http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Saturday, August 27, 2011

ဘလော့ဒေးအမှတ်တရ (Tag Post)



August 31, 2011 မှာ ကျရောက်မဲ့ ဘလော့ဒေး အမှတ်တရအတွက် တဂ်လုပ်တဲ့သူက မောင်လေး ခင်မောင်ချင်း(ချင်းကလေး)ပါ။ တဂ်ထားတဲ့သူရှိတော့လည်း ရေးဖို့တာဝန်ရှိလာရ တာပေါ့နော်။ ဘလော့ဂါ တစ်ယောက် ဖြစ်လာတာနဲ့ အမျှ ဘလော့ထဲက အမှတ်တရလေးတွေက အမြဲတမ်း ပြန်တွေးမိတိုင်း အလွဲလေးတွေနဲ့ ပြုံးစရာလေးတွေ ပြည့်နှက်လို့ ပါပဲ။ Angelhlaing နာမည်နဲ့ အွန်လိုင်းမှာ စာတွေစရေးဖြစ်တာက ဒီဇင်ဘာ ၄, ၂၀၁၀ မှာ စာတွေစရေးဖြစ်တယ်။ စာတွေရေးနေရင်းနဲ့မှ နိုင်ဆိုဒ်တစ်ခုမှ ခင်မင်ရင်းနှီးရတဲ့ အကို(မောင်အွန်လိုင်း)က ညီမရေ ကိုယ်ပိုင်ဘလော့ဆိုဒ်လေး လုပ်ထားပါလားဆိုပြိး အကြံလည်းပေးရင်း ဘလော့အကောင့်ဖွင့်ပေးတာလဲ သူကိုယ်တိုင်ပါပဲ။ ကိုယ်တိုင်ကတော့ စာရေးတာတစ်ခုကလွဲ ပြီး ကျန်တဲ့ နည်းပညာ ဗဟုသုတ တော်တော်လေး နည်းတာပါ။ အဲဒီလိုနဲ့ ဒီဇင်ဘာ ၂၃, ၂၀၁၀ မှာ ကိုယ်ပိုင်ဘလော့လေး တစ်ခုကို ပိုင်ဆိုင်လာခဲ့တယ်။ သူများကောင်းမှုနဲ့ပါ။ ဘလော့ဆိုဒ် ရှိတယ်ဆိုပေမယ့် သူများဆိုဒ်တွေကို သွားမလည်သလို ကိုယ်ဆိုဒ်မှာပဲ ကိုယ်တိုင်ရေးထားတာလေးတွေပဲ တင်ဖြစ်နေခဲ့တာ အချိန်(၂)လလောက် ကြာခဲ့တယ်။ လူမသိ သူမသိ ဘလော့လေး အဖြစ်နဲ့ပေါ့။

တစ်ကယ်တမ်းကျတော့ ဘလော့ဂါ လောကထဲ မဝင်ရဲတာလဲ ပါတယ်။ သူများဆိုဒ်တွေ စာတွေလိုက်ဖတ်၇င်း ကွန်မန့်တွေ အများကြီးနဲ့ အပြန်အလှန် ရင်းနှီးချစ်ခင်နေတာတွေ မြင်တွေ့ရတော့ ဘာရယ်မဟုတ်ပဲ ရှိန်ကြောက်ကြောက်နေတာလေ :P။ အဲဒီလိုနဲ့ အကို မြစ်ကျိုးအင်းနဲ့ ခင်မင်ရင်းနှီးတော့ အကိုမြစ်ကျိုးအင်းက ဘလော့ဂါလုပ်ဖို့ အားပေးတဲ့အပြင် ဘလော့လောက အကြောင်း တစ်စေ့တစ်စောင်းရှင်းပြလို့ အစစအရာရာ သင်ပေးခဲ့တဲ့ လက်ဦးဆရာဆိုလည်း မမှားပါဘူး။ စာရေးဝါသနာ ပါသူတစ်ယောက်အတွက် စာဖတ်သက်ရင့်တဲ့ စာဖတ်သူတွေရဲ့ ဝေဖန်ပေးမှုတွေ လိုအပ်သလို အောင်မြင်နေတဲ့ စာရေးဆရာ၊ဆရာမတွေ လည်း ဘလော့မှာ တော်တော်များများရှိနေတဲ့ အတွက် အကျိုးများစေဖို့ ရည်ရွယ်လျှက် အကို မြစ်ကျိုးအင်းကပဲ လက်တွဲ ခေါ်ခဲ့လို့ ဘလော့လောကထဲ ယောင်လည်လည် ဝင်ရောက်ခဲ့ရတာပါ။ မသိတာ မတက်တာတွေ မေးရင်းဆန်းရင်းမှပဲ အလွဲလေးတွေလဲ အမြောက်အမြားနဲ့ပေါ့။ ရေးသမျှ စာတွေမှာလဲ လိုအပ်ချက်လေးတွေ အရေးအသားပိုင်း ဆိုင်ရာတွေမှာလဲ ဂျီတော့က တစ်မျိုး၊ ကွန်မန့်ဖြင့်တစ်သွယ် ပြုပြင်ညွှန်ပြပေးခဲ့တဲ့ အကိုမြစ်ကျိုးအင်း ကို ဒီဘလော့ဒေး အမှတ်တရ ပို့စ်လေးကနေ တစ်ဆင့် ကျေးဇူးတင်ပါတယ်လို့ ပြောပရစေအကို။

မတက်တခေါက် ဘလော့လဲ စဝင်ဖြစ်တော့ နွေးနွေးထွေးထွေးနဲ့ ကိုယ့်ရဲ့လင့်လေးကို ပထမဆုံး အသိမှတ်ပြု လင့်ချိတ်ပေးတဲ့ မမမြသွေးနီ ကြောင့်လည်း အရမ်းပဲ ကြည်နူးမိသလို မမမြသွေးနီရဲ့ အားပေးစကားနဲ့ အတူ ဘလော့ထဲ ဝင်ရောက်စေဖို့ ဒုတိယအကြိမ်မြောက် အားဖြစ်ပေါ် စေခဲ့တယ်။ အဲဒီလိုနဲ့ ကိုဇော် ဆီရောက်တော့လည်း အကိုက ဘလော့ဂါများ ပို့စ်မှာ လင့်ချိတ်ပေးပြီး နွေးထွေးစွာပဲ အသိမှတ်ပြုတော့ ဘလော့ထဲရောက်စ အချိန်ကဆို ဘာဖြစ်လို့ ဖြစ်နေမှန်းမသိအောင်ပါပဲ။ မှတ်မှတ်ရရ ကိုဇော်က လင့်ချိတ်ပေးပြီး ကိုယ့်ရဲ့လင့်က ဘလော့ဂါများပို့စ်မှာ Update မဖြစ်တော့ ကိုဇော်ရဲ့ စီဘောက်မှာ သွားမေးတာပေါ့။ အကို ညီမလေးရဲ့ ဘလော့လင့်က Update မဖြစ်တာ ဘာလို့လဲ ဆိုပြိးတော့လေ။ ကိုဇော်ကလည်း ချက်ချင်း ပြန်ဖြေပေးပါတယ်။ ညီမလေးရေတဲ့ အကိုဆိုဒ်မှာတော့ စစ်ဆေးကြည့်တာ ဘာပြဿနာမှ မရှိပါဘူးတဲ့။ ညီမလေးရဲ့ Template ကြောင့် ဖြစ်မယ်တဲ့။ Template လေးပြောင်းကြည့်ပါလားတဲ့။ အဟား..အဲမှာစတွေ့တာပဲ ဘလော့ဂါ တစ်ယောက် Template ဆိုတာ ဘာကိုပြောမှန်းမသိ :) ဘယ်ရမလဲ လူလည်ဆိုတော့ ခပ်တည်တည်ပဲ ကိုဇော်ရဲ့ စီဘောက်မှာ အကိုရေ ညီမလေး Template ဆိုတာ ဘာမှန်းမသိလို့ ကူညီပါအုံးဆိုပြီး ခပ်တည်တည် သွားအော်ခဲ့တာ ဘာမှတ်လဲ :):)။ အဲလိုတော်တဲ့ ဘလော့ဂါနော်။ ဘလော့ရေးနေပြီး Template ဆိုတာ ဘာမှန်းမသိခဲ့တဲ့ ဘလော့ဂါ နော်။ အဟီး..အလွဲလေးတွေနဲ့ပါဆို.....နော်။

ဘလော့ထဲ စာတွေရေးနေရင်း အချိန်ရတာနဲ့ ဘလော့လည်လွန်းလို့ အကိုဗညားရှိန်(လင်းခတ်ဒီနို) ကတောင် မိလှိုင် အိပ်ကော အိပ်ရဲ့လား..တော်တော်လည်း ဘလော့ထဲ လည်နိုင်တယ်လို့တောင် မှတ်ချက်ချရအောင် လည်ခဲ့တာပါ။:P ကဲ ဘလော့ဂါ အသစ်လေးတွေ မှတ်ထားကြနော် ...အဲလို လည်ရတယ်လို့...:):) ဘလော့လည်တဲ့အထဲမှာ မှတ်မှတ်ရရ မမချော(အစိမ်းရောင်လွင်ပြင်) ရဲ့ဆိုဒ်ကို ဘယ်လိုမှ သွားလို့မရပါ။ ဘာလုပ်လို့ လုပ်ရမှန်းမသိ။ မမချောရဲ့ ဆိုဒ်ကို လည်ချင်လို့ ဘယ်လိုမှ မရတဲ့အဆုံး မမချောကို FBမှာ စာပို့ပြီး မမရေ ဆိုဒ်ပိတ်ထားလို့လား ညီမလေး လာလည်လို့ မရလို့ပါလို့ ပြောယူရတဲ့အထိ Angelhlaing နည်းပညာအရာမှာ ကျွမ်းကျင်လှပါတယ် :):) သဘောကောင်း တဲ့မမချောက ညီမလေးရေ မမ ဆိုဒ်ကို မပိတ်ထားပါဘူးတဲ့။ ဒီအတိုင်းဝင်မရရင် ကျော်ဝင်တဲ့ ဆိုဒ်လင့်လေးကနေ တစ်ဆင့် ဝင်ကြည့်ပါဆိုပြီး ကျော်ဝင်လို့ရမဲ့ လင့်လေးပါ အဆင်သင့် ရှာပေးတဲ့ ချစ်ဖို့ကောင်းတဲ့မမပါ။ အဲဒီတော့မှ သြော် ..တစ်ချို့ဆိုဒ်တွေ ကျော်ဝင်မှ ရပါလားဆိုတာ သိလာခဲ့ရတယ်:) မမချောဆိုဒ်လိုပဲ မမချစ်ကြည်အေး ဆိုဒ်လဲ ကျော်ဝင်မှ ရပါတယ်။ တစ်ခါတစ်ခါ နည်းပညာက မြန်မာနိုင်ငံလိုပဲ နားလည်ရ ခက်ပါတယ် :P။ ကျော်ဝင်ရတဲ့ ဆိုဒ်တွေဆို ကွန့်မန့် ပေးလို့မရပဲ စီဘောက်ကပဲ နှုတ်ဆက်ပြိး ပြန်ရတယ် :( ဘလော့ထဲက အမှတ်တရလေးတွေပါ..။


ဘလော့ထဲ စာတွေရေးနေရင်းနဲ့ပဲ အကိုဆူးသစ်(အဖြူရောင်လမ်းကလေး)၊ ကိုဇေယျ(မေတ္တာအေးရိပ်) တိုရဲ့ ပြုပြင်ဝေဖန် အားပေးမှုတွေ ရရှိခဲ့တယ်။ ကိုသက်တန့်ချို၊ နေဘုန်းလျှံ၊ ကိုမိုးယံ၊ကိုထွဋ်၊ ကိုရဲထွန်းဇော်၊ ကိုနေဝဿန်၊ ဘလော့မောင်နှမတွေရဲ့ ချစ်ခြင်းမေတ္တာ အပြည့်အဝ ရရှိနေတဲ့ ကျွန်တော် အရင်တုန်းက မောင်မျိုးပါဆိုတဲ့ ကိုမျိုး၊ ကိုချမ်းလင်းနေ၊ ကိုဘသားချော၊ ကိုညလင်းအိမ်၊ အက်ဆေးအရေး ကောင်းလို့နာမည်ကြိးလှတဲ့ ကိုညီလင်းသစ်၊ ကိုဂျေဂျူဝိုင်၊ ကိုလဂွန်းအိမ်၊ ချစ်စရာ စုံတွဲဘလော့လေး ဖြစ်တဲ့အကို ငွေလမင်း ၊ကဗျာရေးကောင်းလှတဲ့ အကို Harry၊ အကို ခနွဲ၊ အစဉ်အမြဲ အမှားလေးတွေ လက်ထောက် ညွှန်ပြပေးကြတဲ့ အကို ဟန်ကြည်၊ ကိုကိုမောင်(ပန်းရနံ့)၊ကိုအောင်(ပျူနိုင်ငံ)၊ ကိုမောင်မောင်(မောင်မောင်ရဲ့ဘလော့)၊ ကိုတည်ငြိမ်အေး(sosegado)၊ မကြာခဏ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ မတည့်အတူနေ အလင်းသစ်(အလင်းသစ်ရဲ့ နေ့စွဲများ)၊ပြီးတော့ အားရင်အားသလို အချိန်ပေးပြီး Angelhlaingရဲ့ ဆိုဒ်လေးလှပအောင် တာဝန်ယူ ပြင်ဆင်ပေးတဲ့ မောင်လေးနေဇော်လင်း၊( မှတ်ချက် ။ ။ ဆိုဒ်လှရင် Angelhlaing ကို ချီးကျူးပြိး ဆိုဒ်မလှရင်တော့ ပြင်ဆင်ပေးတဲ့ မောင်လေးနေဇော်လင်းကိုသာ အပြစ်တင်တော် မူကြပါလို့ :P:P) ဒီဘက်နောက်ပိုင်းမှာတော့ စာရေးကျဲနေရင် သတိတရ စီဘောက်မှာ လာလာအော်တက်ကြတဲ့ မောင်(စွယ်စုံကျမ်း)၊ ခင်မောင်ချင်း(ချင်ကလေး)၊ ပဥာက်၊ ဒီဇင်ဘာမောင်မောင်၊ မင်းဧရာ တို့ကလည်း Angelhlaing ရဲ့ ချစ်စရာကောင်းလှတဲ့ ဘလော့ မောင်နှမတွေပါပဲ။

အစဉ်အမြဲ ပျော်စရာ ကွန့်မန့်တွေဖြင့် ချမ်းမြေ့စေတဲ့ ဘုန်းဘုန်း တောက်ပကြယ်စင်နှင့် တက္ကသိုလ်အလင်းအိမ်(စေတနာပန်းခင်း)

အစဉ်အမြဲ လေးစားအားကျတဲ့ မမ(မလေး(အိမ်ချမ်းမြေ့))၊မမ မြသွေးနီ၊ မနိုင်း၊ မမသဒ္ဒါလှိုင်း၊မမကြည်ကြည်၊ ရှားရှားပါးပါး စာလေးတွေ တင်ပေးတဲ့ မမရွှေစင်ဦး၊ မမမေဓါဝီ၊ မမသိင်္ဂါကျော်၊ မမချစ်ကြည်အေး၊ မမပန်ဒိုရာ၊ မမရို့စ်၊ မမ အဖြူရောင် နတ်သမီး၊ မမချော(အစိမ်းရောင်လွင်ပြင်)၊ မမမြန်မွန်၊ မမရွှေပြည်သူ၊ မမဆွေလေးမွန်၊ မမ Rose of Sharon ၊ မမမေ့သိမ့်သိမ့်ကျော်၊မမ တောသူမလေး၊ နှင်းနဲ့မာယာ၊ မမစော(အဝါရောင်နယ်မြေ))၊ မမမေလေး၊ မမခိုင်နုငယ်၊ မမမိုးငွေ့၊ မမ လပြည့်ရိပ်၊ ကဗျာဆရာမလေး ဇော်၊ ဟင်းချက်ကောင်းလှတဲ့ မမဘေဘီ၊ မမဆူးနွယ်၊ မမ (ရသာချို)၊ မမကီ၊ ချစ်စရာ ဆုတောင်းလေးတွေနဲ့ ချစ်ဖို့ကောင်းလှတဲ့ အန်တီတင့်၊ မမသေးသေးလို့ ချစ်စနိုးခေါ်ရတဲ့ မမ Jasmine၊ မမ မဒမ်ကိုး၊ Crystal၊ Candy၊ သမီးစံ၊ အသဲကွဲလိပ်ပြာ၊ မမ Sunny၊ မမ ခက်မာ၊ မိုးစက်ပွင့်၊ မိုးစက်အိမ်၊ မမ အိမ်သူ၊ မမ ဆွေလေးမွန်၊ ချစ်ရတဲ့ ဘလော့ ညီအစ်မများပါ :):)

ပထမဆုံးအနေနဲ့ အတူး ဆိုပြိး နာမည်နဲ့ ဘလော့မှာ စာဖတ်ပရိသတ်အဖြစ် ရောက်ခဲ့တဲ့သူ။ နာမည်သာသိပြီး မည်သူမည်ဝါ မသိရ၊ ခုတော့လည်း ခြေရာပျောက် ဘယ်ရောက်မှန်းမသိပေမယ့် ပထမဆုံး စာဖတ်သူ တစ်ယောက် အနေနဲ့ မှတ်မှတ်ရရ ရှိနေပါတယ်လို့။ စာရေးဖို့ စိတ်ဓါတ်ကျတိုင်း အမြဲအားပေးတက်တဲ့ ကိုဇေယျ(မေတ္တာအေးရိပ်)၊ ကိုဗညား(လင်းခတ်ဒီနို)တို့အား အထူးပင် ကျေးဇူး တင်ရပါတယ်လို့ ထပ်လောင်း ပြောကြားရင်း။ နာမည်ကျန်ခဲ့တဲ့ မောင်နှမတွေကိုလဲ ခွင့်လွတ်ပေးပါလို့။ ဘလော့သက်တမ်း ကာလ (၁၀)လ သာ ရှိသေးတာမို့ လမ်းကောင်းကောင်း မလျှောက်တက်သေးပါ :P ထို့အတွက်ကြာင့် ဘလော့မောင်နှမများ အားလုံး လက်တွဲခေါ်ပြီး အမှားတွေတွေ့ရှိကလည်း ဝိုင်း၍ ပြုပြင် ဆုံးမပေးကြပါလို့ တလေးတစား မေတ္တာရပ်ခံ အပ်ပါသည်။ မရောက်တစ်လှည့် ရောက်တစ်လှည့်နဲ့ အလည်ကျဲပေမယ့်လည်း ဘလော့ဂါ တစ်ယောက် ဖြစ်တဲ့အတွက် ဘလော့ထဲသို့သာ တစ်ဝဲလည်လည် ဖြစ်ရပါသည်ဟုသာ... ဘလော့ဒေးအမှတ်တရ တဂ်ပို့စ်ကို ဤတွင်ပဲ နိဂုဏ်းချုပ်၍ ရေးရန်ကျန်ရှိနေသေးတဲ့ မောင်နှမများအား ဆက်တဂ်လိုက်ပါသည်။

Happy Blogger Day !!!

အချိန်ရရင် ရေးပေးကြပါလို့
ခင်မင်လေးစားလျှက်.....

ကိုဗညား(လင်းခတ်ဒီနို)
မမမေသိမ့်သိမ့်ကျော်
အလင်းသစ်
မမ မဒမ်ကိုး
မမ အိမ်သူ
မောင်(စွယ်စုံကျမ်း)
ဒီဇင်ဘာမောင်မောင်
စန်းထွန်း
ပဥာက်

36 comments:

နေရာဦးထားတာ..ဖတ်ပြီးမှပြန်လာရေးမယ်...P

တော်ပါသေးရဲ့...လူတွေအိပ်နေတဲ့အချိန်မို့လို့..ဟူးးး

ကျေးဇူး..ကျေးဇူးမမအိန်ဂျယ်လ်...။

တစ်ခါတစ်ခါနည်းပညာတွေကမြန်မာနိုင်ငံလို

နားလည်ရခက်တယ်ဆိုတာကအရမ်းမှန်တယ်

မမရေ...။ဘာပဲဖြစ်ဖြစ်ခုတော့ဘလော့ဂီစစ်စစ်

ကြီးဖြစ်နေပြီပေါ့နော်...။အင်းးးးကြိုးစားတဲ့သူတွေ

များနော်..အားကျလိုက်တာ......။

တဂ်ပို့စ်လေးမှာမမရဲ့မောင်လေးKMCနာမည်လေးကို

သတိတရထည့်ရေးပေးတာကျေးဂျူးနော်မမ။

မမစာတွေများများရေးနိုင်ပြီးဖြစ်ချင်နေတဲ့စာရေး

ဆရာမကြီးဖြစ်ပါစေလို့ဘလော့ဂါနေ့အကြိုမှာ

မောင်လေးဆုတောင်းပေးလိုက်ပါတယ်ဗျာ...:P

ဖတ်သွားတယ် အစ်မရေ ... ခုတော့ ကောင်းကောင်း မဖတ်ရသေး ။ မျက်နှာတောင် မသစ်ရသေးဘူးလေ :)

၁၀ လသာ ရှိသေးတယ်ဆိုတယ်..၊ သွားလည်တဲ့ နေရာတွေ အများကြီးပါလား ညီမရေ...၊း) လူတွေ အများကြီးကို သိနေတာ ပျော်စရာကြီး၊ အချိန်မရှိ ပေမယ့် ဒီလို တဂ်ဂိမ်းတွေမှာလည်း ပါဝင်နိုင်တာ ကောင်းတာပေါ့...။

ဘလော့ဂ်ဒေးအမှတ်တရလေး ဖတ်သွားပါတယ် Angel ရေ။ အခုတစ်လော ဘလော့ဂ်ဒေးပို့စ်ကို မြင်လိုက်တိုင်း စိတ်ထဲမှာ အလိုလိုကိုပျော်ပြီး အပြေးအလွှားလေး သွားရောက်ဖတ်ဖြစ်တယ်လေ။ ဘာရယ်လို့မဟုတ်ပေမယ့် ဘလော့ဂ်ဂါများအားလုံးရဲ့ နွေးထွေး ကြင်နာ ချစ်ခင် စည်းလုံးမှုတွေကို ရင်ထဲမှာခံစားမိတာအမှန်ပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အားပေးသွားပါတယ်အမရေ အမလိုလူသိများအောင်လိုက်လည်မှ ကျွန်တော်ကမလည်လို့ဖြစ်မယ် အထီးကျန်နေတာ :P

ညီမ ရဲ့ ဘလောဂ်ဒေး အမှတ်တရ ပိုစ့် လေး ကို ဖတ်သွားတယ် ညီမရေ

အစ မှာ အားလုံး ဒီလိုဘဲ ညီမ ရေ နှစ်ပေါင်းများစွာ ပျော်ပျော်ရွှင်ရွှင် နဲ့ ဘလော့ဂ်ဂင်း နိုင်ပါစေ


ရွှေစင်ဦး

အစကတော့ဒီလိုပါပဲဗျာ..တဖြည်းဖြည်းနဲ့ အေးဆေးဖြစ်လာ
မှာပါ....အားပေးတယ်ဗျိုး.....ဆက်ချဗျာ....:)))

ဘလောဂ့်သက်တမ်းမကြာသေးပေမဲ့ စာရေးကောင်းသူမို့ အားပေးသူလည်း များတဲ့ညီမငယ်
ရှေ့ဆက်ပြီး စာတွေအများကြီးရေးနိုင်ပါစေ။။
စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်ပြီး ဆန္ဒအားလံုးပြည့်ပါစေနော်

ညီမလေးရေ... ဘလော့လည်အားတော်တော်ကောင်းတာဘဲ...အားကျမိတယ်... :)

နားနားပြီးလည်ပေါ့ ညီမလေးရယ် ဘလော့ဂါဆိုတာလည်း ခေါင်းစားတယ်မှတ်လားး) စာရေးဖို့ စဉ်းစားရ ကော့မန့်ပေးဖို့တွေးရဆိုတော့ တော်တော်ကိုအလုပ်များတဲ့အမျိုး ။


ဘလော့မှာ အမြဲပျော်နေပါစေဗျာာာ အားပေးနေပါတယ် ။

ဆိုဒ်ပြင်လိုက်သလိုပဲ ...

ဖောင့်တွေ သေးသွားတာလား ..
နဲနဲ လောက် ပြန်ကြီးပါလား ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ကိုမောင်မောင် ဟုတ်ဖူး။ ကိုကိုမောင်။း))

ပျော်စရာကောင်းပါတယ်။

ခင်မင်လျက်

ဟယ်...ဒီကလေးမ သူများကို တဂ်ရင်ဖြင့် တစ်ဖက်သားမှာ လျှာအလျားလိုက်ထွက်အောင် ရေးရတယ်...သူ့အလှည့်ကျတော့ တိုစိစိလေး...တစ်ခါလောက်မှ မှတ်လောက်သားလောက်ရှိအောင် တက်ဂ်ထည့်လိုက်ဦးမယ်...ကိုင်း . . .Happy Blog Day ပါ ညီမတော်ရေ . . .

လာရောက်ဖတ်နေပါပြီရှင်...တော်သေးတာပေါ့
အလွမ်းတွေပါနေမလားလို့..ဟီးဟီး..
ဒီထက်မက စာတွေ ကဗျာတွေရေးနိုင်ပါစေလို့
ဆုတောင်းရင်း .....အာဘွား...
မမသေးသေးလေး...

စာတွေေ၇းပါအုံးညီမ
စာဖတ်မပျက်ပါ...........

နာမည်တွေ လင့်တွေရေးနိုင်လိုက်တာ။
တော်လိုက်တဲ့ ညီမလေး ဒါကြောင့် အောင်မြင်လာတာပေါ့ :)

စာရေးကောာင်းသူလေး .. နောက်လည်းစာလာလာဖတ်ဦးမယ်။
Happy Blog Day

ဘလော့ဒေးအမှတ်တရလေးကို မှတ်မှတ်ရရ ဖတ်သွားပါတယ်။ ၁၀လပြည့်ဘလော့လေးမှစပြီး အချိန်များစွာအထိ ဘလော့လေးပေါ်မှာ စာလေးတွေဝေမျှပေးနိုင်ပါစေ။
ညီအမမေတ္တာနဲ့နွေးထွေးမှုလေးကိုအမြဲသတိရနေမှာပါ။
ချစ်တဲ့
မမသဒ္ဓါ

ဘလော့ အမှတ်တရလေးလာဖတ်သွားပြီ..

ဘလော့ဂ်ဒေးပိုစ့်လေးကို
လာဖတ်ပါသွားပါတယ်
သူငယ်ချင်းရေ။ နောက်လည်း
အခုထက်ပိုပြီး စာတွေအများကြီး
ရေးနိုင်ပါစေ။

မမအိန်ဂျယ်(ဆက်သွယ်မှုဧရိယာပြင်ပမှမင်းသမီးလေး)
အောင်မြင်ပါစေလို့ ရင်ထဲကနေဆုတောင်းပေးနေလျှက်ပါ
ပြောစရာတွေအများကြီးမလို့ မပြောပဲသိနေလိုက်ပါနော်
ခင်မင်လေးစားနေလျှက်... အမောင်

ဘလော့ဒေး အမှတ်တရ လေးကို
လာဖတ်သွားပါတယ်နော်မမရေ ...
မောင်လေးနဲ့ အတူအတူ ဦးဦးမောင်စွယ်စုံကျမ်း
လည်း ပါတယ်ဗျာ..
သူကစာဖတ်ရတာ ပျင်းလို့တဲ့ ဂျီတော့ကနေ
မောင်လေးကို ဖတ်ခိုင်းတယ် မမ ...
မောင်လေးကို အနိုင်ကျင့်နေတယ်ဂျာ မမ
ကူပြောပေးဦးနော် ... :PPPP
အောင်မြင်ပါစေနော် မမ

This comment has been removed by the author.

အင်း..
လောလောနဲ့  ရိုက်လို့ 
စာတွေမှားပြီး ဖျက်လိုက်ရတယ်။
စာတွေရေးနေသလောက်
စာဖတ်သူတွေရှိနေပေမယ့် 
စာရေးဆရာနှင့် ဘလော့ ကာ
တူပါသလားလို့  ကျွန်တော့် ဘလော့ ဒေးမှာ
မေးမိတယ်။
ဆထက်ထမ်းပိုး အောင်မြင်ပါစေဗျာ..။

ဘလောက်ဒ် ကမ္ဘာနဲ့ အဆက်အသွယ် ပြက်နေတာကြာပြီ
မို့ အမကြီးတို့ဆီကို ရောက်တာနောက်ကျသွားတယ်
happy blog day ပါဗျာ အဖတ်ဖြစ်သေးတဲ့
အကြွေးလေးတွေကိုတော့ ရေးမှတ်ထားလိုက်အုံးဗျ
နောက်များမှ လာပြီးဆက်ပါ့မယ်။

မင်္ဂလာပါ ညီမလေး အိန်ဂျယ်လှိုင်ရေ။ ဘယ်လက်နဲ့ မေးကို ထောက်ထားပြီး ဖတ်နေတယ်။ ပြုံးတော့ ပြုံးတယ်။ အသံမထွက်သေးဘူး။ စိတ်ထဲကပဲပေါ့နော်။ အစဉ်အမြဲဆိုတဲ့စကားလုံးပါတဲ့ဝါကျကို တွေ့တော့မှပဲ အသံထွက်အောင် ရယ်ပစ်လိုက်တာ။ ဘာဖြစ်လို့ရယ်တာလည်း သိလား။ ပျော်လို့ပေါ့။ အချိန်တိုအတောအတွင်းမှာ အကယ်ဒမီရအောင် ကြိုးစားနိုင်တာကိုက လေးစားချီးကျူးစရာပါ ညီမငယ်ရေ။ ကျန်းမာပျော်ရွှင် အောင်မြင်ပါစေနော့...

ဘလော့ဒေးအတွက် ပျော်ရွှင်ဖွယ် တက်ဂ်လေး ရေးထားတာ ဖတ်လို့ကောင်းတယ်၊ အကို့ဆီ စာလာဖတ်ပြီး စာ မမြင်ရတာကို တကူးတက ပြောပြပေးတာ ကျေးဇူး တကယ် တင်ပါတယ် ညီမရေ ...

(၁)ရက်နေ့ဆို ကျောင်းပြန်ဖွင့်ပီ။။။ တေဘီဆရာပဲ။။။
ဘောလ်ပင်၊ စာအုပ်၊ စာရွက် ဘာမှမရှိ။။ ထို့ကြောင့်
လွမ်း၏။။။ တဂ်ပို့စ်လေး ဖတ်သွားပါသည်။။ ဖတ်နေရင်း
သတိရပါသည်။။ ဖတ်ပြီးလို့ပြန်ပါပြီ။။ လက်ပြရင်း၊ တစ်စုံတစ်ခု ချန်ထားခဲ့ပါ၏။။ ငြင်သာ၊နုရွစွာ ဖမ်းယူ ထိန်းသိမ်းပါရန်။။။

ဘလော့သက်ငယ်ပေမယ့် ခေသူတော့မဟုတ်ဘူးပဲ...။

စာအရေးကောင်းတဲ့ ညီမအိန်ဂျယ်လှိုင်တစ်ယောက် စာကောင်းပေမွန်တွေ အများကြီးကို ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာ ဆက်လက်ရေးသားနိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ် ညီမရေ...။

ပျော်ရွှင်သွက်လက်ပြီး အားဖြစ်စေတဲ့စကားတွေ အမြဲပြောတတ်တဲ့ Blogger ညီမလေး အဖြစ် အစ်မစိတ်ထဲမှာ ရှိထားတဲ့ ညီမလေး Angelhlaing ရဲ့ “ချစ်ရတဲ့ ဘလော့ညီအစ်မများ” စာရင်းမှာ ပါခွင့်ရလို့ တကယ်ကို ဝမ်းသာမိပါတယ်။ ဘလော့သက်တမ်း ၁၀လကနေ ဆယ်စုနှစ်ပေါင်းများစွာအထိ စာကောင်းပေမွန်တွေ အများကြီးရေးနိုင်ပါစေ။ Happy Blog Day ပါ ညီမလေးရေ။

နွေးထွေးပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘလော့ဂ်လောကထဲမှာ အရှိန်ရသွားတဲ့ ဘလော့ဂ်လေးအဖြစ် မြင်ရတိုင်း ဝမ်းသာမိတယ်။
ရှေ့ဆက်ပြီး စာကောင်း ပေမွန်တွေ ဆက်ရေးဖို့ အားပေးပါတယ် ညီမလေး။

အဲ...သူများတွေများတော်လိုက်တာ ဘလော့ဒေးအတွက်ရေးပြီးသွားပြီ။ သွပ်ပြားကတော့ အိမ်ပြောင်းနေလို့ ခုမှ တက်လာရတယ်။ ကဲ ရေးမယ်ဟေး ရေးမဟ...။း)

အိန်ဂျယ်လေး အမြဲထာဝရအောင်မြင်ပါစေလို့....ဆုမွန်တောင်းလျက်။

ခင်တဲ့

ဆယ်လသာဆိုတယ် တော်တော်တောင်အရွယ်ရောက်ခဲ့ပြီပဲ ညီမလေးရေ။ ကြိုးစားမှုရဲ့ ရလဒ်ပဲထင်ပါရဲ့။ တော်တော်လေးလည်း ပြောင်းလဲသွား ပြီ။ ၀မ်းသာပါတယ်။ ဆက်လက်ကြိုးစားပါလို့။

ညီမလှိုင်ရေ Happy belated blog day နော်။ စာအရေးကောင်းလို့ အိန်ဂျယ်လှိုင်ဘလော့ဂ်ကို စဖတ်ကတည်းက သတိထားမိပါတယ်။ တဂ်ပို့စ်လေးကို အချိန်မှီအောင် ကြိုးစားပြီးတင်လိုက်ရတယ်။ သတိတရ တဂ်တဲ့ညီမကို ကျေးဇူးတင်ပါတယ်နော်။

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More