http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Thursday, December 23, 2010

ကဗျာဆရာသို့....

ဘဝတွင်အလှသည် အဓိက
အလှဟုဆိုရာတွင်လည်း
အလှ၌ အချစ်သည် တည်သောကြောင့်ဖြစ်သည်။
အလှတွင်တည်သောအချစ်ကိုတွေ့ရခြင်းသည်
ဘဝ၏ ပြင်းစွာသောမျှော်လင့်ချက်ပင်....တဲ့ကဗျာဆရာ..
မိုက်ရူးရဲဆန်တာဖြစ်ကောင်းဖြစ်ပေမယ့်
ဘာတစ်ခုမှမပိုင်ဆိုင်ဘူးဆိုပေမယ့်
မင်းရင်ထဲက ဒသနတွေဟာ
ခံစားတက်သူ ငါ့အတွက်
ထာဝရ ရသမြောက်ပါတယ် ကဗျာဆရာ..
ချွေးထွက်များတဲ့ အသိဥာဏ်ဟာ
အဘိဓမ္မာဆရာထပ် ပါးနပ်တယ်တဲ့....
မခံစားတက်သူတွေအတွက်ကဗျာဆိုတာ
ပန်းတစ်ပွင့်အဖြစ်ခံစားဖို့မလွယ်ကူပေမယ့်
ကဗျာတစ်ပုဒ်ဖြစ်ဖို့အတွက်ကဗျာဆရာရဲ့ဖန်တီးမှုက
အသက်သွေးကြောဆိုတာ နားလည်ပါတယ်ကဗျာဆရာ......
ဒါပေမယ့် နှလုံးသားဆိုတာ
ကဗျာဆရာဖန်တီးလိုက်တဲ့ ...
ကဗျာတစ်ပုဒ်လို...စိတ်ကြိုက်ဖြစ်ဖို့
မလွယ်ဘူးဆိုတာ မသိလေသလား...ကဗျာဆရာ....

0 comments:

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More