ဘယ်တော့မှပြန်မတွေ့ချင်လောက်အောင်
မုန်းခဲ့မယ်ဆိုရင်...
အခုလိုသုံးနဲ့လေးလိုကျောခိုင်းနေဖို့
မလိုပါဘူး...ချစ်သူ
အဝေးဆုံးပြန်မဆုံမယ့်လမ်းကို
ရွေးချယ်ခဲ့ပြီးမှ...
ဘာအတွက်နဲ့များပေးခဲ့ဘူးတဲ့ဂတိဆိုတာကို
စောင့်ထိန်းနေမှာလဲ...ချစ်သူ<!--more-->
ရင်ခုန်သံတွေရှိနေသေးတယ်လို့
ယုံကြည်တယ်ဆို...
မာနဆိုတဲ့တံတိုင်းကိုချိုးဖြတ်ပြီးလာခဲ့ဖို့
ပြန်လှည့်သင့်ပါတယ်....ချစ်သူ
သိပ်မဝေးတော့တဲ့ကာလတစ်ခုမှာ
ပြန်မဆုံနိုင်လောက်တဲ့အတိုင်းတာတစ်ခုထိ
ဒို့နှစ်ယောက်တစ်ကယ်ဝေးသွားကြမယ်ဆိုရင်
မာနတွေဟန်ဆောင်တင်းထားရင်းနဲ့
ပြိုပျက်ကြေကွဲနေမယ့်နှလုံးသားနှစ်စုံကို
သိလျှက်နဲ့ဘာအတွက်နဲ့များ
ကျောခိုင်းဖို့ကြိုးစားနေမှာလဲချစ်သူ...
တစ်ကယ်လို့များချစ်သူရယ်
ကိုယ်မရှိပဲမင်းပျော်ရွင်နေခဲ့မယ်ဆိုရင်...
ကိုယ်ငိုကြွေးနေသည့်တိုင်
ကျေနပ်နေမှာပါ...
အကြောင်းပြချက်မဲ့စွာမင်းအကောက်လေး
ကိုယ်ရဲ့Gtalk မှာစိမ်းနေသေးတာ
ဘာအတွက်လို့များ
ပြောချင်သေးတာလဲဟင်.....

0 comments:
Post a Comment