http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Tuesday, April 26, 2011

ဂန္တဝင်အလွမ်း



















ကလေးတစ်ယောက်လို
ဟန်ဆောင်မှုကင်းတဲ့ အပြော၊ ဖြူစင်တဲ့
မနောတွေကြောင့် ငါ့နှလုံးသား ယိုင်နဲ့ခဲ့ရတယ်ဆိုရင်တောင်
မာနနဲ့ ထိန်းချုပ်ဖို့ မပြင်ဆင်ခဲ့တဲ့ သိက္ခာဆိုတာလည်း အလွှာပါး တစ်ခု အဖြစ်နဲ့ပါ။

ခပ်ပါးပါး ရိုက်ခတ်တဲ့ စကားလုံးတွေက
ဒဏ်ရာဟောင်းကို  စွတယ် ဆိုပေမယ့် အနာသစ်မဖြစ်နိုင်တော့သလို
အတိတ်ဆိုတာ ပြိးခဲ့တဲ့ အရိပ်တွေမို့ နောက်ကြောင်း ပြန်လှည့်ဖို့
မဖြစ်နိုင်တော့တာ ဘယ်သူကြောင့်မှ မဟုတ်တဲ့ ကိုယ်ပိုင် ခံယူချက် တစ်ခုပါပဲ။

ခဲမှန်ဖူးတဲ့
စာသူငယ်လိုပါပဲ
နောက်တစ်ကြိမ်ဆိုတာကို
တွေးကြောက်နေသူမို့ ခံစားမှုမဲ့ ခပ်သဲ့သဲ့ ဆိုရင်တောင်
ယဲ့ယဲ့လေးမျှော်လင့်ချင်မိတဲ့ အတွေးတွေနဲ့ ညတွေက ပိုမှောင်လာသလိုပါပဲ။


မရှိမှန်းသိပေမယ့်
အကြိမ်ကြိမ် ရှာဖွေမိနေတဲ့
အသိစိတ်တွေကိုလဲ ကိုယ်တိုင်နားမလည် သလို
မျှော်နေမှန်းသိလျှက် ဆုံစည်းခွင့်မပေးတဲ့ ကံကြမ္မာကိုလဲ မုန်းတယ်။

အဖျစ်ဖျစ်နာကျင်တဲ့
နှလုံးသားက အလွမ်းတွေက
ဒဏ်အဖြစ် နှိပ်စက်ပြိး ခပ်ပါးပါးလှီးနေတဲ့
အတ္တတွေကြောင့် ခံနိုင်ရည်ဆိုတာလည်း ဆွေးမြေ့နေတဲ့ ကျူထရံသာသာပါပဲ။

အလွမ်းပြိး အလွမ်း
ထပ်ကာထပ်ကာ လွမ်းနေရလို့
နှလုံးသားနံရံတွေလည်း စုတ်ပြတ်သတ်နေပြီ
သွေးကြောထဲက မာနတွေက ခပ်လှောင်လှောင်ပြုံးပြိး
သတိရခြင်းတွေကို ဟားတိုက် ပြဇာတ်တစ်ပုဒ် မဟုတ်ပဲနဲ့ ဒီတစ်ည ပွဲစည်သွားခဲ့ပြန်ပြီ။

ရှိုက်သံတွေတိုး
အရိပ်တွေမိုးလို့ ခပ်တိုးတိုး ငိုညည်းရင်း
အမှတ်တမဲ့ ရေရွတ်မိတာ တေးသီချင်း မဟုတ်ပဲ
ညည်းချင်းတစ်ပုဒ် ဖြစ်နေတာမို့ အိမ်မက်ဆိုးတွေနဲ့ လုံးထွေးသတ်ပုတ်ရင်း
မနက်ခင်းပေါင်းများစွာ အကျည်းတန်ခဲ့ရတာလဲ အသင်္ချေပါပဲ။

#######################

21 comments:

မရှိမှန်းသိပေမယ့်

အကြိမ်ကြိမ် ရှာဖွေမိနေတဲ့

အသိစိတ်တွေကိုလဲ ကိုယ်တိုင်နားမလည် သလို

မျှော်နေမှန်းသိလျှက် ဆုံစည်းခွင့်မပေးတဲ့ ကံကြမ္မာကိုလဲ မုန်းတယ်။

အဲဒီစားသားတွေကို တကယ်မုန်းနေမိတာ . . . . ကဗျာလေး အစအဆုံးကောင်းတယ် လှိုင်း)

ကဗျာလေး ကောင်းတယ်ညီမရေ..
ကြိုးစားထား.. အားပေးလျှက်

ကဗျာကောင်းလေး ဖတ်သွားတယ် ညီမရေ . . .

အလွမ်းပြိး အလွမ်း
ထက်ကာထက်ကာ လွမ်းနေရလို့
နှလုံးသားနံရံတွေလည်း စုတ်ပျက်သတ်နေပြီ
ဘယ်သူလည်းနော် ငါ့ညလေး နှလုံးသားကို
စုတ်ပြတ်သတ်အောင်လုပ်တဲ့သူ ;)

:)
ဒီလိုပါပဲ ။ အားလုံးဟာ တစ်နေ့ နေ့ မှာ ကျော်ဖြတ်သွားရမှာပဲလေ။
တမင်ကို မေ့ထားတဲ့ အတိတ်တွေ ရှိတတ်ပါတယ်။

အင်းလေ...
အတိတ်ဆိုတာ တကယ်တော့  အရိပ်လိုပါပဲ။
ကြာရင် တငွေ့ ငွေ့  ပျောက်ရမှာပါလေ..။
အစအဆုံးဖတ်မိတော့ လည်း
တစိုစိုနဲ့  လွမ်းနေရတာကြီးပါလား...။

ဆုံဆည်းခွင့် မပေးတာတော့ ၀မ်းနည်းစရာပါဘဲ။
ညီမရေ ဆုံဆည်းခွင့်ရပါစေလို့

ကောင်းတယ်ဗျာ ခဏလေးတောင်ခံစားလိုက်ရတယ်။ညီမရေ

မိုက်တယ်ဗျာ။။။။။။။ အားပေးသွားပါတယ်။။။။။။။
မလှိုင်ရေ အလွန်လန်းးးးးးးးးးးးးးး။။။။။။။။။။။။

အရမ်းကောင်းတယ်နော်..

အလွမ်းပြီး အလွမ်းတဲ့လား။ အလွမ်းတွေနဲ့ မိတ်ဆွေဖွဲ့ရမှာ အကြောက်ဆုံးပါဘဲ။ အတ္တတွေကို လိုအပ်ရင် ကျောက်သားကျောက်လွှာ ခပ်မာမာနဲ့သာ ကာရစ်ပါ ညီမ။း)

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ထက်ကာထက်ကာ လွမ်းနေရလို့
“ထပ်ကာထပ်ကာ လွမ်းနေရလို့”

စုတ်ပျက်သတ်နေပြီ
“စုတ်ပြတ်သတ်နေပြီ”

ပြဇတ်တစ်ပုဒ် မဟုတ်ပဲနဲ့
“ပြဇာတ်တစ်ပုဒ် မဟုတ်ဘဲနဲ့”

အသင်္ချပါပဲ
“အသင်္ချေပါပဲ”

ကဗျာကောင်းလေးဖြစ်ပေမယ့် အထက်က စာလုံးပေါင်းလေးတွေကြောင့် ရင်ထဲကို ရောက်သင့်သလောက် မရောက်ဘူးဖြစ်သွားတယ်...ကဗျာဆိုတာ စာပေတိုင်းရဲ့ အသည်းနှလုံးဖြစ်တာမို့ ကဗျာတိုင်းကို အပြစ်ဆိုစရာမရှိအောင် လှစေချင်မိပါတယ်...အခုလို အကြံပေးတာကိုလည်း စိတ်မရှိစေချင်ပါ...ချမ်းမြေ့ပျော်ရွှင်ပြီး ကဗျာလှလှလေးတွေ အဆက်မပြတ်ရေးနိုင်ပါစေ...

အကိုရေ ကျေးဇူးပါနော် အခုလိုလေး ပြင်ဆင်ပေးလို့
ညီမလေးက အမြဲမှားနေကြဆိုတော့...လေ အဟီးးး:):):)
(Han Kyi)

သာယာအေးချမ်းမယ့် စိတ်၏ငြိမ်းချမ်းမှုကို ခံစားနိုင်မယ့်.. မနက်ခင်းပေါင်းများစွာကို ပိုင်ဆိုင်ခွင့် ရပါစေညီမလေး.။

ခင်မင်စွာ
သဒ္ဓါ

“ အလွမ်းပြီး အလွမ်း
ထပ်ကာထပ်ကာ လွမ်းနေရလို့
နှလုံးသားနံရံတွေလည်း စုတ်ပြတ်သတ်နေပြီ ” တဲ့လား....၊သိပ်လှတဲ့စာသား
လေးတွေပဲဗျာ...။

အလွမ်းကဗျာလေးကို ဖတ်သွားပါတယ် ခင်ဗျာ .
ကဗျာလေးဖတ်ပြီး စာရေးသူနဲ့ ထပ်တူထပ်မျှ ခံစားမိပါတယ်း)

သူငယ်ချင်းလေးရေ
အသစ်ရှိလားလို့လာကြည့်တာပါ
မိတ်ဆွေကောင်းများသာတွေ့ဆုံပါစေ။

ကဗျာလေးက အလွမ်းတွေနဲ့ “လှ” တယ် ညီမရေ...။

ဆုံဆည်းခွင့် ရနိုင်ပါစေနော်...ခင်မင်လျက်

ညီမလေး အိန်ဂျယ်လှိုင်.
မအားလပ်တဲ့ထဲက အရောက်လာခဲ့တာကို အားနာစွာနဲ့ပဲ ကျေးဇူးတင်မိတယ်.။ မအားတဲ့အချိန်ကျတော့လည်း စာတွေမဖတ်နိုင်တာကို အားလုံးကနားလည်ကြမှာပါ။
အဆင်ပြေမယ်ပျော်ရွှင်မယ်လို့ယုံကြည်မိတယ်။
ခင်မင်လျက်
သဒ္ဓါ

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More