http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Saturday, August 31, 2013

Happy Blog Day

သြဂုတ်လ (၃၁)နေ့ဟာ ဘလော့ဂါများနေ့ တဲ့။



တစ်ကယ်ဆို ဘလော့သက်တမ်းအရ ... ( ၃ ) နှစ်သမီးတောင် မပြည့်သေးတဲ့ နှစ်နှစ်ကျော်ကျော် လမ်းလျှောက်တတ်တဲ့ အရွယ်လေးလို့ ပြောရမှာပါပဲ။ ကလေးငယ်တစ်ယောက် အနေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တီတီတာတာနဲ့ အတော်လေး ချစ်စရာကောင်းနေမယ့်  အရွယ်လေးပဲလို့ ဘာရယ်မဟုတ် တွေးမိပြီး တစ်ယောက်တည်း ပြုံးလို့ သဘောတွေ ကျနေမိတယ်။ ဒီပို့စ်လေး ရေးဖြစ်အောင် တင်္ဂပေးတဲ့ အကိုရန်အောင်ကိုလည်း ကျေးဇူးပါလို့..:) သတိတရ ရှိနေပေးတဲ့အတွက်ပါ။ 


အိန်ဂျယ်ရဲ့ ဘလော့လေးကိုတော့ ၂၃.၁၂.၂၀၁၀ မှာ စတင်ရေးဖြစ်ခဲ့တာပါ။ ခုဆိုရင် ဘလော့ဒေးကို ပါဝင်ဆင်နွဲခွင့် ရခဲ့တာ သုံးကြိမ်မြောက်လို့ ဆိုရမှာပါပဲ။ ဘလော့မှာ မရေးခင်က နိုင်ဆိုဒ်တွေ တော်တော်များများမှာ ဟိုရေးဒီခြစ် လုပ်ခဲ့ပေမယ့် ကိုယ်ပိုင် ဘလော့လေးလောက် တည်ငြိမ်မှု၊ ပျော်ရွင်မှု မရရှိခဲ့တာအမှန်။ အိန်ဂျယ့်ရဲ့ နုနယ်သေးတဲ့ ဘလော့သက်တမ်းလေးမှာ အမှတ်ရစရာ အမှတ်တရတွေ အများကြီး တည်ရှိနေတာကို ကြည့်ရင် သက်တမ်းရင့် ဘလော့တွေမှာဆိုရင် လို့..အတွေးဝေမိတော့ ဘာရယ်မဟုတ် လွမ်းတတ်သူ ပီပီ အလွမ်းတွေ ဝေသွားတယ်။ 

ဝမ်းနည်းစရာ၊ ဝမ်းသာစရာတွေနဲ့ အတူ အမှတ်ရစရာ တစ်ချို့တွေ တည်ရှိနေတဲ့ ဘလော့လေးဟာ ဘယ်လောက်ကြာကြာ ပစ်ခဲ့၊ ထားခဲ့၊ သော်လည်း ပြန်လာချိန်မှာ အစဉ်အမြဲ နွေးထွေးနေဆဲပဲမို့ အသစ်တွေ ဘယ်လောက်ကောင်းကောင်း အဟောင်းက တလည်လည် ဆိုသလိုပါပဲ။ စာအပုဒ်ရေ အနေနဲ့လည်း ဘယ်လောက်မှ မရှိသလို စာရေးကလည်း ကျဲကျဲလာနေတဲ့ ကိုယ့်အခြေနေက အတော်လေး ဆိုးဆိုးရွားရွားပါပဲ။ ဒီဘလော့လေးမှာပဲ ရိုးရှင်းတဲ့ ပျော်ရွင်မှုတွေနဲ့ ရူးသွပ်ခဲ့ရဖူးတဲ့ ညနက်နက်ဟာ အိမ်လွမ်းသူတစ်ယောက် အတွက်တော့ အမောပြေ ရေချို အေးအေးလေး တစ်ခွက်ပါပဲ။

ဘလော့ဒေးရဲ့ ထုံးစံ အရဆို ဘလော့အသစ်လေးတွေကို ညွှန်ပေးရမှာဖြစ်သော်လည်း ကိုယ်တိုင် ဘလော့နဲ့ အလှမ်းဝေးနေတဲ့အခါ ပြုလုပ်ရမယ့် ဝတ္တရား တစ်ခု လိုအပ်နေသလိုမို့ အပြစ်ရှိသလို ခံစားရတယ်။ တစ်ကယ်ဆို ဘလော့နဲ့ ဝေးခဲ့တာ မထင်မှတ်ပဲ အတော်လေး ကြာသွားခဲ့တာကြောင့်ပဲ ဖြစ်မယ် ထင်ပါတယ်။ ဝါရင့် ဘလော့ဂါကြီးများရဲ့ ဘလော့ဒေးအမှတ်တရတွေကို ဖတ်ရတာနဲ့ပဲ ဒီတစ်နှစ်ရဲ့ ဘလော့ဒေးအတွက် အတော်လေး ကျေနပ်မှုတစ်ခု ရလိုက်တာကပဲ ကြည်နှုးစရာ တစ်ခုလို့ ယူဆရမယ်လေ။

အကြောင်းအမျိုးမျိုးကြောင့် ဘလော့နဲ့ ဝေးနေကြတဲ့ ဘလော့မောင်နှမတွေကို သတိရရင်း ..တစ်နှစ်တစ်ခါ ကြုံဆုံရတဲ့ ဘလော့ဒေးမှာ .... အားလုံးသော မောင်နှမ တစ်တွေအတွက် Happy Blog Day ပါလို့.. :)))

လေးစားစွာဖြင့် 

အိန်ဂျယ်လှိုင်

7.36 PM (Austria)

Saturday, August 31, 2013 

16 comments:

Blog Day က တကယ့် Blogger ကြီးတွေ အတွက် တကယ့် ... အမှတ်တရပါပဲ ... ကျွန်တော်တို့များတော့ .... ရင်သပ်ရှုမော ... အံ့သြမှင်သက်နေဖို့ ပဲ .... သက်ဆိုင်မိတယ် ထင် ...... :)

Happy Blog Day ညီမ...
ဘာပဲ ဖြစ်ဖြစ် Blog Day မှာ အမှတ်တရ စာလေးတပုး ရေးဖြစ်သွားတာ ဝမ်းသာစရာနော်...း-)

အမှတ်တရ စာလေးရေးဖြစ်တာကိုက ပျော်ရွှင်ကြည်နူးစရာပဲ ညီမလေး...။
ပို့စ်လေးတွေ လိုက်ဖတ်ရင်း ပျော်ရွှင်ရတယ်...။
ဟက်ပီးဘလော့ဂ်ဒေးးးး ညီမလေး :))

Happy Bloggers Day ပါ ညီမ အိန်ဂျယ်... စာလေးအမှတ်တရ ရေးဖြစ်သွားတာကိုက အမှတ်တရလေးတစ်ခုပါပဲ. MMBlog Digest မှာ Share ပေးဖို့ပါ တစ်ခါတည်း မသွားလိုက်တယ်နော်.

Yan.

သုံးနှစ်သမီးလေးကလဲ ဘလော့အိမ်ပေါ်က ခဏခဏ ပျောက်နေတယ်။ အသက်ကငယ်ငယ် ခြေထောက်က ခပ်ရှည်ရှည်ထင်ပါရဲ့။း)

လာလည်သွားပါတယ် အမရေ

HAPPY BLOG DAY ပါ အိန်ဂျယ်ရေ.

Happy Blog Day !!!
နောက်ကျသွားတယ်။

Happy Blog Day ပါ မအိန်ဂျယ်ရယ်..း)

ချစ်ခင်လျက်
ဆုမြတ်

ကိုယ်စီကိုယ်ငှ တာဝန်၊ ဝတ္တရားတွေကြားမှာ အားလုံးနီးပါးလည်း ဒီလိုပဲ ပျောက်လိုက်၊ ပေါ်လိုက်နဲ့ ပါ ညီမရေ...၊ စိတ်ရှိနေသေးတာ၊ အမှတ်တရနေ့မှာ အခုလို ကြိုးစားပြီး စာလေးတစ်ပုဒ် ရေးလိုက်တာကပဲ ဝမ်းမြောက်စရာ မဟုတ်လား..၊း)

ပျော်ရွှယ်စရာကောင်းတဲ့ ဘလော့ဂ်ဒေး ဖြစ်ပါစေ ညီမအိန်ဂျယ်ရေ....။

ညီမရေ...
အမှန်ပဲ.. ဘလော့မရေးတာ ကြာရင် အပြစ်ရှိသူလို ခံစားရတယ်။ ဒီနှစ်ဘလော့ဒေးက အခုလို အသက်ဝင်လာတော့ ဘလော့ဂါအားလုံး အရင်ကလို စာတွေ ပြန်ရေးဖြစ်ကြမယ်ထင်တယ်နော်....

ညီမအိန်ဂျယ်ရေ..
ကွန်နက်ရှင်ကြောင့် ပထမ ကွန်မန့်လေး မတက်ဘူးထင်လို့ ထပ်ရေးလိုက်တယ်။ ခင်မင်ဖွယ်ရာ ညီမလေး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ ဘလော့ရေးနိုင်ပါစေကြောင်း ဆုတောင်းပေးပါရစေ..။

ပေါ်လိုက် ပျောက်လိုက် အိန်ဂျယ်လေး...
Happy Belated Blog Day !

တီတီတာတာ ပြောတတ်တဲ့ သုံးနှစ်သမီးလေး သိပ်မပျောက်နဲ့တော့နော်...


"Happy Blog Day" လို့ အခုမှပဲ ပြောပရစေ ...

တားလည်းတိလိုက်ရဝူးးးး
ဟက်ပီးဘလော့ဂ်ဒေးးးး ညီမရေရရ
သူများဒေးးးးးးတိုင်းးးးးးးးးးလိုက်ဒေးးးးးရိုက်တာ :P :)

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More