http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Tuesday, July 26, 2011

ချစ်သောမောင်သို့ နားတော်သွင်း





















အစမ်းသပ်ခံနိုင်တဲ့
ခံနိုင်ရည်တွေတောင်
ထိရှလွယ်တဲ့ မျက်ရည်မြစ် ဖြစ်သွားတော့မှတော့
ချစ်မိတာ အပြစ်တော့ မရှိသင့်ပါဘူး..မောင်

အတိတ်တွေ၊
အနာဂတ်တွေ
ခဏလောက်မေ့ထားပြီး
ဆယ်ကျော်သက်တွေလို တစ်ခါလောက်တော့ ရူးပြိးချစ်လိုက်ချင်မိတယ်

စက္ကန့်လေးခြားတောင်
ဆွေးရအောင် လွမ်းတက်နေမှတော့
ဝေးရဖို့တော့ မကမ်းလှမ်းပါနဲ့..မောင်
အသဲနှစ်လွှာခွဲခွာဖို့ ခံနိုင်ရည် မရှိတော့လို့ပါ မောင်


အတွေးနဲ့တောင်
ခါးနေအောင်လွမ်းတဲ့ အလွမ်းတွေအကြောင်း
မောင် သိအောင်ပြောပြဖို့ ကြိုးစားရင်းနဲ့ပဲ
အပြင်းစားနွေအိမ်မက်မှာ တစ်ကိုယ်တည်း အလွမ်းမိုးတွေနဲ့ ရွဲရွဲစိုသွားခဲ့တာ..

အလွမ်းတွေကြောင့်
ပုရပိုဒ် မှာ အက္ခရာတွေ ပျောက်တော့
စိုးထိပ်မှုတွေ ကြားကပဲ ဖွဖွလေး ဆုတောင်း
နေမဝင် အင်ပါယာလို ကျယ်ပြောတဲ့ မောင့်ရင်ခွင် တခြားသူ မခိုဝင်စေဖို့ပေါ့...


အငှားတွေနဲ့ ပြည့်နေတဲ့
ရင်ဘတ်တစ်စုံက ခံစားချက်အစစ်နဲ့အတွေ့မှာ
ဝေါဟာရတွေ ပျောက်ဆုံးပြိး ဧရိယာ တစ်ခုထဲမှာပဲ ချာချာလည်နေမိတဲ့ခဏ
ပင့်သက်တွေနဲ့ ညဟာ ညတာပိုရှည်လာသလားပဲ..မောင်


ချစ်ရတဲ့
မောင်ရေ...
တစ်ကယ်တမ်းကျတော့
လက်တွေ့မှာက...မြေနီလမ်းလည်း မရှိဘူး
ဒီဇင်ဘာ ဆောင်းနဲ့လည်း မနီးဘူး
သနပ်ခါး ပန်းလည်း မပွင့်ဘူး.... မောင်

မပြည့်စုံတဲ့
လောက ဆိုပေမယ့်
တူညီတဲ့ ဘယ်ဘက်ရင်အုံနဲ့
ပြင်းပြတဲ့ဆန္ဒတစ်စုံ ရှိနေမှတော့ မျှော်လင့်ချက်တွေ ခမ်းနားနိုင်သေးတယ် မဟုတ်လား..မောင်။

####################

မှတ်ချက်။      ။ ချစ်ရတဲ့မောင့်အတွက် အမှတ်တရ ရေးဖွဲ့သည်။ မမ (မဒမ်ကိုး) ကိုအားကျလို့ပါ...  :)  :)  ။
                        

Written By Angelhlaing
( www.angelhlaing.blogspot.com )
July 26, 2011 ( Pm...8;55 ) Austria

21 comments:

ခံစားချက် ကဗျာလေး လာရောက်အားပေးသွားတယ် Angel ရေ။
စိတ်ဓာတ်အစဉ် ကြည်လင်ပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်ရတဲ့ မောင်ရေ မျက်လုံးများဖွင့်ကာ ခေါ်နေတာကို လှည့်ကြည့်ပါဦး ... ဖဘ မှာ အရင်ဖက်လိုက်ရတယ်

နှင်းပုန်း၊ ပိတောက်သုဉ်းတဲ့ ရာသီစုံ ၀တ်ရည်သာကုန်ရော့...

ကဗျာလေးဖတ်သွားတယ်..
အိန်ဂျယ့် မောင် တစ်ယောက် လည်း ဖတ်ပြီးကြည်နူး နိုင်ပါစေနော်..

ကဗျာလေးက တော်တော့်ကိုကောင်းတာပဲ
ကျွန်မမောင်ကလဲပြောပါတယ်
သူ့အတွက်လဲ ရေးပေးပါလားတဲ့
သူများတွေကမောင့်အတွက်ရေးနေပြီတဲ့လေ....

တမောင်မောင်တနှောင်တနှောင်နဲ့ 
အကြောင်းထူးမှပေါင်းစုပြီး
မောင်းထုခေါ်တာမျိုးကတော့
အသည်းယားတယ်နားခါးတယ်
မမအိန်ဂျယ်.....။
(ပြဇာတ်ထဲမှာတော့မသဲမာတဲ့)
ဟိဟိ..မောင်တဲ့...ကဗျာလေးလာရောက်ဖတ်ရှုသွားပါတယ်မမအိန်ဂျယ်

အော်.....
ကဗျာလေး ဆုံးအောင်ဖတ်သွားပြီးမှ
ခေါင်းစဉ်တူနေတဲ့  ဟေမာနေဝင်းဆိုခဲ့ တဲ့ 
“ မောင် ” ကို သွားသတိရတယ်လေ..။
ကဲ.. မမအိန်ဂျယ်လ် အဲ့ လိုလားဟင်..။

အမ်း..ငါ့ချစ်သူလည်း..ဒိလိုအတွေးမျိုး၇ှိ၇င်သိတ်ကောင်းမှာပဲ...

မောင် ကို နားတော် မသွင်းခင်မှာ ရွှေစင်ဦး လေး အရင် သွင်းသွားပြီနော်

နားတော်သွင်း ဆိုတဲ့ အတိုင်း..
ညီမလေး လှိုင်ရဲ့ မောင်ကတော့
ကဗျာလေးဖတ်ပြီး ချိုမြိန်နေတာ မြင်မိပါရဲ့.

အနော့်မမကိုဘယ်သူကဝေးကြဖို့ ကမ်းလှမ်းနေတာလဲဗျို့... (ဟီးစ်ဟီးစ်) လာရောက်ပြီးဖတ်ရှု့မှတ်သားသွားပါတယ်ဗျာ. ကျန်းမာပါစေနော်...။ (ထုံးစံအတိုင်းဘိတ်ချီးပဲ)

အချစ်ကဗျာကောင်းလေး
တစ်ပုဒ်ကိုဖတ်သွားတယ်...

သူများတွေ သိကုန်ပြီ။။။။ ဟီးးးးးးးးးးးးးးးးးးးးးးး။။။
ပျော်တယ်။။။။။။။။။။။။

မောင်ရေ..
ရွှေနားတော်သွင်းလို့ရချင်ရ
မရရင်တော့
တုတ်သာကောက်လာခဲ့ပဲ
မဒိုးကန်တို့ကတော့..း)

အားပေးသွားပါတယ်ညီမလေးရေ
ခင်မင်တဲ့

မဒိုးကန်

အရောက်နောက်ကျခဲ့တာ ခွင့်လွှတ်ပါ အိန်ဂျယ်လှိုင်ရေ။ ဟုတ်ပါ့ အသည်းတစ်ထပ်ခွါလိုက်တာတောင် မနည်းခံစားနေရတယ်။ အသည်းနှစ်ထပ်ခွါလိုက်ရင် ဘယ်လိုပြောရတော့မှာလည်း။ ကျန်းမာပျော်ရွှင်ပါစေ...

အချစ်နှင့်ဝေးနေသည်မှာ ကြာနေပါသဖြင့် အချစ်ဆိုရင် ဘာအချစ်မှ ခြစ်မစားဖြစ်တာတောင် ကြာနေပါပြီကွယ်။
ဒါကြောင့် နှလုံးသားကိစ္စများကို မသိတော့ပါကြောင်း။
စကားမစပ် ကိုယ့်တိုင်းပြည်က ရေခဲခြစ်လေး
စားချင်တယ် :)

နောက်တာနော်၊
စိတ်လေး အစဉ် လန်းဆန်းပျော်ရွှင်ပါစေ။

ချစ်တတ်သူတွေ အတွက်ကတော့ အားကျစရာ ကောင်းပါ့ဗျာ။

တော်တော်လေးကို ကောင်းတဲ့ကဗျာလေးကို
အပီအပြင်ဖွဲ့သွားပါလား အမရေ...........
အမရဲ့မောင်ကလည်း အဲဒီလို ချစ်နေခြင်းအတွက်
ဝမ်းမြောက်နေမယ်ထင်ပါရဲ့။

“မပြည့်စုံတဲ့
လောက ဆိုပေမယ့်
တူညီတဲ့ ဘယ်ဘက်ရင်အုံနဲ့
ပြင်းပြတဲ့ဆန္ဒတစ်စုံ ရှိနေမှတော့ မျှော်လင့်ချက်တွေ ခမ်းနားနိုင်သေးတယ် မဟုတ်လား..မောင်။”
အဲဒီစာသားလေး သဘောကျတယ်။

စက္ကန့်လေးခြားတောင်
ဆွေးရအောင် လွမ်းတက်နေမှတော့
ဝေးရဖို့တော့ မကမ်းလှမ်းပါနဲ့..မောင်
အသဲနှစ်လွှာကွဲသွားဖို့ ခံနိုင်ရည် မရှိတော့လို့ပါ မောင

ဒီလိုဆိုရင်ပိုကောင်းလိမ့်မယ်လို့ထင်ပါတယ် ။ အဓိပါယ်ပိုရှိမယ် ထင်ပါတယ် ။ ပြောကြည့်တာပါ ...... ကောင်းမယ်ထင်လို့

လှိုင်ရေ

မောင် ဆိုတဲ့ အခေါ်အဝေါ်လေးကအရမ်းနူးညံ
တယ်နော်..လှိုင်ရဲ့ မောင်..ကတော့ ဖတ်ပြီးအရမ်း
ကျေနပ်နေမှာသေချာတယ်..

ခင်မင်တဲ့ blackroze..

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More