ကြည့်စမ်းကြည့်စမ်း တွယ်တာ နင်အသက်လေးမှ(၁၂)နှစ်ပြည့်မလို့ရှိသေးတယ်
မိန်းခလေးသူငယ်ချင်းတွေ ဘာတွေနဲ့ တော်တော်ဟုတ်နေပါလား..ဟင်
မဟုတ်ပါဘူးမမကြိးရဲ့ သား...မသိဘူးသူတို့ကို
ဘာမဟုတ်ရမှာလဲ သူတို့ကအခုဘယ်ကလဲ မဟုတ်ရင် လာခေါ်မလား
အိမ်တိုင်ရာရောက် ...
မမကြိးရဲ့ဆူပူမှုကို မမလေးကပါ အားဖြည့်ပေးနေတာမို့ ကျွန်တော်ရေငုံနုတ်ပိတ်လုပ်နေလိုက်တယ်။ အဲလိုမှမဟုတ်ရင် အဆင်သင့်ဘေးမှာဝိုင်းနေတဲ့ အစမ(၃)ယောက်နဲ့ ကျွန်တော်ဒီနေ့ ဘယ်လိုမှ အဆင်မပြေနိုင်တဲ့ အပြင် ဆပ်ဖျင်းဖျင်းကျောက ဒဏ်ရာပေါ်က နာကျင်မှုမျိုး ထပ်မရောက်လာဘူးလို့ အာမမခံနိုင်တာမို့ တည်နေတယ်ဆိုတဲ့ အနေအထား ထပ်ကျော်လွန်စွာ စူပုတ်နေမိတဲ့ ကျွန်တော်။ ငယ်စဉ်ကတည်းေ ကြာက်ခဲ့ရသော ဒီအစ်မ(၃) သုံးယောက်ကြားမှာ ကျွန်တော် မလုပ်သာခဲ့သလို တာဝန်ကိုယ်ဆီနဲ့ေ မကြိးရောဖေကြီးပါ အိမ်မှာမရှိတာမို့ ဒီအစ်မတွေနဲ့ ပဲနေ့စဉ်ဖြတ်သန်းရတဲ့ ကျွန်တော်ဘဝ တစ်ကယ်တော့မလွယ်ပါဘူး။ အပြစ်တစ်ခုခုဆို ဝိုင်းပြိးအပြစ်တင်ဖို့လောက် အဆင်သင့်ရှိနေကြတဲ့ အတွက်ကျွန်တော်မှာ အပြစ်ကင်းအောင်နေနေရင်းနဲ့ ကိုပြသနာက မဖိတ်ခေါ်ပဲ အိမ်ရောက်အောင် လာခဲ့တာလေ။
ကျောင်းက ဆရာမက ကျောင်းသားအားလုံး မဖြစ်မနေနဲ့ အချိန်ပို ခေါ်တာနဲ့ ပါက်သတ်ပြီး ကျွန်တော်အိမ်ကို မပြောခဲ့တဲ့ ပြသနာက အစပြုပြိး အခုလိုဖြစ်ခဲ့တာလေ။ အိမ်မှာလည်း မမကြိးရော မမလေးရော မမငယ်ကပါ အလျှင်းသင့် သလိုအမြဲစာပြ ပေးနေတဲ့အတွက် ကျွန်တော်အတွက် ကျူရှင်မလိုတာ သိနေတဲ့ ကျွန်တော်။အခုလို ဆရာမက တက်ရမယ် ဆိုတော့ ကျွန်တော်ကြောက်ပြိး မပြောခဲ့ တာလေ။ ကိုယ်အိမ်အကြောင်း ကိုယ်ပဲသိနေတာ ဆိုတော့ ပြောလည်း အချည်းနှီးဖြစ် မှာသိနေတာမို့ မပြောခဲ့တာ။ တစ်ကယ်တက်ရမယ့် နေ့ကြတော့ ကျွန်တော်မသိတဲ့ မရွှေချော နှစ်ယောက်က အိမ်ကိုလာခေါ် တဲ့အချိန်မို့ ပြသနာစပါလေရော.။
တစ်ကယ်တော့ ကျွန်တော်ဇာတိက ရန်ကုန်ကပါ။အဖေကြိးရဲ့ အလုပ်တာဝန်ကြောင့် အခုလိုမန္တလေးကို ပြောင်းလာတာ မကြာသေး သလို အတန်းထဲမှာလည်း အသိရယ်ခင်မင်သူရယ်လို့ လည်းများများမရှိတဲ့ ကျွန်တော် အတန်းထဲက လူအကုန်တောင် မမှတ်မိသေးတဲ့ အချိန်။ ကျောင်းသားအသစ်ဆိုတော့ ကျောင်းသားဟောင်းတွေက မှတ်မိနေတက်ပြိး ကျွန်တော်က တော့ အခုမှ ကျောင်းတက်စဆိုတော့ အပေါင်းအသင်း လည်းမရှိ သူငယ်ချင်းလဲမရှိသေးတာပါ.။ မရွှေချောနှစ်ယောက်က ကျွန်တော်တို့နဲ့ တစ်လမ်းကျော်မှာ နေကြတာမို့ ကျောင်းသွားခါနီး ကျွန်တော်ကို ဝင်ခေါ်တာက စတဲ့ပြသနာပါ။ စနေနေ့လည်း ဖြစ် မိန်းခလေးနှစ်ယောက်က အိမ်အထိ လာခေါ်တယ်ဆိုပြိး ရှုပ်ရှုပ်ရှက်ရှက် လုပ်တယ်ဆိုပြိး အခုလို အပြစ်ပေးခံရတဲ့ကျွန်တော် နောက်တစ်နေ့ကျောင်းရောက် တော့ အတန်းပိုင် ဆရာမနဲ့ အဲဒီကောင်မလေး နှစ်ယောက် ကို စကားမပြောပဲ သူတို့ကြောင့် အရိုက်ခံရတယ်ဆို ပြိး ရူတည်တည်ဂျစ်ကန်ကန် ကောင်လေးအဖြစ် နဲ့ကျွန်တော်။ နောက်ရက် ကြတော့မှ ဆရာမက မိဘခေါ်ပြိး ရှင်းပြတဲ့အတွက် အိမ်ကနားလည် သွားပြိး ကျွန်တော် အချိန်ပို တက်ခွင့်ရခဲ့ပါတယ်။
...............။........
တွယ်တာ....
ခေါ်သံကြောင့် ဆွဲလက်စ ပန်းချီပုံလေးကိုရပ်ပြီး ကျွန်တော် မော့ကြည့်မိတော့ မရွှေချောနှစ်ယောက်။
ဘာလဲ.
အခဲမကျေစွာပဲ ကျွန်တော် ခပ်မာမာ ပြန်ထူးရင်း ဆွဲလက်စ ပန်းခင်းပုံပန်ချီလေးကိုဆက်ဆွဲနေမိသည်။
စိတ်မဆိုးပါနဲ့ဟ ငါ့တို့က နင့်ကိုခင်လို့ ကျောင်းအတူတူသွားဖို့လာခေါ်မိတာပါ
အေးလေ ဟုတ်ပါတယ်ဟ စိတ်မဆိုးပါနဲ့
တစ်ယောက်တစ်ခွန်း ပြောနေတဲ့ မရွှေချောနှစ်ယောက် ကိုကျွန်တော် မသိချင်ယောင်ဆောင်နေလိုက်တယ်။ အတန်းထဲမှာလဲ မုန့်စားဆင်း ချိန်မို့ အနည်းငယ်သော ကျောင်းသားတွေက ကျွန်တော်တို့ကို ဂရုစိုက်ပုံမပေါ်ပါဘူး။ ပြေးလွားဆော့နေသူ ၊ကစားနေသူတွေ နဲ့.ရှင်းသရောင်ဖြစ်နေတဲ့ စာသင်ခန်း။
ကျွန်တော် စိတ်ဆိုးမှန်း သိနေတာမို့ ကျွန်တော်ရဲ့ထိုင်ခုံ မှာ တစ်ခါတစ်ရံ မုန့်တွေထားတက်တာမျိုး။ လိုက်လိုက်လျှောလျှော အမြဲလိုက်ခေါ် တက်တဲ့ အဲဒီကောင်မလေး နှစ်ယောက်နဲ့ ကျွန်တော် နောက်ရက်တွေမှာ ကျောင်းသွားကျောင်းပြန် အတူတူ သွားခွင့်ရခဲ့ပါတယ်။ ညီအစ်မလည်း မဟုတ်ပဲ အဲဒီမရွှေချောနှစ်ယောက်က ရုပ်ချင်းအတော်ဆင်ကြ ပြီး ပုံစံ၊အကျင့် စရိုက်တွေ ကလည်းတူနေတက်ပြန်တယ်။ ရုတ်တရက်ကြည့်ရင် ညီအစ်မအရင်းလို့ ထင်ရလောက်တူကြတယ်။ အဲဒီလို ပုံစံဆင်တူ လေးတွေဖြစ်သလို နာမည်ကြတော့ သွေးသစ္စာနဲ့ နွေးနေခြည် ရယ်လို့နာမည်ဆန်းဆန်းလေး တွေနဲ့ သူမတို့ နှစ်ယောက်က ကျောင်းမှာတော်တော်လေး နာမည်ကြိးကြ မှန်း ကျွန်တော်နောက်မှသိလာခဲ့ရတယ်။
တွယ်တာရေ...ခဏစောင့်အုံး
ခေါ်သံနဲ့အတူပြေးလာနေတဲ့ သွေးနဲ့နွေးကို ကျွန်တော် လှည့်ကြည့်ရင်း ကျောင်းအုတ်နံရံကို မှီပြိးစောင့်နေမိတယ်။ အမောတစ်ခေါ ပြေးလာနေတဲ့ မရွှေချော နှစ်ယောက်ကို ကြည့်ပြိး ကျွန်တော်လက်ထဲမှာ ကျစ်ကျစ်ဆုပ်ထားတဲ့ စာနှစ်ဆောင် ကိုအသာလေးနောက်ပစ်ပြိး ဖွက်ရင်း
ဘယ်တော့မဆို အမြဲနောက်ကျနေရော ကျောင်းဆင်းတာဖြင့်ကြာလှနေပြိ
ကျွန်တော်ရဲ့ အပြစ်တင်စကားကိုနွေးက
အောင်မာ ငါ့တို့ကမိန်းခလေးတွေလေ...နဲနဲတော့စောင့်ပါလား တွယ်တာရဲ့ မပြောလိုက်ချင်ဘူး..ပြိးရင်ပျောက်ပျောက်သွား
ဆိုပြိးခွန်းတုန့်ပြန် ရန်တွေ့ပေမယ့် သွေးကတော့ ပြေးလိုက်လာရလို့ ထင်ပါရဲ့ မောနေတဲ့ ဟန်ပန်ဖြင့် ကျွန်တော်ကို ရန်မတွေ့နိုင်ရှာဘူး။ အိမ်နဲ့ကျောင်း ကလမ်းလျှောက်ရင် အမြဲနာရီဝက်လောက် လျှောက်ရတာမို့ တစ်ခါတစ်ရံ ပြေးလိုက် စလိုက် နောက်လိုက်နဲ့ ဝေးလို့ ဝေးမှန်းလည်းမသိပါဘူး.။ ကျောင်းကပြန်ရင် သွေးနဲ့နွေးက အရင်ရောက်ပြိး ကျွန်တော်က သူတို့ထပ် တစ်လမ်းကျော်မှာ မို့ နောက်ကျမှ အိမ်ရောက်ပါတယ်။ ကျွန်တော် လက်ထဲက ဆုပ်ထားတဲ့ စာနှစ်ဆောင်ကို ထုတ်ပြိး
ရော့..အဲဒါနင့်တို့နှစ်ယောက် ကိုပေးတာတဲ့ ရည်းစားစာလေ.
ကျွန်တော်ရဲ့ အပြောကို နားမလည်စွာပဲ မရွှေချောနှစ်ယောက်က ပြိုင်တူဆိုသလို မျက်လုံးပြုးကြည့်တော့..
ဟား...ဟား....ဟား...ကြောက်စရာကြိး သွေးနဲ့နွေးရာ ဘာလဲ ငါပေးတယ်ထင်လို့လား
အဲဒါ သူများပေးခိုင်းတာ ဟ နေ့လည်က သူတို့တွေ မုန့်ကျွေးလို့တောင် စားပြိးပြီ ဟဲဟဲ
ကျွန်တော်ရဲ့ ပြောင်ချော်ချော်အပြောကို မရွှေချောနှစ်ယောက် အခုမှ သဘောပေါက်ဟန် ဖြင့် ကျွန်တော်ကို ထုဖို့ဟန်ပြင်ပြိး အခြေနေသိနေတဲ့ ကျွန်တော်က ရှေ့က ဦးအောင်ပြေးရင်း မလိုက်နိုင်တော့မှ.. သူတို့နဲ့ ခပ်လှမ်းလှမ်းမှာ ကျွန်တော် ရပ်ရင်း
ငါက ပေးပေးပါဆိုလို့ ပေးပေးတာ ကြိုက်တာမကြိုက်တာကတော့ နင့်တို့အပိုင်းပဲလေ မဟုတ်ဘူးလား နင်တို့နဲ့ အတူပြန်နေတဲ့ ငါကလည်း အန္တရယ်ရှိတယ်လေ...
နင်ကလေ သူငယ်ချင်း ဘက်က ကာကွယ်ပေးမယ်မရှိဘူး ရည်းစားစာ ကိုတောင် တာဝန် ယူပြိး ပေးပေးရတယ်လို့
သွေးရဲ့စကားကို နွေးကထောက်ခံမဲ အပြည့်ဖြင့်
အေးလေ တော်တော်လေးခင်ဖို့ကောင်းတယ် စိတ်ချရပြီသိလား တွယ်တာ နင့်လို သူငယ်ချင်းမျိုး
မဟုတ်ပါဘူး ဟ ငါလည်း မုန့်စားရလို့ပါဟ...ဟီးဟီး
သြော်...တော်တော်မုန့် ငတ်နေတယ်ပေါ့လေ...မစားရရှာဘူးမလား
ဆိုပြိးသွေးက ထပ်မံထောပနာပြုရင်း။။ဟုတ်ပါတယ် ကျွန်တော် ကျောင်းလာရင် ဘယ်တော့မှ မုန့်ဖိုးမရတက်ပါဘူး။ ဘယ်တုန်း ကမှလည်းမရခဲ့သလို အိမ်ကထည့် ပေးတဲ့ထမင်းဘူး ဒါမှမဟုတ် မုန့်နဲ့ပဲအမြဲ ကျောင်းလာခဲ့ရတဲ့ ကျွန်တော် ပိုက်ဆံကိုင်ပြိး မုန့်ဈေးတန်း မုန့်ဝယ်စားတဲ့ အခွင့်ရေးမရခဲ့ပါဘူး.။အပြည့်အစုံ အိမ်ကအမြဲလုပ်ပေးနေတာမို့ မုန့်ဖိုးလည်း မတောင်းရဲသလို တောင်းလည်းမရမှာ သေချာတာမို့ ဒီအတိုင်းလေးပဲ နေခဲ့တာ အခုဆို ကျွန်တော် အလယ်တန်းနောက်ဆုံးနှစ် ကျောင်းသားတောင်ရောက်နေပြိးလေ။ ပြောရင်းပြောရင်း သွေးတို့နေတဲ့ လမ်းထိပ်ရောက်တော့
နောက်နေ့ကျောင်းရောက်မှ အကြွေးတောင်းမယ်
လို့တစ်ယောက်တစ်ခွန်းပြောရင်း မရွှေချောလေး တွေနဲ့လမ်းခွဲရင်း အိမ်ရောက်ရင် လုပ်ရမယ့် အလုပ်တွေတွေးရင်း ကျွန်တော် ရင်မောနေမိတယ်။
သားတစ်ယောက်ထဲ သာပါတယ်ဆိုပေမယ့် သူများမိသားစုတွေလို အငယ်ဆုံးသားဖြစ်လို့ ဆိုပြိး အလိုက်လိုက် အရေးပေး ခံရဖို့နေနေသာသာ အပြစ်ကင်းအောင်နေနေရတဲ့ ကျွန်တော်ဘဝ။ အမှားတစ်ခု တွေ့တိုင်း အပြစ်တင် ဒဏ်ပေးတက် ကြတဲ့အစ်မတွေကြောင့် လည်း အပြစ်လွတ်အောင် နေထိုင်ရသလို အားတဲ့အချိန်တွေ မှာလည်း ကြမ်းတိုက်၊ ရေခပ်၊ ထင်းခွဲစတာ တွေလည်း အလျှင်းသင့်အောင် လုပ်ပေးရတဲ့ ကျွန်တော် အိမ်မှာဆို အပိုးကျိုးတဲ့ကောင်လေးတစ်ယောက် ပါ။စာနဲ့ ပါက်သက်လာရင်လည်း ကျဖို့မပြောနဲ့ အမှတ်နည်းတာတောင် အပြစ်တင်ဆူပူနေတက်တဲ့ အစ်မတွေကြောင့် အမြဲပဲ ကျီးလန့်စားစားနေရတဲ့ ကျွန်တော်။ မေကြိးနဲ့ဖေကြိး ကလည်း အလုပ်တွေနဲ့ အိမ်မှာအမြဲ မရှိကြတာမို့ အစ်မတွေ လက်ထဲမှာပဲကြီး ပြင်းပြိး အစ်မတွေဆိုရင် မျက်လုံးတောင် လှန်မကြည့်ရဲလောက် အောင်ကြောက်ရတဲ့ ကျွန်တော်အဖြစ်။
...............။...............
ဟေ့ကောင် တွယ်တာ
အပြောကမဆုံး လက်ကအရင်လာတဲ့ အတွက် ကျင့်သားရနေပြီ မို့ ကျွန်တော်ဆီ ဦးတည်လာတဲ့ သက်မော်ရဲ့ လက်ကို ဖမ်းဆုပ်ရင်း
ဘာလဲ သက်မော်
မင်းသိလား မင်းရဲ့မဒီနှစ်ယောက်ထဲက တစ်ယောက်တော့ စွန်ပြီ
ဟင် ဘာလဲမင်းစကားကကြိးက
ဟာကွာ မင်းကလေ ညံ့ပါ့ အဲဒါကြောင့် မင်းကျန်ခဲ့တာနေတာ
ဘာကိုလဲကွာ ရှင်းရှင်းလင်းလင်း ပြောစမ်းပါ သက်မော်ရ
သွေးလေ သွေးသစ္စာလေ အခုအတွဲရနေပြီကွသိလား
ဟာမင်းကလည်း အစမရှိ၊အဆုံးမရှိ မဟုတ်ပါဘူးကွ
အဲဒါကြောင့်မင်း ကိုပြောတာ မင်လောက်ညံ့တဲ့လူမရှိဘူးလို့ပေါ့ လာငါနဲ့လိုက်ခဲ့ မင်းကို ပြမယ်
ပြောလည်းပြော၊လက်ကလည်း ပါတက်တဲ့ သက်မော်နောက် ကျွန်တော် ပုံစံပျက်တရွတ်တိုက်ပါသွားပြီး
ဟော...ကော်ရစ်တာမှာ တွေ့လား မင်းရဲ့သွေးသစ္စာ
ဟုတ်ပါရဲ့ သက်မော် လက်ညွန်ရာကို ကြည့်မိတော သွေးတစ်ယောက် ကောင်လေးတစ်ယောက်နဲ့ စကားပြောနေလိုက်တာ ရီလို့မောလို့။ဘာရယ်မဟုတ် လှမ်းကြည့်မိရင်း ကျွန်တော်လက်ထဲက ဆွဲလက်စ ပန်းချီကားလေး လျှောခနဲ လွတ်ကျသွားခဲ့တာ
ဟာ ဘာလဲဟ အဲဒါက
မျက်စိလျှင်တဲ့သက်မော်က စာရွတ်လေးကိုကောက်ယူရင်း
ဟာ မင်းဘယ်သူ ပုံတူဆွဲနေတာလဲ
မေးလည်းမေး အော်လည်းအော်တဲ့ သက်မော်ရဲ့လက်ထဲက ဆွဲလက်စ ပုံတူလေးကို ကျွန်တော် ပြန်ယူဖို့ ကြိုးစားခဲ့ ပေမယ့် စဖို့နောက်ဖို့ဆို သူမတူတဲ့ သက်မော်ကြောင့် ကျွန်တော်ရဲ့ ဘယ်သူဘယ်ဝါမှန်း မသေချာသေးတဲ့ ပန်ချီလေး အကြောင်း တစ်ခန်းလုံး သိသွားခဲ့တယ်လေ။ ညနေကျောင်းဆင်း ချိန်ရောက်တော့ မနေနိုင်စွာပဲ အရင်လို ပြန်နေကျ သုံးယောက် မဟုတ်ပဲ သွေးက ကျွန်တော်တို့နဲ့အတူ မပါတော့ဘူးလေ။
သွေး ဘယ်ပျောက်နေတာလဲ နွေး
မသိချင်ယောင်ဆောင်ပြီး ကျွန်တော် နွေးကို မေးတော့နွေးက
ငါဘယ်သိမလဲ တွယ်တာရဲ့
ဆိုပြီး လွယ်လွယ်လေးပဲ ပြန်ဖြေတဲ့ နွေးက သိနေမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဘာရယ်မဟုတ် ကျွန်တော် စိတ်တွေ အလိုလို တိုနေမိပြီး တစ်စုံတစ်ခုကို အလိုမကျ စွာနဲ့ပဲ
နွေး ခဏစောင့်မယ် သွေးလာမှာပေါ့
ရုတ်တရက် ကျွန်တော်ရဲ့ အပြောကို နွေးက သဘောမကျစွာပဲ
မစောင့်ပါနဲ့ တွယ်တာရာ ငါတို့သွားနှင့်မယ်လေ သွေးလိုက်လာမှာပေါ့
နင်ပြန်ချင် ပြန်နှင့်လေ ငါသွေးကိုစောင့်အုံးမယ်
ကျွန်တော်ရဲ့ အပြောကို အလိုမကျစွာနဲ့ နွေးကပါ ကျွန်တော်နဲ့အတူ ရပ်စောင့်မယ်ဆိုတဲ့ အနေအထားမျိုးဖြင့် ရပ်စောင့်နေတယ်လေ။ တော်တော်လေးကြာတော့ သွေးတစ်ယောက် တဖြည်းဖြည်း လျှောက်လာတာ တွေ့ရပါပြီ။ သွေးက သူကိုစောင့်နေ တဲ့ကျွန်တော်တို့ နှစ်ယောက်ကြောင့် အံသြသလို မျက်လုံးပြူးကြည့် ပြိး
ငါကနင်တို့ သွားပြိလို့ ထင်နေတာ
လို့ ခပ်အေးအေးပြောပြပုံ က ကျွန်တော်တို့ စောင့်နေခြင်း မစောင့်နေခြင်း အပေါ်မှာ ဘာခံစားမှု မရှိတာ သိသာလှပါတယ်။ ဘာရယ်မဟုတ် သွေးကိုမြင်ရတော့ မှ ကျွန်တော်စိတ်တွေ နည်းနည်းကျေနပ်နေသွား ရတာကို ကျွန်တော်နားမလည် ဖြစ်မိရင်း။
.............။............
ကလေးဘဝရဲ့ အချစ်ဆိုတာ မယ်မယ်ရရ မခံစားတက် ခင်ကတည်းက သွေးကို ကျွန်တော် စိတ်ဝင်စားခဲ့ မိပေမယ့် သွေးကတော့ ကျွန်တော်ကို သာမန်သူငယ်ချင်း တစ်ယောက်ထပ် မပိုခဲ့ပါဘူး။ သွေးနဲ့ စကားပြောရင်း သွေးမျက်နှာလေး ကို တရိုက်မက်မက် ငေးမောခွင့် ရနေတဲ့ အခိုက်အတန့်လေးကို ကျွန်တော် ဘယ်လို မက်မောမိမှန်းမသိဘူး။ သွေးမသိအောင် သွေးရဲ့အိမ်ကို သွားလည်တုန်းက ခိုးယူမိခဲ့တဲ့ သွေးဓါတ်ပုံ နောက်ကျောလေးမှာ ချစ်တယ် သွေးရယ်လို့ တိတ်တခိုး ချရေးမိတဲ့ အထိ ကျွန်တော်အတွက် သွေးက ဆိုးမိုးနိုင်လွန်းတဲ့ သူပါ။
တွယ်တာ ဘာတွေတွေးနေတာလဲ ငါပြောတာကြားလား
ကျွန်တော်ရဲ့ အတွေးတွေ နွေးရဲ့အပြောနဲ့အတူ ကျောပေါ် ကျလာတဲ့ ခပ်ဆတ်ဆတ် ရိုက်သံလေးကြောင့် အတွေးတွေ လွင့်ပျောက်ခဲ့ရတယ်။
ဘာလဲ နွေးရ ငါမကြားလိုက်ဘူး
တွယ်တာနော် နင်ကလေ ထုရိုက်ခံရတာတောင် နည်းတယ် အသေသတ်ဖို့ကောင်းတဲ့ကောင်
ဟ ငါဘာလုပ်မိလို့လဲ နွေးက
အူကြောင်ကြောင် ကျွန်တော်ရဲ့ အမေးကိုနွေးက
နင်ကလေ ငါခင်သလိုလဲမခင်ဘူး ငါ့မှာတော့ အိမ်က ရန်ကုန်ပြောင်းရမယ်ဆိုတော့ နင်တို့နဲ့ ခွဲရမယ်ဆို ပြိး ငိုလိုက်ရတာ နင်ကတော့
မဟုတ်ပါဘူး နွေးရ အဲလိုလည်း ငါတို့လည်း လွမ်းနေမှာပေါ့ နွေး ရ ငါတို့တွေ တက္ကသိုလ်ရောက်ရင် ဆုံကြမယ်လေ နင်ကလည်း အဲကြမှ အတူတူ ပြန်တက်ကြတာပေါ့ မကောင်းဘူးလားနွေးရ
အေးပါ ငါလည်း အဲလိုပဲ မျှော်လင့်ထားတယ် ငါလည်းစာကြိုးစားမယ်လေ နင်တို့လည်း စာကြိုးစားနော် တက္ကသိုလ်ရောက်ရင် ပြန်ဆုံကြမယ်လေ
အေးပေါ့ဟ ဟုတ်တာပေါ့ နွေးရ
ကျွန်တော် နွေးရဲ့စကားထောက်ခံ ရင် ကျွန်တော် မျက်လုံးထဲမှာ နွေးမရှိရင် နောက်နှစ် ကျွန်တော်နဲ့သွေး နှစ်ယောက်ထဲ ဆိုတဲ့ အသိကြောင့် ဘာရယ်မဟုတ် လိုက်ခနဲခုန်နေတာ နွေးသာသိရင်..။တဖြေးဖြေး သွေးတို့အိမ်ကို ကျွန်တော်နဲ့ နွေးရောက်တော့ သွေးက အိမ်ရှေ့က ထိုင်ခုံတန်းလေးမှာ ထိုင်ရင်း ကျွန်တော်တို့ အလာကို စောင့်ကြိုနေတယ်လေ။ သွေးတို့အိမ်ရှေ့ မှာရှိတဲ့ တရုတ်စကားပင်ကြိး အောက်မှာ ထိုင်ခုံတန်းလေးနဲ့ သွေးက ဘာမှန်မသိပဲ ကဗျာဆန် နေခဲ့တယ်။ ပါးကွက်ကျား ပါးပါးလေးနဲ့ သွေးက ဘယ်အချိန်ပဲ ကြည့်ကြည့် လှပနေလိုက်တာ။
သွေး ငါသွားရင် လိုက်မပို့နဲ့နော်..
လို့ နွေးက မျက်ရည် ဝဲပြိး ပြောတော့ သွေကပါ မျက်ရည်တွေကျလို့ ကျွန်တော် ဘာလုပ်ရမှန်းမသိတာနဲ့ မရွှေချော နှစ်ယောက်နားက ထွက်လာပြီး သွေးတို့ အိမ်ဘေးက မာလကာပင် ပေါ်သို့တက်ရင်း ပွပြိးဖွေးနေတဲ့ အလုံးလှလှလေးတွေ ကိုမှစိတ်ကြိုက် ရွှေးခူးရင်းနဲ့ သွေးနဲ့နွေးအတွက်ပါ ပိုခူးရင်း အတွေးလွန်သွားတဲ့ကျွန်တော် မာလကာ ပင်ပေါ်ကနေ အကျမတော် စွာပဲပြုတ်ကျပါလေရော။
အား
ကျွန်တော်ရဲ့ အော်သံကြောင့် သွေးရော နွေးပါ အပြေးရောက်လာ သလို သွေးရဲ့အမေကပါ ပြေးဆင်းလာပြိး ဘာဖြစ်တာလဲလို့
ဝိုင်းကြည့်ရင်း အကျမတော်တော့ ခြေသပွတ်အူလည်ပြိး ခြေထောက် ထောက်လို့မရအောင် နာကျင်တဲ့ဒဏ်ကြောင့် ကျွန်တော် ရှုံ့မဲ့တာကိုကြည့်ပြီး သွေးနဲ့နွေးက အသဲပိုရန်ကော ဆိုတဲ့ အသိနဲ့ မျက်စောင်း ကိုယ်စီထိုးကြရင်း။ တစ်ကယ်ကို အဲဒီနေ့က အိမ်ကို လှမ်းလျှောက်ပြိး မပြန်နိုင်တာမို့ အိမ်တိုင်ရာရောက် သွေးရဲ့ အမေကပါ ကျွန်တော်ကို အီမ်ပြန် လိုက်ပို့ရခဲ့တယ်လေ။ အကျကောင်းခြင်း တစ်မျိုးပါပဲ။ ခြေထောက်မထောက်နိုင်လို့ ကျွန်တော်ကို လာပို့တဲ့ အချိန် မေကြိးကလည်း ရုံးက ပြန်ရောက်နေ ချိန်မို့ မမကြိးရဲ့ အဆူခံက လွတ်တဲ့အပြင် သွေးရဲ့မေမေက မေကြိးနဲ့ ကျောင်းနေဘက် တွေဖြစ်နေတဲ့ အတွက် ကျွန်တော် ပိုလို့ပျော်ပါတယ်။ မိန်းခလေး အပေါင်းသင်း ထားတာမကြိုက်တဲ့ မမကြိးတို့ကြောင့် ကျွန်တော်မှာ သွေးနဲ့သိပ်မတွေ့ရသလို သွေးရှိရာ သို့လည်းမသွားရဲ ခဲ့တာ အခုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်မို့ ဒဏ်ရာနာတဲ့ ကြားက ပိုလို့ပျော်မိပါတယ်။ အဲဒါတွေ သွေးကတော့ ဘယ်သိပါ့မလဲနော်။
................။............
အဲလိုနဲ့ အထက်တန်းကျောင်း တက်ရတော့ ကျွန်တော်ရယ် သွေးရယ် နှစ်ယောက်ထဲ။ ကျွန်တော်တို့နဲ့ အထက်တန်းကျောင်းက တော်တော်လေးဝေးတာမို့ အိမ်က ကျွန်တော်အတွက် ကျောင်းတက်ဖို့ စက်ဘီးအသစ် မိချောင်းဘီး လေးဝယ်ပေးတဲ့အတွက် စက်ဘီး အသစ်လေးနဲ့အတူ ကျွန်တော်နဲ့ သွေး ကျောင်းသွားကျောင်းပြန် အတူမို့ ပျော်လိုက်ရတာ ကျွန်တော်မှာ အတိုင်းမသိပါပဲ။ ဘာရယ်မဟုတ် သွေးရဲ့လက်ဖဝါးလေးတွေ ကျွန်တော်ကျော ပေါ်ရောက်လာရင် ရင်ခုန်သံတွေ မြန်ပြိး အသက်ရှူ ရပ်မတက် ကျွန်တော် ခံစားရတာ သွေးကတော့ ဘယ်သိပါ့မလဲလေ။
တွယ်တာ နင်ကြီးလာရင် ဘာလုပ်မှာလဲဟင်
အင်းဘာလုပ်ရမှာလဲ တက္ကသိုလ်တက်မှာပေါ့သွေးရ
ဟွန်း နင်ကလည်း စစ်ဗိုလ်လေးဘာလေးလုပ်ပါလား တွယ်တာရ
ဟာနင်ကလည်း ဘာဖြစ်လို့လဲ
ငါလေစစ်ဗိုလ်ဆို အရမ်းသဘောကျတာဟ ငါယောက်ျားလေးမဟုတ်လို့ ဟုတ်ရင်စစ်ဗိုလ်ပဲ လုပ်မှာ
အဲဒါဆို နင်ကရော ဘာလုပ်မှာလဲ
ငါကလား ငါကကျောင်းဆရာမ လုပ်မယ်လေ မကောင်းဘူးလား ပညာရေး တက္ကသိုလ်တက်မယ်လေ နင်က စစ်တက္ကသိုလ်တက်ပေါ့ မဟုတ်ဘူးလား
အဲဒါဆို ငါတို့ တက္ကသိုလ် အတူတူ မတက်ဖြစ်တော့ဘူးပေါ့ သွေးရ
ဘာဖြစ်လဲဟ ငါတို့တွေ ရည်ရွယ်ချက်တွေ ပြည့်မှ ပြန်ဆုံကြတာပေါ့ တွယ်တာရ
သွေးကလည်း နွေးနဲ့လည်း တက္ကသိုလ်မှာ ပြန်ဆုံမယ်လို့ ပြောထားတဲ့ဟာကို ဘယ်လိုလုပ်မလဲ
တွယ်တာ နင်ကလေ ရုပ်ချောသလောက် တော်တော်သရဲဘောကြောင်တယ်
ဟင်ဘာဆိုင်လို့လဲ သွေးရ
နင်စစ်ဗိုလ် လုပ်ရမှာ ကြောက်နေတာမလား
ငါက ဘာလို့ကြောက်ရမှာလဲသွေးရ ငါက နင်တို့နဲ့အတူတူ တက္ကသိုလ် တက်ချင်တာလေ
မရပါဘူးဟာ တွယ်တာ ငါ့ကိုကတိပေးဟာ နင်စစ်ဗိုလ်ကြိး ဖြစ်အောင်လုပ်နော်
အင်း ဒီအတိုင်းတော့ လုပ်လို့မရဘူးသွေးရ
ဘာလို့လဲ တွယ်တာ ရ
ငါ့ကို ချစ်တယ်လို့ ပြောရင် ငါနင့်စကား နားထောင်မယ်လေ
ကျွန်တော်ရဲ့ စကားကို သွေးက အလိုမတူစွာ စူပုတ်နေပြိး
စိတ်မဆိုးပါနဲ့ သွေးရယ် ငါနင့်ကို အဆုံးရှုံးမခံနိုင်ဘူးဟ ငါကို အခုအဖြေပေးလို့ မလိုပါဘူးဟာ နောက်တစ်ချိန် နင်ဖြစ်စေချင်သလို ငါလုပ်မှာမို့ အဲဒီအချိန် ကျရင်သာ ငါ့ကိုလက်ခံ ပေးပါသွေးရာနော်
ကျွန်တော်ရဲ့ အပြောကို သွေးကနှုတ်ဆိတ်နေပြိး
သွေး နင်ငါ့ကို စိတ်ဆိုးသွားတာလားဟင် မဆိုးပါနဲ့သွေးရာ နင်မကြိုက်ဘူးဆိုရင်
ကောင်းပြိလေ..နင်ရဲ့လုပ်ရက်ကို ငါစောင့်ကြည့်ပြိး အဖြေပေးမယ် အဲဒီအချိန် မတိုင်ခင် တော့ငါတို့က သူငယ်ချင်းပဲနော် တွယ်တာ
အေးပါဟ သွေးရ...ငါကြိုးစားမှာပါ နင်သာ သစ္စာမဖောက်နဲ့နော်
ဒီမှာ တွယ်တာ ငါ့နာမည်သွေးသစ္စာ မှတ်ထား ငါဘယ်တော့မှ သစ္စာမဖောက်ဘူး နင်သာ နာမည်က တွယ်တာ လူက မင်းသားရုပ်နဲ့ ဇတ်ကမလား ဘာလားစောင့်ကြည့်ရမယ်
ဟားဟားဟား
သွေးရဲ့ စကားကြောင့် အားရပါးရ ရယ်မောနေတက်တဲ့ တွယ်တာကိုကြည့်ပြိး သွေးပြုံးနေမိတယ်။ သွေးကိုယ်တိုင် မနာလို ဖြစ်ရလောက်အောင် တွယ်တာက မိန်းမဆန်ဆန် ချောတဲ့သူပါ။ ရယ်လိုက်ရင် ညာဘက်မှာ ပါးချိုင့်လေး ရှိနေတက်တဲ့ တွယ်တာက အရယ်အပြုံးလည်း နည်းပြိး တစ်ခါတစ်ရံ ရယ်မောလိုက်ရင် တစ်မျိုးလေး စွဲဆောင်မှု ရှိနေတက်တဲ့ ကောင်လေးမို့ သွေးကတော့ အမြဲပဲ သွေးမနာလို ဖြစ်မိရလောက်အောင် ချောလွန်းတဲ့ တွယ်တာပါ။ ယောက်ျားလေး ပေမယ့် ဆံနွယ် ရှည်ရှည် ဖြောင့်ဖြောင့်တွေကို နှစ်သက်တဲ့ တွယ်တာကြောင့် ချောရတဲ့အထဲ မိန်းမဆန်ဆန် ဖြစ်နေတာမို့ သွေးတွယ်တာကို တမင်ပြောခြင်း ဆိုတာ သိနေလို့လဲ သွေးရဲ့အပြောကို သဘောတကျ ရယ်မော နေတဲ့ တွယ်တာပါ။ လူက ဖြူနွဲ့နွဲ့ ရှိရတဲ့ အထဲ နာမည်ကပါ တွယ်တာအောင် ရယ်လို့ဆိုတော့ သွေးအတွက် တွယ်တာကို အဲလိုပြောနေ ကြဆိုတာ မလွန်ပါဘူးနော်။
သွေး နင်မညာနဲ့နော် ငါ့ကို ပြိးတော့ ကတိလည်း တည်ရမယ် ချစ်သူလည်း မထားရဘူးနော်
စိတ်မချသလို ထပ်ပြောလာတဲ့ တွယ်တာ ကိုကြည့် ပြီး သွေးရယ်မောရင်း
အင်းပါ တွယ်တာ ငါ ရည်စားမထားတာ ဘယ်လောက်ကြာနေ ပြိလဲ နင်ကောင်းကျိုးကြောင့်လေ
သွေးအပြောကြောင့် ကျွန်တော် သဘောတကျရယ်မောလိုက်မိသည်။ ဟိုတစ်ချိန် သွေးချစ်သူ ထားတာကို သွေးအိမ်ကို ကျွန်တော် ကိုယ်တိုင် တိုင်ပြောတဲ့ အတွက် သွေးရဲ့ အမေက ကျွန်တော် ရှေ့မှာတင် သွေးကို ရီုက်တာကို သွေးကပြန်ပြောခြင်းပါ။အဲဒီအချိန် တုန်းကအချိန် တော်တော်ကြာ သွေးက ကျွန်တော်ကို မခေါ်ခဲ့ပေမယ့် နွေးကြောင့် ကျွန်တော်တို့ တွေ ပြန်လည်သင့်မြတ်ခဲ့ ကြရတာလေ။
..............။.................
ဒီနေ့ သီတင်းကျွတ် လပြည့်နေ့မို့ ကျွန်တော်ဘွားဘွားဆီ ကိုသွား ကန်တော့မှာမို့ မနက်စောစောထပြီး သွားကန်တော့ပြီး နေ့လည် ကျုရှင်ရှိတာမို့ အပြေးပြန်လာတဲ့ ကျွန်တော်။ မိုးလေ ကင်းလွတ်တဲ့ ရာသီဆိုပေမယ့် မိုင်းညို့နေတဲ့ကောင်းကင်ကြီးက နေမပူ မိုးမရွာနဲ့ အုပ်ဆိုင်းပြိး အဝေးကို လှမ်းမျှော်ကြည့်ရင် မြူတွေဆိုင်းနေတာမို့ တစ်မျိုးလေး လှပနေ လိုက်တာ။ ထုံးစံအတိုင်း ကျွန်တော်ရဲ့ နောက်ကယ်ရီယာခုံ လေးပေါ်မှာတော့ သွေးက စကားတစ်ပြော ပြောနဲ့ လှပနေတဲ့ ရာသီဥတု ရယ် ၊ကျွန်တော့ရဲ့ သွေးရယ် ကျူရှင် ပြန်လာချိန်လေးမို့ လမ်းတစ်လျှောက် မှာလည်း အပျော်တမ်း စက်ဘီးစိးသူတွေ၊ ကျွန်တော်တို့လို့ ကျူရှင်အပြန် ကျောင်းသားတွေနဲ့ စည်ကားနေလိုက်တာ။ တော်တော်ဝေးဝေးမှာ ပြပြလေးသာ မြင်ရတဲ့ မန္တလေးတောင်ကလည်း လှပတဲ့ ရာသီဥတုနဲ့ အပြိုင် သာယာနေ လိုက်တာ ။ ကျွန်တော်တို့ ကျူရှင်နဲ့ တော်တော်လှမ်းတဲ့ နေရာအရောက် သွေးက
တွယ်တာ ကြည့်စမ်း အဲဒီ ပန်းခြံကြိးကို ငါလိုချင်လိုက်တာ ဘယ်လောက်လှတဲ့ ပန်းတွေလည်း စုံနေတာပဲ
အင်းဟုတ်တယ်သွေးရ ဒီလိုလုပ်လေ နင်လိုချင်ရင် ငါဝယ်ပေးမှာပေါ့ဟ
တော်ပါ ကောင်စုတ် ဟုတ်တာလဲ မဟုတ်ပဲနဲ့ လျှောက်ပြောနေ
သွေးက ကျွန်တော်ရဲ့ အပြောကို ပြစ်ပြစ်နှစ်နှစ်ပါပဲ တုန့်ပြန်လိုက်တာ။ လေကို ဆန်ပြိး နင်းရတဲ့ အတွက် သွေးရဲ့ ရယ်သံ ချိုချိုလေး ကို မကြားရပေမယ့် သေချာရယ် သွေးရယ်မောနေမယ်ဆိုတာ ကျွန်တော် အတက်သိနေတယ်လေ။
တွယ်တာ ငါပြောတာ ကြားရလား
အတွေးကြောင့် ရော စက်ဘီးနင်းနေရတဲ့ အတွက်ရောကြောင့် သွေးပြောတာ ကျွန်တော် မကြားလိုက်တာမို့
ဘာလဲသွေး ပြန်ပြော မကြားလိုက်ဘူးဟ
သြော် အဲဒီ ပန်းခြံကြိးကို တစ်ချိန်ကျရင် နင်တစ်ကယ် ဝယ်ပေးပါလားလို့
သွေးနော်...မဟုတ်ကဟုတ်ကတွေ တွေးပြိး နင်စိတ်ကူးယဉ် နေတယ်ပေါ့လေ ဟဟဟ
တွယ်တာနော် ငါတစ်ကယ်ပြောနေတာ ငါတို့ ရည်ရွယ်ချက် တွေပြည့်သွားရင် အားလပ်ရက်တွေ မှာပန်းစိုက်ကြမယ်လေ မကောင်းဘူးလား တွယ်တာရဲ့ ကြည့်စမ်း အဲဒီပန်းခင်းကြိး ဘယ်လောက် အရောင်အသွေး စုံလင်ပြိး လှပနေလဲလို့
အင်းဝယ်ပေးမှာပေါ့ သွေးရ နင်လိုချင်တာဆို ဖြစ်အောင်ငါ ကြိုးစားပေးမှာပေါ့
သွေးနေ့တိုင်း မရိုးနိုင်အောင် ပြောနေကြ စကားလေးပါ။ ပန်းမြို့တော်လို့ တောင် တင်စားလို့ရတဲ့ မန္တလေး မြို့ က ရေခံ မြေခံအရမ်းကောင်း တဲ့အတွက် ပန်းမျိုးစုံ ပွင့်တဲ့ နေရာဒေသ တစ်ခုမို့ ဘယ်နေရာကြည့်ကြည့် ပန်းခြံတွေ မလှမ်းမကမ်းမှာ ရှိနေတက်တယ်လေ။ စကားတစ်ပြောပြောနဲ့ သွေးတို့ အိမ်ရှေ့ရောက်တော့ သွေးက စက်ဘီးပေါ်က ကျွန်းကျင်စွာ ခုံ ဆင်းရင်း ကျွန်တော်ကို ပြောင်ရင်း အိမ်ထဲသို့ ပြေးဝင်ပျောက်ကွယ် သွားတဲ့အထိ ကျွန်တော် ရပ်ကြည့်နေမိတယ် ။ မှောင်ရီ ပျိုးစအချိန် မို့ ဒီအချိန် အိမ်မှာ ဖေကြိးရော၊မေကြိးပါ ရောက်နေလောက်ပြီ ဆိုတဲ့ အသိနဲ့ ကျွန်တော် သွက်သွက်လေးနင်းပြိး အိမ်ကိုဥိးတည် လိုက်တယ်။ ထင်တဲ့အတိုင်းပါပဲ ခြံတခါး ဝမှာ ကျွန်တော်ရဲ့ အလာကို စောင့်ကြိုနေတဲ့ မေကြီး။
မေကြိး ဘာလုပ်နေတာလဲ
သားမလာသေးလို့လေ နောက်ကျလားလို့
မဟုတ်ပါမေကြိးရဲ့ ကျောင်းမျာ ဒီနေ့Physicဆရာက စာပြတာနည်းနည်း ကြာနေတာပါ မေကြိးရ
မေးကြိးရဲ့ အမေးကို ကြေလည်စွာ ဖြေရင်း အိမ်ထဲဝင်လိုက်တော့ စူး၇ှတဲ့ အကြည့်တွေနဲ့ ဝိုင်းကြည့်နေကြ တဲ့ ကျွန်တော်ရဲ့ အစ်မတော်(၃)ယောက်။ ကျွန်တော် မသိချင်ယောင် ဆောင်ပြိး ခပ်တည်တည်နဲ့ စားကြည့်စားပွဲပေါ် လွယ်အိပ်တင်ပြီး ဆာလောင်နေပြီ ဖြစ်တဲ့ ဗိုက်ထဲကလည်း တဂွီဂွီဖြင့် အချက်ပေးနေပြီမို့ ညစာစားဖို့အတွက် နောက်ဖွေးသို့ ခပ်သွက်သွက်လေး ဝင်ခဲ့တယ်။ အဲဒီအစ်မ သုံးယောက်ရဲ့ အကြည့်အောက်က နေလွတ်လို့ လွတ်ငြားလေ။ သွေးကို နောက်ကယ်ရီယာခုံမှာ တင်ပြိး ကျောင်းအတူတူ သွားနေတာကို သိပ်ကြည့်မရတာက တစ်ကြောင်း သွေးမေမေနဲ့ မေကြီးနဲ့ကလည်း ငယ်သူချင်းတွေမို့ သွေးမေမေ ကိုယ်တိုင်က ကျောင်းသွားကျောင်းပြန် အတူသွားဖို့ တောင်းဆိုထားတဲ့ အတွက်ကြောင့် သာ သွေးနဲ့ အခုလို ကျောင်းအတူ သွားခွင့်ရနေတဲ့ ကျွန်တော် အဖြစ်လေ။ ညစာစားပြိး ခဏနေတော့ ကျွန်တော် စာကြည့်ဖို့အတွက် စာကြည့်စားပွဲမှာ ထိုင်လိုက်တော့မှ ကျွန်တော် နားမှာဝိုင်းနေတဲ့ အစ်မတွေ ကိုယ်စီပျောက် ကုန်ကြတယ်လေ။ တစ်နေစာ တစ်နေ့ ပုံမှန်လုပ်နေတဲ့ ကျွန်တော်နဲ့သွေး ဒီနှစ်တော့ နှစ်ချင်းပေါက် မယ်ဆိုတာ ကိုယ်စီယုံကြည် ထားကြသလို အဲဒီလို ရည်မှန်းချက် လေးအတွက်လည်း တွေးပြိး ပျော်နေမိတဲ့ ကျွန်တော်။ ညအတော် နက်တဲ့ အထိ စာကျက်ရင်း
တော်တော်လေး ညဉ့်နက်မှ အိမ်ယာသို့ ဝင်ခဲ့တယ်။
.............။.............
တွယ်တာ ကျောင်းတက် ရမယ်မလားသား ထတော့ လေ
လို့ မေကြီး အသံကြားတော့မှ အိပ်ရာက ကုန်းထပြိး နာရီလှမ်းကြည့် မိတော့ ၆း၃၀ နေပြိး။ ကဗျာကယာ အိပ်ယာမှ လူးလဲ ထရင်း သွေးတော့ စောင့်ရလို့ ဒေါပွနေမှာပဲ ဆိုတဲ့အသိက ကျွန်တော်ကို လှုပ်နိုးတော့ ကျောင်းသွားဖို့ အမြန်ပြင် ဆင်လိုက်ပြီး သော့ခတ်ထားတဲ့ စက်ဘီးလေးကို အသာချပြီး နှုတ်ဆက်ရန် မေကြီးကို လှမ်းအကြည့်
သား ဒီနေ့ သွေးကိုဝင်မခေါ်နဲ့ သားကျောင်းပဲ တန်းသွားတော့နော်
ဟင် ဘာလို့လဲမေကြီး သွေးညက ဘာမှမပြောဘူးလေ ဒီနေ့ စာမေးပွဲရှိတယ် မေကြိးရဲ့
အင်းပါ ဘာပဲရှိရှိ သားပဲသွားလိုက် စောစောလေးကမှ သွေးအိမ်က လာပြောသွားတာ သားရဲ့
မျက်နှာမကောင်း ပဲပြောနေတဲ့ မေကြိးကြောင့် ကျွန်တော်ရင်ထဲ ထိတ်နေရသည်။ အရင်လို သွေးနဲ့အတူ ကျောင်းသွား ဖို့မေကြိး ခွင့်မပြု ချင်တော့လို့ များလို့ တွေးပြိး ကျွန်တော် ချောက်ခြား လာခဲ့ရတယ်။ မဆီမဆိုင် အိမ်က အစ်မတော် သုံးယောက်ကိုလည်း စိတ်ကူးထဲက မြင်လိုက်တော့ ကျွန်တော် စိတ်တွေ ငယ်ထိပ်ထိရောက်ပြိး လေးလံစွာပဲ စက်ဘီးလေး တွန်းရင်း ကျောင်းသွားဖို့ ထွက်ခဲ့တယ်။ မေကြိး မှာလိုက်တဲ့ ဒီနေ့ သွေးကို ဝင်မခေါ်ရဘူး ဆိုတဲ့ မှားတန်းကို မလွန်ဆန် နိုင်တာ သိနေတာပေါ့ သွေးများ ကျောင်းသွားဖို့ လာခေါ်တာ စောင့်နေမလား ဆိုတဲ့အသိက ခေါင်းထဲ ဝင်လာတယ်။ သွေးနဲ့များ မတွေ့ရတော့ရင် ဆိုတဲ့ အသိကြောင့် နင်းရတဲ့ စက်ဘီးကလည်း လေးလံနေလိုက်တာ။ သွေးကို တင်နင်းရတာထပ်ကို လူမပါပဲလေး လိုက်တာ။ ပုံမှန်နင်းနေကြ လမ်းမှာ အဆမတန် လေးနေတဲ့ စက်ဘီးကြောင့် ခဏရပ်ပြိး စက်ဘီးကို စစ်ကြည့်တော့ လည်း အနာအဆာမတွေ။ လေစမ်းကြည့်တော့ လည်း ရှေ့ဘီး၊ နောက်ဘီး လေအပြည့်မှ တင်းနေ လိုက်တာ။ သွေးကို ခေါ်ခွင့် မရလို့ စိတ်ကမကြည် ရတဲ့အထဲ ဘာအပြစ်မှ ရှာမတွေပဲ လေးလံနေတဲ့ စက်ဘီး ကြောင့် ကျွန်တော် စိတ်တိုရင်း တိုမိနေတယ်။ ကျောင်းရောက်တော့ အတန်းက စနေပြိမို့ ကဗျာကယာ စက်ဘီး ထောက်ချရင်း ထိုင်နေကျ ထိုင်ခုံ ကိုဝင်ထိုင်ရင်း ဘာရယ်မဟုတ် သွေးထိုင်နေကြနေရာလေး လွတ်နေတာမို့ သြော် သွေးလည်း ဒီနေ့ တစ်ကယ်မတက် ဘူးရယ်လို့ အတွေးဝင်ရင်း။ ကျောင်းသား အားလုံးရဲ့ အကြည့်နဲ့ အတူ နောက်ကျမှ ဝင်လာတဲ့ ဆရာကပါ ကျွန်တော်ကို ကြည့်ရင်း နောက်ကျတဲ့ အတွက် ကြည့်ကြတာပဲလို့ အတွေးဝင်နေဆဲ မှာပဲ ကျွန်တော် ဘေးက သက်မော်က
တွယ်တာ သွေးလျှောတာ သိတယ်မလား
ဘာလဲ မင်းဟာက မနက်မလင်းသေးဘူး ပေါက်ကရစကားတွေ
စိတ်တိုနေရတဲ့ အထဲ စောစောစီးစီး သက်မော် နောက်ရမလားလို့ ဆရာမကြားအောင် ကျွန်တော် ခပ်တိုးတိုး ဖိယောက်ရင်း
မင်းမသိသေးဘူးလား တွယ်တာ ငါတို့ကမင်းသိပြီးပြီး မှတ်လို့ သွေးက ဆေးရုံတောင်မမှီဘူး ဆုံးသွားပြီလေ
ဟင် ဘာပြောတယ် သက်မော် ပြန်ပြောစမ်း သွေး ..သွေး ဘာဖြစ်တယ်
သြော် မင်းတစ်ကယ်မသိသေးတာပဲ ...
သက်မော်ရဲ့ စကားတောင် မဆုံးသေးဘူး အတန်းထဲမှ ဆရာက စကားပြောဖို့ ချောင်းသံရှင်းရင်း
အားလုံးသိပြိးသား ဖြစ်မှာပါ ဆရာတို့ကျောင်းက ကျောင်းသူလေးတစ်ဦး ရုတ်တရက်ဆုံးပါ သွားတာ အစာအိမ် ပေါက်တာလို့ ဆရာလည်း ကြာတယ် မတည့်တဲ့ ဂတ်စ်ပါတဲ့ အချိုရည် တစ်မျိုး သောက်မိလို့ ဆိုတာ အစာအိမ်နာ နေတဲ့အချိန်မှာ သောက်မိတာ မျိုးပေါ့
သက်မော်ရဲ့ မဆုံးသေးတဲ့ အားဝင်ဖြည့်တဲ့ ဆရာစကားကြောင့် ကျွန်တော် မယုံနိုင်စွာ အံ့သြလွန်းစွာ ကျက်သေသေ ခဲ့ရတယ်။ ညကမှ ကျူရှင်က အပြန် သွေးကို ကျွန်တော် ကိုယ်တိုင် အိမ်အထိလိုက် ပို့ပေးခဲ့တာ ဖျားလည်းမဖျား နာလည်းမနာတဲ့ သွေးက အခုမနက်ကြတော့ ဆုံးပြိး တဲ့လား ။မယုံဘူး သွေး အဲဒါ ငါ့အတွက် အိမ်မက်ဆိုး တစ်ခုပဲ ဖြစ်ပါစေ..မဟုတ်ဘူးနော် သွေး အဲလို မဟုတ်ဘူး ကျွန်တော်ရဲ့ အတွေးတွေ ထဲမှာ ဆရာရဲ့ စကားသံတွေ မကြားတစ်ချက် ကြားတစ်ချက် နဲ့။ အရာအားလုံး ကျွန်တော်နဲ့ နီးသွားလိုက် ဝေး သွားလိုက်နဲ့..။ မျက်စိရှေ့ ရောက်လာတဲ့ အမေးခွန်းလွှာပေါ်မှာလည်း ဘာရယ်ရေးချမိမှန်း မသိတော့ဘူး။ ကျောင်းသား အားလုံး စာမေးပွဲ ပြိးတာနဲ့ သွေးရဲ့ အိမ်ကို စုပြိး သွားကြဖို့ ဆရာက ခွင့်ပြုချက်ပေးပြိး အတန်းစောစော လွတ်ပေးခဲ့တာမို့ ကျွန်တော်လည်း ကျောင်းက ဆရာဆရာမ တွေနဲ့အတူ သွေးရဲ့ အိမ်လေးဆီကို ရောက်ခဲ့တော့ အိပ်နေသလိုလေး လှဲလျောင်းနေတဲ့ သွေးက မနေ့က ကျွန်တော်နဲ့ လမ်းခွဲခဲ့တဲ့ အတိုင်းပါပဲ။ ဘာရယ်လို ပြောပြရမှန်း မသိခင် ကျွန်တော်ရဲ့ လက်တွေ အေးခဲလာပြီး ကျွန်တော် ကို အမြင်မှာ သွေးရဲ့အမေက
သမီးရေ..သမိး သူငယ်ချင်း လာပြီလေ ထကြည့်ပါအုံးလား.......
ဆိုတဲ့ အော်ပြီး ငိုလိုက်တဲ့ သွေးမေမေရဲ့ ငိုသံမှာ ကျွန်တော်လည်း ဘာကိုမှ သတိမထားနိုင်စွာ လဲကျမေ့မျှောပြီး လောကနဲ့ အဆကိသွယ် ပြတ်ခဲ့တာ. ။ကျွန်တော် သတိရလာတော့ ကျွန်တော်ဘေးမှာ ဆရာမတွေနဲ့ အတူ မေကြိး ရယ် မျက်ရည် အဝဲသားနဲ့ ကျွန်တော်ရဲ့ အစ်မတော်တွေရယ်လေ။
.............။...........
အဲဒီအချိန်ကစပြိး ကျွန်တော်ကို အမြဲ ဒဏ်ပေးအပြစ် တင်ဖို့ စောင့်နေတဲ့ အစ်မတွေကလည်း ကျွန်တော်ကို အရင်လောက် မပြောဆိုတော့ သလို တက်နေကြကျောင်း ကနေထုပ်ပြိး ကျောင်းအိပ် ကျောင်းစားအဖြစ်နဲ့ ကျွန်တော်ကို ဘော်ဒါကျောင်းကို ပို့ဖို့စီစဉ်ကြတယ်။ ငြင်းဆန်ခြင်း တားမြစ်ခြင်း ဘာတစ်ခုမှမလုပ်ပဲ အိမ်က အစီစဉ်အတိုင်းပဲ ကျွန်တော် လက်ခံလိုက်တာ သွေးမပါပဲ သွေးမရှိတဲ့ကျောင်းကို တစ်ယောက်ထဲ ကျောင်းသွား ကျောင်းပြန် လုပ်ဖို့ အင်အား ကျွန်တော်မှာ မရှိခဲ့ဘူးလေ။ မြင်မြင်သမျှ အရာတွေ နဲ့အဝေးဆုံးမှာ နေဖို့ စီးနေကြစက်ဘီး လေးကိုတောင် အချိန်တော်တော် ကြာ မစိးဖြစ်ပဲ သော့ခတ်ထားခဲ့ရတာ။ အချိန်တော်ကြာ မစီးဖြစ်ခဲ့တဲ့ စက်ဘီးလေးက ပင်ကူတွေယှက် ပြိး ဖုန်တက်နေခဲ့လဲ နောက်တစ်ခါ စီးဖို့မဝံ့မရဲ တဲ့စိတ်နဲ့ ကျွန်တော် ပစ်ထားမိတာ သွေးကြောင့်ပါ။
ဆယ်တန်းအောင်တော့ ဗိုလ်သင်တန်းတက်မယ် လို့အိမ်ကိုပြောတော့ အားလုံးက အသံတိတ်နေကြပြီး အချိန်တော်တော်ကြာ မှဖေကြိးက တက်ခွင့်ပြုလိုက်တဲ့ ကျွန်တော်ကို မေကြိးနဲ့ အစ်မတွေက သိပ်သဘောမကျ ကြဘူးလေ။ ခွင့်ရလို့အိမ်ကို ပြန်တိုင်း သော့ခတ်ထားတဲ့ မိချောင်းဘီးလေးကို နင်မပါပဲ လျှောက်စီးဖြစ်တိုင်း ငါလွမ်းနေတယ်သွေး။ တစ်ကယ်တော့ နင် ကတိမတည်ခဲ့ ဘူးသွေးရယ်။ နင်ညာခဲ့တယ် ငါ့ကို။ ရာသီစုံ ပန်းတွေနဲ့ အပြိုင်ဖူးပွင့်နေတဲ့ ပန်းခင်းကြိး ကိုဖြတ်နင်းတိုင်း နင်နဲ့ ပြောခဲ့တာလေးတွေ ငါအမြဲ အမှတ်ရနေဆဲပါ သွေး။ ကျောင်းစိမ်း အဖြူနဲ့အစီမ်းဝတ်ပြီး ဆွဲခြင်းလေးတွေ ကိုင်ထားတဲ့ ဆရာမလေးတွေကို မြင်တိုင်း ငါနင့်ကို မုန်းတယ်သွေးရယ်။ ဒီအချိန် နင်ရှိနေရမှာကို အခုတော့ ငါတစ်ယောက်ထဲ ရက်ရက်စက် ထားရစ်ခဲ့တယ်။ နင်ဆုံးသွားတာ မသိပဲ နွေးကနင့်ဆီရော ငါ့ဆီပါလာလည် သွားသေးတယ်တဲ့သွေး၊ အဲဒါရော နင်သိရဲ့လား။ နွေး လာလည်တဲ့ အချိန် ငါလည်း အိမ်မှာ မရှိခဲ့လို့ မတွေ့လိုက်ရဘူး။ နင့်ဆီကို တွေ့ချင်စိတ် တစ်ခုထဲနဲ့ ရောက်လာတဲ့ နွေးအပေါ်မှာ နင်ကတိမတည်ဘူးသွေး။ ငါရဲ့ ကြိုးစားမှုတွေကို အသိမှတ်ပြုပေးဖို့ လည်း နင်ကတိမတည်ဘူး သွေး။ ကျောင်းဆရာမ ဖြစ်ချင်လှချည် ရဲ့ဆိုပြိး နင်တဖွဖွ ပြောခဲ့တာ ငါ့ နားထဲ ဒီနေ့ထိကြားယောင် နေဆဲပါသွေး။ ငါတို့အတူ တက်ခဲ့တဲ့ ကျောင်းကြိးကလည်း ဟိုးအရင်အချိန် တုန်းကအတိုင်းပဲ ကျောင်းစာအံသံတွေနဲ့ ညံနေဆဲပါပဲသွေး။ နင်တစ်မေ့တစ်မော ငေးကြည့်နေကြ ပန်းခင်းကြိးကလည်း ပန်းပေါင်းစုံနဲ့ လှပဝေဆာ နေဆဲပါသွေး။ ထိုင်သူမဲ့ နေတဲ့ ငါ့ရဲ့စက်ဘီး ကယ်ရီယာ ခုံလေးကလည်း ဟိုးအရင်အတိုင်း ရှိနေဆဲပ်သွေး။ ဟိုးအရင်လို ကျောင်းသွားကျောင်းပြန် လမ်းမကြိးမှာလည်း အခုထိ စက်ဘီးတွေနဲ့ ရှုပ်ထွေးနေဆဲပါပဲ သွေး။ အရာအားလုံးသော အရာတွေက နင်ရှိခဲ့ အချိန်က အတိုင်းပါပဲ။ နင်မရှိတော့ တာကလွဲရင် ခြေရာမပျက် လက်ရာမပျက် ရှိနေဆဲမို့ ငါ့ကို ချန်ထားရစ်ခဲ့တဲ့ နင့်ကို ငါအရမ်းမုန်း တယ်သွေးရယ်။ ငါ့ကို မြင်တိုင်း မျက်ရည်တွေနဲ့ ဝေနေတက်တဲ့ နင့်မေမေ ကိုလဲ နင်မသနားဘူး။ ရက်စက်နိုင်ပါပေ့ သွေးသစ္စာရယ်။။။။။။
(ကျွန်မရဲ့ကိုတိုင်ရေးဝထ္ထုလေးအား အားပေးကြတဲ့သူငယ်ချင်းများအားလုံး ပတ်ဝန်ကျင်ရှိသက်ရှိသက်မဲ့
တွေနဲ့အတူ ထာဝရပျော်ရွင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း..
Written By Anglehlaing )
Posted in:
0 comments:
Post a Comment