http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Thursday, December 23, 2010

မချစ်တက်သေးသောချစ်သူအတွက်

ငါ့နှလုံးသွေးနဲ့ရေးတဲ့ကဗျာတွေကို
ခပ်သောသောရယ်မောရင်း
သွားစမ်းပါ...ဒါတွေကလက်တွေ့မဆန်ပါဘူးတဲ့


ငါ့အကူညီလိုရင်အဆင်သင့်ရှိပြီး
ပွင့်လင်းဖော်ရွေတဲ့သူငယ်ချင်းတွေကို
သွားစမ်းပါ...ဒါတွေကအပေါ်ယံဟန်ဆောင်မှုတွေပါတဲ့....


ငါစိတ်ညစ်လို့ဝမ်းနည်းကြေကွဲချိန်
စိတ်ပျက်စွာရူံ့ချညည်းညူရင်း
သွားစမ်းပါ..ဒါတွေကအရေးမပါတာတွေပါတဲ့....


စိတ်ဝင်စားမှုတွေစုစည်း
ရင်ခုန်သံတွေတည်ဆောက်
အချစ်ဆိုတာပေါ်ပေါက်မှ
Sorry....တဲ့လား...


ချစ်ခြင်းဆိုတာ
ပိုးသားလိုနူးညံ့
ဝတ်ရည်လိုချိုမွှေး
စမ်းရေလိုအေးမြ
တစ်ခါတစ်ရံ
ခြင်သေ့တစ်ကောင်လိုလည်းရဲ့ရင့်ပါတယ်တဲ့...



တစ်ကယ်ဆို..
မင်းမချစ်သေးတာပါချစ်သူ.....

0 comments:

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More