http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Wednesday, March 23, 2011

နားလည်သင့်ပြီ ဧကရီ
























ချစ်တယ်
ဆိုတဲ့
စကားထက်
လေးနက်မယ့်
အသုံးနှုန်းရှိမယ်ဆို
ငါပြောလိုက်ချင်တယ်

မာနတွေ
ခဝါချ
အတ္တတွေဖယ်ရှားပြိး
အချစ်တစ်ခုထဲနဲ့
သန့်သန့်လေး ရပ်တည်ချင်ခဲ့တာ..

ခုတော့
ကျားဆိုတာကိုမှ
ကစားပွဲလို ကစားချင်သူ
ကဝေပျိုကြောင့် သစ္စာ၊မေတ္တာ၊
ဥပေက္ခာတွေ အရောင်ပြောင်း ကုန်မှာစိုးပါရဲ့ ဧကရီ။


လမိုက်ညရဲ့
ငိုညည်းသံတွေကြားမှာ
မျှော်လင့်ချက်တွေ အရောင်မှိန်သွားအောင်
ကျေးဇူးပြုပြိး မလှည့်စားပါနဲ့...

ယောက်ျားတစ်ယောက်အတွက်
နားလည်ပေးနိုင်မှုဆိုတာ
မျှဝေခံစားခွင့်
မဟုတ်ဘူးဆိုတာ
နင်သိဖို့ကောင်းပါရဲ့ ဧကရီ။

ရှိုက်သံမဲ့
မျက်ရည်တွေ
မြစ်တစ်စင်း
ဖြစ်နေတာတောင်
ငါဆိုတဲ့ကောင်က
လည်းစင်းပေးဖို့ ကျန်သေးတယ်ဆိုတဲ့
အတွေးနဲ့ အသက်ရှုဖို့ မေ့လျှော့နေခဲ့တယ် ...

တန်ဖိုးဆိုတာ
လိုအပ်သူ အတွက်
ဈေးကောင်းဖြစ်နိုင်ပေမယ့်
အရိုင်းတစ်ကောင်ရဲ့ အသည်းမို့
လက်နှီးစုတ်တောင် မလုပ်ချင်တာမျိုးလား ဧကရီ။

ပြုံးရယ်နေတဲ့
နင့်ရဲ့ အပျော်တွေ
ပျောက်မှာကို ငါ့အသက်ပျောက်မှာထက်
ပိုစိုးရိမ်မိလို့ အသဲခွဲတမ်း ကစားတာ ရပ်လိုက်ပါတော့....

နှလုံးသွေးနဲ့
ပြည့်လျှံနေတဲ့
အသည်းတွေကိုမှ
အရုပ်လုပ်တမ်း ကစားချင်နေတဲ့
ဆပ်ကပ်သမားရဲ့ ဝိညာဉ် ကိန်းအောင်းနေတဲ့ နင့်ကို မှ
လမ်းမခွဲပဲ အသည်းခင်းပေးဖို့ ဝိုင် တစ်ခွက်နဲ့ အသင့်စောင့်နေခဲ့တာ
တော်ရုံပြင်ဆင်မှု မဟုတ်ခဲ့တာ နားမလည်ရင်လဲ ခွင့်လွတ်ဖို့ ငါရင်ဘတ်က အသင့်အနေထား နဲ့ပါ ဧကရီ။

19 comments:

ဝါးးးးးးးးးးးးးး
ငါ့အမကဒီလိုလည်းရတာပါပဲလား။။။။
ရင်ဘတ်ကိုတည့်ကြီးထိတယ်အမရေ။။။။
အရမ်းကိုမိုက်ပါတယ်။။။။
လင်းသစ် နှစ်၂ခြိုက်၂ ကို အားပေးသွားတယ်ဗျာ။။။။။။။။။။။။။။

ညီမလေးရေ အရေးသွက်လှပါလား။ ကဗျာလေး ဖတ်သွားတယ်နော်။
အားပေး သွားတယ်။
ရာဇာ(ကျေးတောသားလေး)

ကောင်းတယ်ဆိုတဲ့စကားထက် လေးနက်တဲ့အသုံးအနှုံးရှိမယ်ဆိုရင် ဘုန်းဘုန်းပြောလိုက်ချင်တယ် ဒီကဗျာလေး သိပ်မိုက်တယ် အိန်ဂျယ်လှိုင်ရေ...ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

တန်ဖိုးဆိုတာ
လိုအပ်သူ အတွက်
ဈေးကောင်းဖြစ်နိုင်ပေမယ့်
အရိုင်းတစ်ကောင်ရဲ့ အသည်းမို့
လက်နှီးစုတ်တောင် မလုပ်ချင်တာမျိုးလား ဧကရီ။

ဒီအပိုဒ်လေး အခိုက်ဆုံးပါ အန်တီလေးး))))

စာလုံးပေါင်းပြင်ပေးမယ် ဆရာလုပ်တာမဟုတ်ဘူးနော် ( ဆရာလေးပဲ လုပ်မှာလို့ ပြောမလို့ ဒါနဆန်ပါရှင်း))))) )


ချစ်တယ်ဆိုတဲ့ စကားထပ် ( ထက်ပါ )
ဆက်ကပ်သမား ( ဆပ်ကပ်သမား )

အကို ထင်တာ ပြောခဲ့တား)) မှန်တာမမှန်တာ အဘိဓါန် ပြန်ကြည့်ဦးမယ် ဟားဟား အခုတော့ ရမ်းသန်း ပြင်ပေးခဲ့ပါတယ်း)))

ခင်မင်စွာဖြင့်
ဗညား

ကဗျာလေး ဖတ်သွားတယ် ညီမရေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကဗျာလဲ ဖတ်သွားသည်။ ၀က်ထု ဒွေဠဲ ဖတ်သွားပါသည်။

ြ့ဖည်းဖြည်းရေးပါ အန်တီရယ်... သားတို့မှာ ဖတ်ရတာမောလို့..။

ရေးလိုက်တာနော်..

အကိုဗညားရေ...သတ်ပုံတွေ ပြင်ထားလိုက်ပြိနော်..
အဟီး ..အဲလိုပဲ ညီမလေးက :P:Pကျေးဇူးပါအကိုရေ။
(မိုးယံ)အကိုရေ ညီမလေး ဖြေးဖြေးရေးမယ်နော်...:D

အော်..
ပြုံးပျော်နေတဲ့ နင့်ရဲ့ အပြုံးတွေပျောက်မှာကို၊
ကိုယ့် အသက်ပျောက်မှာထက်တောင် စိုးရိမ်တယ်..
ရသမျှတော့  လိုက်ခံစားကြည့် ပါတယ်။
အတိသရဝုတ္တိ အင်္လကာ လို့ ပဲ ထင်ချင်ပါတယ်..။

မာနတွေခဝါချ အတ္တတွေဖယ်ရှားပြီး
အချစ်တခုတည်းနဲ့ သန့်သန့်လေး
ရပ်တည်ချင်ခဲ့တာ}

ဝညာဉ်ကိန်းအောင်းနေတဲ့နင့်ကို
လမ်းမခွဲပဲ အသဲခင်းပေးဖို့ ဝိုင်တခွက်နဲ့အသင့်စောင့်နေခဲ့တာ}

ကြိုက်တယ် အားပေးသွားတယ်နော်

ဝတ္ထုလည်းရေးကောင်းသလို ကဗျာလဲကောင်းကောင်းရေးနိုင်တယ်နော်
ညီမလေးက သိပ်တော်တာဘဲ။
ကဗျာထဲက ကောင်လေးရဲ့ ချစ်ခြင်းကတော့ လေးစားစရာပါ။
ပေါ်လွင်အောင်ဖွဲ့ထားတာကို သူနဲ့ ထပ်တူခံစားလိုက်ရတယ်

ဝတ္ထုလည်းရေးကောင်းသလို ကဗျာလဲကောင်းကောင်းရေးနိုင်တယ်နော်
ညီမလေးက သိပ်တော်တာဘဲ။
ကဗျာထဲက ကောင်လေးရဲ့ ချစ်ခြင်းကတော့ လေးစားစရာပါ။
ပေါ်လွင်အောင်ဖွဲ့ထားတာကို သူနဲ့ ထပ်တူခံစားလိုက်ရတယ်

ကဗျာ အရေးကောင်းတယ်နော်။ သေသေချာချာဖတ်သွားပါတယ်။

စာတွေ တင်သာမက
ကဗျာမှာပါ
ဖွဲ့သလောက်
ကောင်းနေတာမို့...ညီမရေ
အသင့်အနေအထားနဲ့ပါဗျာ.....။

ကဗျာလာဖတ်ခဲ့တာပါ။ အားပေးနေပါ့မယ်။

ကဗျာကောင်းလေး တစ်ပုဒ်ဖတ်ခွင့် ရခဲ့တာပဲ။ ဟုတ်တယ် ရိုးရိုးလေးပေမဲ့ ချစ်တယ်ဆိုတဲ့ စကားထက် လေးနက်တာ မရှိနိုင်ပါဘူး။

ညီမ ရေ ကဗျာလေးရေးထားတာတော်လိုက်တာ။
လာရောက်ဖတ်ရှု့ ခံစားအားပေးသွားကြောင်းပါ။

တန်ဖိုးဆိုတာ
လိုအပ်သူ အတွက်
ဈေးကောင်းဖြစ်နိုင်ပေမယ့်
အရိုင်းတစ်ကောင်ရဲ့ အသည်းမို့
လက်နှီးစုတ်တောင် မလုပ်ချင်တာမျိုးလား ဧကရီ။

သည်တစ်ပုဒ်တော့ရှယ်ပဲ အိန်ဂျယ်..။

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More