
ငါကပဲမှားသလား....
ထွက်ခွာဖို့အဆင်သင့်ဖြစ်နေတဲ့
နင်ကပဲမှန်သလား...
ဝေခွဲမရပေမယ့်
ငါ့တို့နှစ်ယောက်စလုံး..
နာကျင်နေတာကိုတော့
နင်သိပါတယ်နော်......
တစ်ခါတစ်ရံ
နှုတ်ဆက်ခြင်းဆိုတာ
ဖွင့်ပြောကျောခိုင်းခြင်းထပ်
တိတ်တဆိတ်ထွက်ခွာခြင်းက
ပိုမိုထိရောက်တာ..
...........သိနေပေမယ့်လည်း
ဖွင့်ပြောကျောခိုင်းခြင်းကို
မျှော်လင့်နေခဲ့မိတာ
မှားတယ်လို့ ဆိုမှာလား...
ရက်စက်တယ်လို့ အပြစ်တင်မှာလား...

0 comments:
Post a Comment