အသက်ရှူ မမှားကြေး
ဝင်မလာခင်အခိုက်အတန့်လေးမှာ
အသက်ကို ဖျော့တယ်ဆိုယုံလောက်လေးပဲ
ရှူ
ရှိုက်
ခဲ့
ခေါင်းလေးကိုပါ ဘယ်ညာခါယမ်း
လှစ်ဟာပြမယ်လို့ဆိုသော ဒီသုညအက္ခရာငယ်လေး
သူ သေ သွား ပြီ။
ဂျစ်တိုက်တက်တဲ့ လောကနဲ့ အနုအရွ မပါတဲ့ ရသ
ပေါင်းစပ်ပြီး အတွေးတွေ ခဝါချ၊
ပြာကျလဲ နင်ကတော့ ပြုံးလျက်ပဲ။
ယုံနိုင်စရာ မရှိပေမယ့် သူပုံပြင်ဆန်ခဲ့တယ်၊
ဘ၀မှာ ရုပ်သေးရုပ်တွေ ဘယ်လောက်တောင်များခဲ့လည်း
နောက်စေ့တည့်တည့်မှာ ရောင်ခြည်တန်းလေး
ဝေ့ကာ ၀ိုက်ကာ သူဖြာကျနေလျက်လေး
လွယ်လင့်တကူ အိပ်ယာနိုးခဲ့တယ်။
မာနတွေ လှောင်တိုက်သွင်း
ဆူးခင်းလမ်းကိုမှ ရွေး
အနုအရွ မရှိတဲ့ စရိုက်ကြမ်းကြမ်းနဲ့
လောကကို အရွဲ့တိုက်ဖို့
ပဝါပါးပါး တစ်ချက်
အသင့်ရှိဖို့တော့ ကောင်းတယ်။
မလည်မ၀ယ်မဟုတ်ဘူး အမှန်တကယ်လည်းမဟုတ်ဘူး
ကန်ပတ်လမ်းမှာ လူသတ်မှုဖြစ်တုန်းက ဆို့ကနဲဖြစ်ပေါ်လာတဲ့
ခံစားချက်။
ကြားပါတယ် ရှင့် လို့ဆိုအပ်သော တယ်လီဖုန်းသံ သဲ့ သဲ့
တိတ်စမ်းတော့ အပိုအလိုနဲ့ မပိုမသာလေး
ခပ်သော့သော့ နှင်လိုက်စမ်း။
စောင့်နေလိုက် အဲ့ဒီမှာ ထိုင်သာဆောင့်နေလိုက်
နွေရာသီ မကုန်မချင်း။
ရံဖန်ရံခါ ဝင်ရောက်လာ တက်သလို
မုန်တိုင်းပဲ ထန်တော့မလို ကမ္ဘာပဲ ပျက်တော့မလို
စကားလုံးဆန်းဆန်းတွေနဲ့ ငါ့ရာဇဝင် ကိုပိုင်စားလို့
အတ္တတွေ မြေခ တယုတယမဆန်လဲ
အနတ္တ ဘဝမို့ ဆန်းတယ်လို့ မပြောတော့ပါဘူး
ဇာတိ(ဖျာပုံ) + angelhlaing
11:00PM
14 comments:
ညီမရေ ကဗျာဖတ်သွားတယ်နော်...
ဖျာပုံဆိုတော့ လေဘေးထည်တွေ ပေါမှာပေါ့...:P
စတာနော်...
ကဗျာလေးကို ဖတ်သွားပါတယ်ဗျာ...း)))
ခင်မင်လျက်
နေ၀ဿန်
အမရေ့ အဲဒီအရေးအဖွဲ့တွေဘက်မှာ အမမကျွမ်းဘူးလို့ထင်တယ်။။။
ကျွမ်းကျင်ရာမှာလိမ္မာပါအမရေ့။။။
စကားလုံးအမာတွေ အမသုံးရတာအဆင်ပြေပုံမရဘူး။။။
ဘာပဲဖြစ်ဖြစ် အားပေးသွားပါတယ်။။။။။။။။။။။
ဟုတ်တယ်လင်းသစ်ရေ...
သူကဖိတ်လို့လေ ငြင်းတာလဲ မရဘူး
ရေးသာ ရေးရတာ စိတ်တိုင်းလည်း မကျဘူး
အမှတ်တရ အနေနဲ့ ရေးပေးလိုက်တာလေးပါ။
လိုင်းမတူ မူကွဲ ဘာမှန်းမသိတဲ့ ကဗျာလေ...:P:P
ကန်ပတ်လမ်းဆိုတော့ မေမြို့ကထင်လို့၊ နောက်မှာ ဖျာပုံကဖြစ်နေတယ်၊
ကဗျာလေးခံစားသွားတယ် ဖတ်လို့လည်းကောင်းတယ်၊
ဖျာပုံသူရေ..ဧရာဝတီသား ကဗျာခံစား သွားသဗျာ
ကောင်းပါတယ်။ ကဗျာလေးက။ အားလုံးမဟုတ်ပေမဲ့ ကြိုက်တဲ့ စကားလုံးတွေ များတယ်။ နောက်တစ်ခါ ထပ်ရေးရင် ဒီထက် ပိုကောင်းမယ်ဆိုတာ လက်စွမ်းကို ကြည့်တာနဲ့ သိတယ်။
ပျော်ရွှင်ပါစေ ညီမ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
အင်း..
တိုလွန်း ပေမယ့်  စဉ်းစားစရာတွေများနေသလိုပဲဗျ။
ကျွန်တော်ကပဲ မမှီ တာဖြစ်မှာပါ..။
စာ နဲ့  ကဗျာကတော့ မတူဘူးထင်တာပဲ။
ကဗျာက ဘောင်ကျဉ်းကျဉ်းလေးထဲမှာ ညှစ်ပြီးရေးရတာ။
စာကတော့  ကွင်းပြင်ကျယ်ကြီးထဲမှာ ထွက်ရေးရသလိုပဲလေ..။
ဒါပေမဲ့  စိုက်ထုပ်ရတဲ့  အားပမာဏ ကတော့  အတူတူပဲထင်..။
သုညအက္ခရာလေးသေသွားပေမယ့်
တို့ရှိသေးတယ်နော်...
ကဗျာလေးဖတ်ဖြစ်တယ်..နည်းနည်းတော့သိသလိုမသိသလိုလိုပဲ
မအိန်ဂျယ်လှိုင်းရေ (လှိုင်းလား လှိုင်လားမသိလို့)
စာလာဖတ်ပါတယ် ရှင်
ပျော်ရွှင်ဖွယ်နေ့လေး ဖြစ်ပါစေနော်
ကဗျာလေး လာဖတ်သွားပါတယ်....သိပ်ပြီးတော့ နားမလည်ဘူးဗျ....ပျော်ရွှင်ပါစေဗျာ...
ကဗျာလေး လာဖတ်သွားတယ် ..
တစ်ချို့နေရာတွေ နားလည်ပေမယ့်
တစ်ချို့နေရာတွေ နားမလည်ဘဲနဲ့ ဖတ်ပြီး
ပြန်သွားတယ် ..
ခင်မင်လျှက်
ဆောင်းနှင်းရွက်
မာနတွေ လှောင်တိုက်သွင်း
ဆူးခင်းလမ်းကိုမှ ရွေး
အနုအရွ မရှိတဲ့ စရိုက်ကြမ်းကြမ်းနဲ့
လောကကို အရွဲ့တိုက်ဖို့
ပဝါပါးပါး တစ်ချက်
အသင့်ရှိဖို့တော့ ကောင်းတယ်။
:)) မနေ့ကတည်းက လာပြီး မန့်ပါတယ်း)) အီးမေးအကောင်ပေးမှ ၀င်လို့ရမယ်ဆိုလို့ အချိန်မရတာနဲ့ ဂိုဂယ်ကို ဒေါကန် စိတ်ထဲက အော်ချင်ရာ အော်ပြီး ပြန်သွားတယ် ။ ဒါနဲ့ ဒီနေ့မှ လာပေးဖြစ်တယ်း)))
အရေးအသားပိုင်းမှာ အားနည်းနေပေမဲ့ ခံစားချက်ထားပြီးရေးတဲ့နေရာမှာတော့ ဒေါ်မိလှိုင်တို့က ဘယ်တော့မှာ အားမနည်းပါလားနော်း))
ဟိုသီချင်းထဲကလို ဟက်ထိတယ် ဟက်ထိတယ် . . . . ဟက်ထိတယ် ဟက်ထိတယ်
ခံစားချက်ကို မိမိရရ ထိရှသွားပါကြောင်း
အကိုဗညား
ကဗျာလေး လာဖတ်ပါတယ်ညီမရေ
အစ်မတို့လို ကဗျာကို မရေးတတ်သူအဖို့တော့ သူများရေးထားရင် အားကျစရာတွေပါဘဲ။
ကိုယ်တိုင် ချရေးကြည့်တော့မှ ကဗျာတစ်ပုဒ်ဖြစ်လာဖို့
အတော်ခက်တယ်လို့ နားလည်သွားမိတယ်..
ရေးတတ်သူတွေကို ချီးကျုးပါတယ်
Post a Comment