http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Friday, April 22, 2011

ချစ်ခဲ့ကြသည်မှာ...အမှန်ပင်ဖြစ်သော်လည်း

" တစ်သက်မှတ်ထည်း အဲလို တစ်ထစ်ကျ သတ်မှတ်လို့ မရတဲ့ အရာတွေ လောကကြိးမှာ အများကြိးပဲ သက္ကရဲ့ ကိုယ့်ဘက်က ကြည့်တော့ လက်ဖဝါး သူများဘက်က ကြည့်တော့ လက်ဖမိုး ဘယ်သူမှ မမှားပဲ နှစ်ဖက်လုံး မှန်ကြတာတွေ လဲရှိတယ် လေ "
" မငြင်းပါဘူး ညို့ရဲ့ ဒီလိုပါပဲ သက္ကကလည်း တစ်ဖက်စောင်းနင်းပြိး ပြောနေတာမျိုး မဟုတ်သလို ဖြစ်နိုင်တာလေးတွေ ဖြစ်တက်တာ လေးတွေကို ဥပမာ၊ သာဓကနဲ့ တွေနဲ့အမြဲ ယှဉ်ပြိး ပြောပြ နေတာပါနော် ကိုယ်မှန်တယ် သူများမှားတယ် လို့တစ်ဖက်သတ် အမြင်၊ တစ်ဖက်သတ် အတွေးတွေ မရှိပါဘူး ညို့ရဲ့ ဒါပေမယ့် ညို့ကတော့ သက္ကပြော သမျှ လိုက်ပြီး ကန့်ကွက်ဖို့၊ ငြင်းခုန်ဖို့ တမင်ကြိုးစား နေတာမျိုး တော့မဟုတ် နိုင်လောက် ပါဘူးနော် "

သက္ကရဲ့ အပြောကြောင့် သူမ အသံထွက်အောင်ပင် ခပ်ဖွဖွ လေးရယ်မော လိုက်မိသည်။ သက္ကဆိုတဲ့ တစ်ယောက်က ရိုးသားသလောက် တစ်ခါတစ်လေ တော့လည်း မထင်မှတ်လောက် အောင်ပဲ ထက်မြက်နေ တက်ပြိး သူများနဲ့ မတူတဲ့ အမြင်တွေ အယူဆ တွေတော်တော် များများ ပိုင်ဆိုင် ထားသူတစ်ယောက် လည်းဖြစ်နေ တက်ပြန်တယ်။ အမြဲ မဟုတ်တောင် မကြာခဏ ငြင်းခုန်မှု တွေရှိနေ တက်တဲ့ ညို့နဲ့ သက္ကကတော့ အချိန်ကာလ တော်တော်များများက နှမြောစရာ ကောင်းလောက်အောင် ငြင်းခုန်မှု တွေ အခြေအတင် ဆွေးနွေးမှု တွေနဲ့ အချိန် ကုန်နေတက်တဲ့ သူတွေ ဖြစ်မှန်းမသိ ဖြစ်နေ ခဲ့ကြတာပဲလေ။

" ညို့ ဟိုနေ့ကလည်း သက္ကကို ဘာမှ မပြောပဲ ရုတ်တရက် ထပြိး ပြန်သွားတယ်နော် "
" အင်းလေ ဘာဖြစ်လို့လဲ သက္က "
" ဟင် "

သူမရဲ့ အပြောကြောင့် ကျွန်တော် တော်တော်လေးပဲ စွန့်အ သွားခဲ့သည်။ ကျွန်တော် အတွက်တော့ ညို့ဆိုတဲ့ မိန်းမ တစ်ယောက်က အမြဲတမ်းပဲ အဖြေရှာ မရတဲ့ ပုစ္ဆာ တစ်ပုဒ်လို ပါပဲ။ သူမ လာချင် လာတယ်၊ လုပ်ချင်တာ တွေလုပ်တယ်၊ ကျွန်တော်ကို ခေါင်းထဲ ရှိတယ်လို့ တောင် သတ်မှတ် ထားရဲ့လားမသိ။ ရှာဖွေလို့ မတွေ့တဲ့ တစ်စုံ တစ်ခုသူမရင်ထဲမှာ သိုဝှက်ထား တယ်လို့ ကျွန်တော်စိတ်ထဲ အမြဲ ခံစားနေရသလောက် သူမကတော့ ကျွန်တော်ကို ဥက္ခော ထားနိုင် လွန်းလှပါတယ်။

" ညို့ ဘယ်လိုပြော လိုက်တာလဲ တစ်ခါတစ်လေ ညို့လုပ်ချင်တာ လုပ်ပြိး ထားသွားတိုင်း ကျန်ခဲ့ရတဲ့ ကျွန်တော်ကို ညို့နည်းနည်းမှ ထည့်မတွက်ဘူးလား ဟင်"
" သက္က ကလည်း အတွေးကလည်း ကြောင်လိုက်တာ ညို့အကြောင်း နည်းနည်းတော့ သိဖို့ ကောင်းပါတယ်နော် "
" အဲဒါ ကြောင်တာ မဟုတ်ဘူး ညို့ လုပ်ချင်တာ လုပ်ပြိး ကျန်ခဲ့ရတဲ့ သူရဲ့ရင်ထဲ နည်းနည်း တော့ ဝင်ကြည့်သင့် တယ်လို့တော့ သက္က ထင်တယ် အဲလိုဆို တစ်ဖက်ဇောင်းနင်း ဆိုတဲ့ အသုံးအနှုန်း တွေဖြစ်လာ စရာ အကြောင်းမရှိ တော့ဘူးလေ မဟုတ်ဘူးလား ညို့ "

သူမက ကျွန်တော်ရဲ့ အပြောအကို အရေးတယူလဲ မဟုတ်၊ မယူတာလဲ မဟုတ်၊ အဝေးတစ်နေရာကို လှမ်းမျှော်ကြည့် ရင်းနှုတ် ဆိတ်လို့နေပြန်တယ်။

" ညို့မှာ ကကျွန်တော်နဲ့ ပါက်သတ်ပြိး ဆန့်ကျင်ဘက် စကားတွေ တွင်တွင်ပြောပြီး ငြင်းခုန်တဲ့ ဝါကျ တွေလောက်သာ လှိုင်လှိုင် ပြောတက်တဲ့ သူတစ်ယောက် အဖြစ်နဲ့ပဲ၊ ကျန်တာတွေ မစဉ်းစားပဲ ညို့ လုပ်ချင်တာတွေ တန်းစီပြိး လုပ်သွားတာ ကျွန်တော်ကို နည်းနည်းတော့ ထည့်စဉ်းစား ဖို့ကောင်းတာ ပေါ့ "
" ကဲ သက္က မဟုတ်တာတွေ ဒရစပ် ပြောနေမလား၊ ပြောနေတာတွေ ရပ်မလား၊ ဒါမဟုတ်ရင် ညို့ပဲ ထပြန်ရ မှာလား၊ ပြောတစ်ခုခု ဘာလုပ်စေ ချင်လဲ၊ ဘာဖြစ်စေချင် လို့အဲလောက် စကားတွေ များနေရတာလဲ "

သူမရဲ့ စကားကြောင့် ကျွန်တော် ရင်ဘတ်ကြိး တစ်ခုလုံး ကျင်စက်နဲ့ တို့ခံလိုက်ရသလို ပါပဲ။ ပြောလိုက်တဲ့ သူက အဲလောက်ထိ ရည်ရွယ် ချင်မှရည်ရွယ်မယ်၊ ပြောခံရတဲ့ သူကတော့ တစ်နင့်တဖိုး ဖြစ်ရမယ်ဆိုတာ သူမ နည်းနည်းမှ မတွေးမိ ဘူးထင်ပါရဲ့။ ကျွန်တော် အတွက်တော့ အမြဲ ပဟေဠိ တစ်ခုလို ဖြစ်နေတဲ့ သူမကတော့ သူမပြောတဲ့ စကားတစ်ခွန်း ပေါ်မှာ တာဝန်ယူ ရကောင်းမှန်းလဲ မသိပါဘူး။ သူမရဲ့ အတွေးတွေနဲ့ သူမရဲ့ အကြည့်တွေက တော်တော် ဝေးဝေး ဆီမှာပဲ အာရုံ ရှိနေလျှက်။

ရိုးသား အေးဆေးတဲ့ ကျွန်တော်ဘဝ ထဲကို မထင်မှတ်နဲ့ ငြင်းဆန်မှု တွေနဲ့ သူမက ချည်းနှင်း ဝင်ရောက် ခဲ့ပြီး မယုံနိုင် လောက်ပဲ သူမက ကျွန်တော်ရဲ့ အာရုံတွေ ယိုင်လဲ ထွေပြားရလောက်အောင် စွဲဆောင်မှု အပြည့်နဲ့ ကျွန်တော့် ဘဝထဲကို ဝင်ရောက်လာခဲ့ တာလဲ သူမကိုယ်တိုင်ပဲ ဖြစ်သည်။ အမြဲတမ်း ငြင်းခုန်မှု အခြေတင် စကားတွေ မှာပဲ ဖောင်ဖွဲ့ ပြောဆို နေတက်တဲ့ သူမက ကျန်တဲ့ အချိန်တွေမှာ လူက တစ်ခြား စိတ်က တစ်ခြားနဲ့ ကျွန်တော်နားမှာ ရှိနေသည် မှန်သော်လည်း သူမရဲ့ စိတ်အစဉ်က သူမရဲ့ ကိုယ်ခန္ဒာနဲ့ မကပ်ပဲ တစ်စုံ တစ်ရာဆီမှာ စီးမြော နေတတ်ပြန်သည်။

" ကောင်းပြီ ညို့ မကြိုက်ရင် ကျွန်တော် နှုတ်ဆိတ် နေပေးပါ့မယ် အဆင်ပြေရဲ့ လားညို့ "
" အင်း ပြေပါတယ်........ သက္ကမှာ သူများနဲ့ မတူတဲ့ စိတ်ရှည် သည်းခံမှုတွေ အများကြိး တွေ့ရတယ် သိလား "

သူမက အသိမှတ် ပြုတာလား ဘာသဘောလဲ မသေချာတဲ့ အဓိပ္ပါယ်တွေ ပါဝင်နေတဲ့ စကားတွေနဲ့ ကျွန်တော်ကို တစ်ချက် စူးစူး စိုက်စိုက်ကြည့်ပြိး ပြောပြန်သည်။ တစ်ကယ်တော့ အဲဒါ ကျွန်တော် ညို့ကို ချစ်တဲ့ စိတ်တစ်ခုထဲ နဲ့ ညို့ ငြိုငြင်မှာ ဆိုးလို့ပါ ဆိုတာတော့ မပြောဖြစ်ပဲ နှုတ်ဆိတ် နေခဲ့လိုက်တာ ညို့သိနိုင်မယ် မထင်ပါဘူး။

########################

" ညို့ မနေ့က ကျွန်တော်ဆီ လာမယ်လို့ ပြောပြိး ရောက်မလာ ခဲ့ဘူးနော် "
" အင်း ဟုတ်တယ် သက္က မနေ့က သူငယ်ချင်း တစ်ယောက်နဲ့ အပြင်ရောက်နေ လို့လေ သက္ကဆီ အကြောင်းကြား ဖို့လဲ နောက်ကျ နေတာနဲ့ပဲ ဖုန်းလည်း မဆက်ဖြစ် တော့တာလေ "
" သြော် "

ဘာမှ ပြောစရာ မရှိသလို နုတ်ဆိတ် နေတဲ့ သက္ကကို ကြည့်ရင်း ကျွန်မ လွန်သွား ပြိးလားလို့ တွေးမိပေမယ့် ဘယ်လို အရိပ်ယောင် မျိုးနဲ့မှတော့ တောင်းပန် စကားပြောဖို့ ကျွန်မ မကြိုးစား မိဘူးလေ။ စိတ်ဆိုးကောင်း ဆိုးနေမှာ ဖြစ်ပေမယ့် သူတပါးကို အားနာ လိုက်လျှော တက်တဲ့ သက္ကရဲ့ အကျင့်ကြောင့် သေချာတယ် ကျွန်မကို သူအပြစ်တင် စကားပြောဖို့ ကြိုးစားမှာ မဟုတ်ဘူး လို့လဲ ယုံကြည်နေ မိပြန်တယ်။ အနိုင်ယူရာ ကျနေတယ် ဆိုပေမယ့် ကြိုတင်တမင် ရည်ရွယ် ပြိး အနိုင်ကျင့် တာမျိုး မဟုတ်ပဲ မမျှော်လင့်တဲ့ အကြောင်းတရား တစ်စုံတစ်ရာ ကြောင့် လွဲချော်မှု ဖြစ်သွား ခဲ့ရတာမို့ တောင်းပန်စရာ မလိုဘူးလို့လဲ စိတ်ထဲက ထင်မှတ် ထားလို့လေ။ တစ်ခါတစ်လေ ကျွန်မရဲ့ လုပ်ရပ်တွေက တစ်ပါးသူ အတွက် နာကျင်ကောင်း နာကျင်စေ ခဲ့မှာ မှန်ပေမယ့် နာကျင်အောင် မရည်ရွယ် ခဲ့သလို တမင်ကြိုတင် ပြင်ဆင်မှု မဟုတ်တဲ့ အတွက်လဲ ကျွန်မက ကိုယ့်လိပ်ပြာ ကိုယ်လုံနေ တဲ့သဘော။

" ညို့ ဟို....... ကျွန်တော် တစ်ခုလောက် မေးလို့ရမလား "

ခွင့်တောင်း သလိုနဲ့ တစ်ကယ်မေးဖို့ စိတ်ပိုင်းဖြတ် ပြိးမှ ပြောချလိုက်တဲ့ ပုံအထင်သားနဲ့ သက္ကက ကျွန်မကို မေးလာတယ်။ ရိုးသား သူတစ်ယောက်ရဲ့ မျက်ဝန်းတွေ မို့ထင်ပါရဲ့ သက္ကရဲ့ မျက်ဝန်းတွေကို ကြည့်ရုံနဲ့ ကျွန်မက သူကို အကဲခတ်ပြိး သူကရင်ထဲ ထိုးဖောက် မြင်နေရတာ သက္ကရဲ့ ညံ့ဖျင်းမှုလား၊ ကျွန်မရဲ့ အမြင်စူးရှ မှုကြောင့်လား ဘာရယ်လို့ တော့ကျွန်မ မသေချာ ခဲ့ဘူး။

" အင်းမေးလေ သက္က ဘာမေးမှာလဲ "
" ညို့ရဲ့ ပထမ ချစ်သူ အကြောင်း ပြောပြပါလား ညို့ဘက်က ပြောပြချင်စိတ် လဲရှိမယ် မခက်ခဲဘူး ဆိုရင်ပေါ့ ညို့ "
" လူ့ လောကမှာ မရှိတော့တဲ့ လူတစ်ယောက် အကြောင်း သိပြိးဘာလုပ်မှာလဲ သက္က၊ သူအသက် ရှင်စဉ်က ကောင်းချင် ကောင်းခဲ့မယ် ဆိုးချင် ဆိုးခဲ့မယ်၊ အခုလက်ရှိ အချိန်မှာ သူမရှိတော့ဘူးလေ။ အဲလို သူမရှိတော့တဲ့ အချိန်မှာမှ သူ့အကြောင်း ပြောတဲ့သူက မကောင်းတာကို ကောင်းတာလုပ်ပြိးလည်း ပြောနိုင်သလို ကောင်းတာကို မကောင်းဘူး ပြောလဲ ဘာတက်နိုင်မှာလဲ၊ ပြိးတော့ အထူး သဖြင့် ညို့နှုတ်ကနေ သူ့အကြောင်း ပြောပြ ပြိးသွားရင်ကော သက္က အတွက် ဘာတွေ ထူးခြားလာမယ် ထင်လို့လဲ "
" အဲဒီလို သဘောမျိုးတော့ မဟုတ်ဘူးလေ ညို့၊ ကျွန်တော် သူ့အကြောင်း အရမ်းသိချင်တယ်၊ သူဘယ်လို သူမျိုး တစ်ယောက် လဲဆိုတာ ကိုပေါ့ ၊ပြီးတော့ ညို့ တစ်ခါတစ်ခါ ကျွန်တော် မျက်နှာပေါ်ကနေ တစ်စုံတစ်ခု ရှာဖွေနေတယ် ဆိုတဲ့ အသိမျိုး ကျွန်တော် ခံစားလို့ရတယ်၊ ပြီးတော့ ညို့ မကွယ်ဝှက်တမ်း ပြောလို့ရမယ် ဆိုရင် ကျွန်တော်မှာ ညို့ရဲ့ စိတ်အစဉ်ကို စွဲဆောင် လွမ်းမိုး နိုင်တဲ့ တစုံတရာ ရှိမရှိ ကျွန်တော် သိခွင့် ရချင်မိတယ် ညို့ "
" ညို့ဆီကနေ ဘာတွေ ကြားချင်တာလဲ သက္က၊ ဘာကို သိချင်နေတာလဲ "
" ကျွန်တော် နဲ့ညို့ အမြဲလိုလို ငြင်းခုန်နေရတာ ကျွန်တော် မောနေပြီ ညို့၊ ရှေ့ဆက်ပြိး ညို့နဲ့ ဆက်လက် ငြင်းခုန် ဖို့ကျွန်တော် အင်အားမရှိအောင် ဖြစ်နေပြီ၊ ပြိးတော့ ညို့ဆီကနေ ကျွန်တော် တစ်စုံ တစရာကိုလဲ အရမ်းမျှော် လင့်နေတယ် ဆိုရင် ပိုမှန်မယ် ညို့။ ကျွန်တော် ဘာကို ဆိုလိုနေတယ် ဆိုတာ ညို့လို မိန်းခလေး တစ်ယောက်က မသိမှာတော့ မဟုတ်ပါဘူး၊ မသိချင်ယောင် ဆောင်နေတာမျိုး ပဲ နေမှာပါ။"
" ခက်ပြီ သက္က ညို့မှာ ဘာမှပြောစရာ မရှိတာ အမှန်ပဲ "

ရုတ်ချင်းဆို သလို ကျွန်မရဲ့ အပြောကြောင့် ပြိုတော့မယ့် မိုးလိုပဲ မှိုင်းကျသွားတဲ့ သက္ကရဲ့ မျက်နှာကို မကြည့်ပဲနဲ့ မြင်လိုက်ရတဲ့ ကျွန်မအဖို့ တော်တော်လေး ဘာရယ်မဟုတ် တစုံတရာ ရင်ထဲ စူးစူးနှစ်နှစ် ဝင်လာခဲ့သည်။ သက္က ထင်နေသလို ကျွန်မက သက္ကရဲ့ မျက်နှာ ပေါ်က တစ်စုံတစ်ခု ရှာဖွေနေ တယ်ဆိုတာလဲ ကျွန်မနှုတ်က ဝန်မခံလိုက် ပေမယ့် အဲဒါကလည်း အမှန်တရား တစ်ခုပဲလေ။ သက္ကဆီမှာ ကျွန်မအတွက် အစားထိုး မရနိုင်တဲ့ ဆုံးရှုံးခဲ့ပြိး ဖြစ်တဲ့ မျက်ဝန်းတစ် စုံနဲ့အတူ သူမတူနဲ့ ရိုးသားမှုတွေနဲ့ လူတွေအပေါ် အလျှော့ပေး ဆက်ဆံတက်တဲ့ အမှုအကျင့် လေးကြောင့်ပဲ ကျွန်မ တစ်စုံတစ်ခု နေရာမှာ အစားထိုး သတ်မှတ်လို့ ရှာဖွေ နေမိခြင်းပဲလေ။ အချိန်ကာလ တွေပြောင်းလဲ ခဲ့ပေမယ့် ကျွန်မအတွက် မနေ့တစ်နေ့ကလိုပဲ အတိတ်တွေထဲ ကျင်လည်နေမိ နေသူပီပီ အနားရှိနေတဲ့ သူကို သတိမထားမိ လောက်ပဲ ကျွန်မ အတွေးတွေ ကနယ်ကျွံနေလျှက် ရှိနေဆဲပဲလေ။

" ညို့ ကျွန်တော်မှာ ညို့ရဲ့ ချစ်သူနဲ့ တူတဲ့ တစ်စုံတစ်ရာ များရှိနေခဲ့လို့ ညို့နားမှာ ကျွန်တော်ကို ခေါ်ထားတဲ့ သဘောမျိုးလား ညို "

သိပ်ရိုးသား တဲ့သူတစ်ယောက် မို့ထင်ပါရဲ့ စကားပြောရင် ထိန်ချန်ပြောရမှန်း သက္ကတစ်ယောက် နားမလည်ရှာဘူး။ ဖြစ်ချင်တာတွေ ဖြစ်သင့်တာတွေကို အတိုက်အခံလုပ်ပြိး မှန်တယ်ထင်ရင် နောက်မဆုတ်တမ်း လုပ်တက်တဲ့ ဥာဉ်လေးကလည်း တစ်ခါတစ်ရံ ကလေးဆန်တဲ့ အပြုမှု တွေကို ဖြစ်ပေါ်စေတယ် ဆိုတာ သက္ကတစ်ယောက် မသိသေးဘူး ထင်ပါရဲ့။ ကျွန်မကိုယ်တိုင်လဲ တစ်ချိန်တုန်းက အဲလို ဖြစ်ခဲ့ဘူးတာ ပြန်လည်အမှတ် ရမိရင်း ဘာရယ်မဟုတ် ကျွန်မ နှုတ်ခမ်းတွေ မှာအပြုံး တွေခိုခဲ့ရတယ်။

" ညို့ ကျွန်တော့် စကားက ညို့ ပြုံးရလောက်အောင် ပဲ တစ်ခုခု ဖြစ်စေခဲ့သလား "
အတိတ်ကို ဖျက်ခနဲ သတိတရ ရှိလိုက်လို့ ပြုံးမိလိုက်တဲ့ တဒင်္ဂအပြုံးကို မြင်ဖြစ်အောင် မြင်လိုက်တဲ့ သက္က။ ကျွန်မ မျက်နှာကို စာဖတ်သလို များဖတ်နေလေ ရော့သလားတော့မသိ။
" မဟုတ်ပါဘူး သက္က၊ သက္ကအပြောကို ပြုံးတာ မဟုတ်ပါဘူး ညို့ တစ်စုံတစ်ခုကို သတိရသွားလို့ပါ။ "
" ညို့ အဲဒီတစ်စုံ တစ်ခုဆိုတာရော ကျွန်တော် ဘာလို့ သိခွင့်မရှိ ရတာလဲညို့ "
" တစ်ချို့ အကြောင်းအရာ တွေကို ညို့အနေနဲ့ လုံးဝ အစပြန်မဖော် ချင်တော့လို့ ဆိုရင် ပိုပြိး အဓိပ္ပါယ် ရှိသလို၊ ပိုပြိးမှန်တယ် လို့ညို့ ထင်လို့ပဲ သက္က "
" ကောင်းပြီလေ ညို့ဆီက ဘယ်တော့မှ ဖွင့်မပြောတော့ မှာသေချာပြီ ဆိုမှတော့ ကျွန်တော် ညို့စိတ်အနှောက်ယှက် ဖြစ်အောင် မမေးတော့ပါဘူး။ "
" ကျေးဇူးပါ သက္က "
ဒါပေမယ့် ကျွန်တော်ဘာသာ ကျွန်တော်စုံစမ်း ယူမှာပေါ့ လို့တော့ ကျွန်တော် စိတ်ထဲကပဲ ပြောလိုက်မိတယ်။ ခွင့်လွတ်ပါ ညို့။ ကျွန်တော် သိခွင့် ရှိသလို သိလဲသိသင့်တယ် ထင်လို့ပါ။

###################################

ကျွန်တော် ထင်ထားတဲ့ အတိုင်းပါပဲ ညို့က ကျွန်တော်ကို သူမရဲ့ ချစ်သူနဲ့တူလို့ တဲ့လေ။ သူမက အမြဲတမ်းပဲ ကျွန်တော့် အပေါ် ပဟေဠိ ဆန်တဲ့ မိန်းခလေး တစ်ယောက်ပါပဲ။ သူမက လွန်ခဲ့သော သုံးနှစ်လောက်က တော်တော်လေး ဆိုးသွမ်းခဲ့တဲ့ မိန်းမဆိုး တစ်ယောက် ဖြစ်ခဲ့သလို သူမဘယ်လောက် ဆိုးဆိုး နားလည်ခွင့်လွတ် အလိုလိုက်တဲ့ သူမထက် (၄) နှစ် ကြိးတဲ့ ချစ်သူ တစ်ယောက် ရှိခဲ့ပါတယ်တဲ့လေ။ ဆိုးချင်တိုင်း ဆိုးတာတောင် အပြုံးမပျက် အလိုလိုက် ချစ်တဲ့ ချစ်သူတစ်ယောက် ရုတ်တရက် မမျှော်လင့်ပဲ အက်စီးဒင့် ဖြစ်ပြီး ကွယ်လွန် သွားချိန်မှာ တော့ ညို့က လူတွေနဲ့ ပေါင်းရ သင်းရခက်သော သူတစ်ယောက်၊ နားလည်ရခက်တဲ့ ပုစ္ဆာဆန်တဲ့ မိန်းမတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်သွား ခဲ့ရတာတဲ့လေ။

ညို့နဲ့ ကျွန်တော် စတင်သိကျွမ်း ခဲ့တာကလည်း သူများတွေလို ကဗျာမဆန်ခဲ့ပဲ စကားတစ်ခုကို အခြေအတင် ဆွေးနွေးရကနေ သူမက တမင်တကာကိုပဲ ကန့်လန့်တိုက်သလား အောင့်မေ့ရ လောက်အောင် စကားလုံးတွေ ကြွယ်ကြွယ်နဲ့ ကျွန်တော်ကို တိုက်ခိုက် ခဲ့ပြီး ကျွန်တော် ဘဝထဲကို တိုးဝင်ခဲ့သူ တစ်ယောက်။ "ဒေါင်ဒေါင်မြည်မှ အိုး၊ သုံးလွန်းတင်မှ ကြိုး၊ အစဉ်အလာဆိုးတွေကို ရိုက်ချိုးနိုင်မှ ယောက်ျား၊ ငါချစ်လို့ရမှ မိန်းမ...။" သူငယ်ချင်းတွေ ကြားမှာ ဘာရယ်မဟုတ် ကျွန်တော် အပျော်အပျက် စနောက်နေကျ စကားလေး လိုပါပဲ။ ညို့နဲ့ကျမှ ကျွန်တော်ရင်ခုန် သံတွေ လှုပ်ရှားခဲ့ရတာ ညို့ကတော့ အသိမှတ် ပြုပုံတောင် မရဘူး။ ချစ်တက်လာအောင် သင်ပေးပြိးမှ တာဝန်မယူတဲ့ သူတစ်ယောက်လို့ ညို့ကို ကျွန်တော် အပြစ်တင်ဖို့ မကြိုးစားမိ တာတော့ အမှန်ပဲလေ။ ဒါပေမယ့်လည်း ညို့နဲ့ အတိုက်အခံ ဖြစ်နေသည့် တိုင်အောင် ညို့နားမှာပဲ ထာဝရ ရပ်တည်ခွင့် မျိုးကျွန်တော် တောင့်တမိတာ ကလည်း ကျွန်တော့ ရင်ထဲက ဆန္ဒ အမှန်ပါပဲ။

သူများတွေနဲ့ မတူ ဂျစ်တစ်တစ် ပုံစံနဲ့ လောကကြိးကို အရွဲ့တိုက်တဲ့ ပုံစံမျိုးနဲ့ သူမပတ်ဝန်းကျင်က လူတွေနဲ့ အတိုက်အခံ လုပ်နေရတာ နှစ်သက်တဲ့ မိန်းမဆိုးလေး အဖြစ်နဲ့ တစ်ခါတစ်ခါ ဖြစ်ချင်ရာဖြစ် တစ်ကိုယ်တော် လေလွင့်နေတဲ့ သူမရဲ့ ပုံစံက ဘယ်ကနေဘယ်လိုများ ကျွန်တော့်ရင်ကို တိုးဝင်လာခဲ့ တာပါလိမ့်။ တစ်ခါတစ်လေ ကျတော့လဲ လျိုဝှက်တယ် ပြောရမလား၊ ရင့်ကျက်တယ် ပြောရမလား မသိတဲ့ ဒသနတွေနဲ့ သူမက စာအုပ်ကြီး တစ်အုပ်လိုပဲ ခန့်မှန်းခက်တဲ့ အကြောင်းအရာတွေ တစ်သီချည်း ရှိနေခဲ့သလို မျိုး။ တစ်ချိန်တုန်းက တော်တော် ဆိုးခဲ့ပါတယ် ဆိုတဲ့ သူမက တစ်ခါတစ်လေ ကျတော့လည်း လူကြိး တစ်ယောက်ရဲ့ အပြုမှု ရင့်ကျက်မှု တွေနဲ့ ကျွန်တော်ကို ကလေးတစ်ယောက်ကို ကြည်စယ် နေသလိုလိုပါပဲ။" မိန်းမ တစ်ယောက်အတွက် တစ်သက်မှာ ယောက်ျားနှစ်ယောက် ရှိခဲ့မယ်ဆို တစ်ယောက်က အမှတ်တရထဲမှာ၊ နောက်တစ်ယောက်က တစ်သက်လုံး အနားမှာ " ဆိုရင် ကျွန်တော်ကတော့ ညို့ရဲ့ နားမှာ တစ်သက်လုံး နေခွင့်ရတဲ့ သူဖြစ်ချင် မိတယ် ညိုရယ်။

################################

" သက္က အချစ်ဆိုတာ ဘယ်လို အဓိပ္ပါယ် ဖွင့်မလဲ၊ ဘယ်လို ယူဆထားလဲ သက္ကအနေနဲ့ပေါ့ "

ထူးထူး ဆန်းဆန်း ကျွန်တော်နဲ့ ပါက်သက်ပြီး အချစ်အကြောင်း မဆွေးနွေးဘူးတဲ့ သူမ၊ တစ်ခွန်းမှ မဟဘူးတဲ့ သူမဆီက စကားကြားတော့ ကျွန်တော် တစ်အံ့တစ်သြနဲ့ သူမကို အလန့်တကြား မော့ကြည့်မိရတဲ့ အထိပါပဲ။ သူမကတော့ ဟန်မပျက် အပြုံးမပျက်နဲ့ တည်တည်ငြိမ်ငြိမ် ပါပဲ။ ကျွန်တော်မှာသာ သူမရဲ့ အမေးကြောင့် နေမထိ ထိုင်မရနဲ့ ချက်ချင်းဆိုသလို အေးစက်လာတဲ့ လက်ဖျားတွေ၊ ချွေးစေးပြန်မတက် ခြောက်ချား နေတဲ့ အတွေးတွေနဲ့။ အဲဒီလောက် ထိအောင်ပဲ သူမနဲ့ ပါက်သက်လာရင် ကျွန်တော်မှာ မတည်ငြိမ်မှု တွေများပြား ခဲ့ရတယ်လေ။

" ကျွန်တော် ခံယူထားတဲ့ အချစ်ဆိုတာ ဘယ်လိုပြောရမလဲ ညို့ ကျွန်တော် အတွက်ပေါ့ "

အမှန်တော့ ထိတ်လန့်မှုတွေနဲ့ ကျွန်တော် စိတ်တွေလှုပ်ရှား နေခဲ့တာဆိုရင် ပိုမှန်မှာပါ။ ဆရာရှေ့မှာ စာမေးခံရတဲ့ ကျောင်းသား တစ်ယောက်လို ကြောက်ရွံ့စိတ်တွေနဲ့ ခြောက်ချားပြိး အဖြေမှားမှာ စိုးရိမ်နေတဲ့ ကျောင်းသား တစ်ယောက်ရဲ့ အဖြစ်လိုပါပဲ။ သွေးပျက်နေခဲ့တယ် ဆိုရင် ပိုမှန်မယ် ထင်တယ်ညို။ သူမနဲ့ ခေါင်းစဉ်တွေ အများကြိး အတိုက်ခံ လုပ်ပြိး ဆွေးနွေးခဲ့ ဘူးပေမယ့် အချစ်ဆိုတာနဲ့တော့ သူမနဲ့ ငြင်းခုန်ဖို့ ကျွန်တော် ဆန္ဒမရှိတာ အမှန်ပါ။

" အင်း ပြောလေ သက္က၊ ညို့ နားထောင်နေတယ် "
" ကျွန်တော် ခံယူထားတဲ့ အချစ်ဆိုတာ သူနဲ့ ပက်သတ်ပြိး ကောင်းတူဆိုးတူ မျှဝေ ခံစားချင်တာ၊ ကောင်းတာဖြစ်စေ၊ ဆိုးတာပဲ ဖြစ်စေ ကျွန်တော်အတွက် သူရှိမှ ဖြစ်မှာ။ ဘယ်လိုမျိုး အနေအထားပဲ ဖြစ်စေ ကျွန်တော် တစ်ယောက်ထည်း ရပ်တည်လို့ မရဘူး။ သူဒုက္ခရောက်မျာဆိုးလို့ ကျွန်တော် ဒုက္ခရောက်မှာဆိုးလို့ ဆိုပြိး အနှစ်နာခံတာမျိုး စွန့်လွတ်လိုက်တာမျိုး မရှိဘူး၊ အချစ်ဆိုတာ ကျွန်တော်အတွက် ဘယ်လိုအနေထားမှာပဲ ဖြစ်ဖြစ်၊ ဘယ်လိုအခြေမျိုး မှာပဲဖြစ်ဖြစ် သူနဲ့ အတူရှိနေမှ ကိုဖြစ်မှာ ညို့၊ ကုန်ကုန် ပြောမယ်ညို သူနဲ့ ရန်ဖြစ်နေတဲ့ အနေထားမျိုး ဆိုရင်တောင် ခွဲနေလို့မရတဲ့ သုံးနဲ့လေး လိုမျိုး အမြဲ နီးနီးကပ်ကပ် ရှိနေမှ ဖြစ်မယ်။ အဲဒါ ကျွန်တော် ခံယူထားတဲ့ အချစ်ရဲ့ အဓိပ္ပါယ်ပဲ ညို့ "

ရင်ထဲရှီတဲ့ အတိုင်း ဖွင့်ပြောပြလိုက်ပြီး ကျွန်တော့်အဖြေကို ကျွန်တော် ကျေနပ်နေမိတယ်။ မဟုတ်ရင် ညို့နဲ့ ကျွန်တော် ငြင်းခုန် ကြတဲ့အခါ အချိန်မရွေး အမှားတွေ အများကြီး ဖြစ်ပေါ်လာ နိုင်တယ်လေ။ စကားအရာမှာ ပရိယာယ် ကြွယ်လွန်းတဲ့ သူမကို ကျွန်တော် တော်တော်လေး ကြောက်တာတော့လည်း အမှန်ပါ။

" အင်း ထားပါတော့ အဲဒါ သက္ကခံယူ ထားတဲ့ အချစ်ပေါ့ "
" ညို့ လည်းပြောပြလေ၊ ကျွန်တော်ကို အချစ်နဲ့ ပါက်သက်လို့ ဘယ်လိုခံယူ ထားလဲ ဆိုတာပေါ့ "
" အင်း ညို့ မပြောပြခင် သက္ကကို တစ်ခုလောက် မေးချင်တယ် ရတယ်ဟုတ် "
" အင်းရပါတယ် ညို့ ဘာမေးမှာလဲ မေးလေ"
" သက္ကကရော ချစ်သူအပေါ် ဘယ်လောက် နားလည်မှု ပေးနိုင်မှာလဲ "
" ဘယ်လောက် နားလည်မှု ပေးနိုင် မှာလဲဆိုတော့ ပေးနိုင်သလောက် အထိ ပဲဆိုပါတော့ "
" အင်း အတိုင်းအတာ တစ်ခုထိပဲ ဆိုပါတော့ ဟုတ်လား သက္က "
" ဟုတ်တယ်လေ ညို "
"အင်း ညို့ဖြေမယ် သက္က။ ညို့အတွက် အချစ်ဆိုတာ နားလည်မပေးနိုင်တဲ့ အရာတစ်ခုကို နားလည်ပေးနိုင်အောင် ကြိုးစားရမယ် ဆိုတဲ့ အရာပဲ။ ကဲ အဲဒါ ညို့ရဲ့ အချစ်ဆိုတာနဲ့ ပါက်သက်တဲ့ ခံယူချက်ပဲ သက္က "

သူမရဲ့ အပြောမှာ ကျွန်တော် ဘာမှပြန်မပြော နိုင်ခဲ့အောင် စွန့်အခဲ့ရတယ်။ သူမက မမျှော်လင့်တဲ့ ရှူထောင့်ကနေ အမှတ်မထင် ဝင်ရောက်လာတက်တဲ့ ရိုက်ချက်မျိုးတွေနဲ့ ကျွန်တော့ကို မိန်းမောစေရ လောက်အောင်ပဲ သူမတူနဲ့ မိန်းခလေး တစ်ယောက်ပါပဲ။ အမြဲလိုလို အငြင်းခုန်တွေ ဆန့်ကျင်ဘက်တွေနဲ့ အကြိမ်ပေါင်းများစွာ ငြင်းခုန်ခဲ့ ဘူးပေမယ့် အခုလို အခြေနေမျိုးမှာ ကျွန်တော်ဘက်က ငြင်းဆန်ဖို့ စကားရှာမရ ခဲ့တာကတော့ ကျွန်တော်ရဲ့ ညံ့ဖျင်းမှုလား၊ သူမရဲ့ ထိရောက်တဲ့ အဖြေတစ်ခု ကြောင့်လားတော့ မသေချာပေမယ့် သူမနဲ့ ကျွန်တော် ဒီနေ့ ဆွေးနွေးမှုမှာ ပြသနာနဲ့ အဆုံးသတ် မသွား တာကိုတော့ ကျွန်တော် ကျိတ်ပြိး ဝမ်းသာမိတာတော့ အမှန်ပဲ။

" ကဲ ညို့တို့ ပြန်ကြရအောင် သက္က၊ နောက်မှ ပြန်ဆုံကြတာပေါ့ "
" ညို့ ကိုကျွန်တော် လိုက်ပို့ပေးမယ်လေ "
" အင်း ပို့လေ သက္က "

ပြောလဲ ပြော ထလဲထရင်း သံယောဇဉ် မကုန်စွာ ထိုင်ခုံတန်းလေးကို ငေးမော ကြည့်နေတဲ့ သက္ကကို ကြည့်ပြိး ကျွန်မ ကိုယ်တိုင် သဘောကျစွာ ပြုံးလိုက်မိသည်။ အမှန်တော့ ဒီနေ့ ဆွေးနွေးပွဲရဲ့ ရလဒ်က သက္ကအတွက် ရှုံးနှိမ့်တယ်လို့ ထင်ကောင်း ထင်နေပေမယ့် အနိုင်ရလိုက်တဲ့ ကျွန်မရဲ့ အနိုင်က မှန်ကန်တဲ့ အနိုင် မဟုတ်တာကိုတော့ သက္က သိမယ် မထင်ပါဘူး။ ဟိုးအရင် လေးနှစ်လောက် တုန်းကလဲ ကျွန်မလည်း သက္ကလို အလဲလဲ အကွဲကွဲ ရှုံးခဲ့ဖူးသူ တစ်ယောက်ပဲလေ။ ပြိုင်ပွဲ အတွေ့ကြုံ ရှိသူ တစ်ယောက်နဲ့ ပထမဆုံး ပြိုင်ပွဲ ဝင်သူဆိုရင် အတွေ့အကြုံ ရှိသူက နည်းနည်းလေးတော့ သာတယ်ဆိုတဲ့ အချက်လေး တစ်ခုအနေနဲ့ ပါပဲ ဆိုတာ သက္ကကို မပြောဖြစ်တော့ပဲ ကျွန်မ တစ်ယောက်ထဲ အတွေးတွေ ထဲမှာ သဘောတကျ ပြုံးနေမိရင်း သက္က တစ်ယောက်ကတော့ ကျွန်မနဲ့ ယှဉ်လျှက်ကနေ ဘာမှမသိ နားမလည်စွာ နှုတ်ဆိတ် နေလျှက်။။။

##################################

" ညို့တို့ လမ်းခွဲကြရအောင် သက္က "

မထင်မှတ်တဲ့ ရိုက်ချက်နဲ့ အလစ်ဝင် ရိုက်ခံလိုက်ရတဲ့ လူတစ်ယောက်လိုပဲ ဟန်ချက် မဲ့စွာနဲ့ ရုပ်ပျက်ဆင်းပျက် ကျွန်တော် ကျရှုံး ခဲ့ရတယ်။ ဘာစကား တစ်ခွန်းမှ ပြန်လည် ငြင်းခွင့် မရှိအောင်ပဲ ကျွန်တော်ရဲ့ နှုတ်ခမ်းတွေ ဆွံ့အခဲ့ရတယ်။ သူမသဘောနဲ့ သူမ ကျွန်တော်ဘဝထဲ တိုးဝင်လာခဲ့ပြီး အခုတော့လည်း သူမသဘောနဲ့ သူမ ထွက်သွားတော့မယ်လေ။


" ညို့တို့ သဘောထားတွေ မတိုက်ဆိုင် ကြဘူးလေ၊ ဘဝ တစ်လျှောက်လုံး လက်တွဲဖို့ ဆိုတာ လွယ်တာမှ မဟုတ်တာ သက္ကရဲ့၊ အချိန်မရွေး၊ အကြောင်း မတိုက်ဆိုင်လို့ စိတ် သဘောထား ကွဲလွဲကြသလို လမ်းခွဲ ကြဖို့ ဖြစ်လာတာလဲ လက်ခံ ကြရမှာပေါ့ "

သူမကတော့ စကားတွေဖောင်ဖွဲ့ သွေးအေးအေးနဲ့ တည်တည် ငြိမ်ငြိမ် ဖြစ်နေ သလောက် ကျွန်တော်မှာတော့ ကမ္ဘာပျက်မဲ့ အဖြစ်မျိုး ဆိုတာ သူမ မသိခဲ့လေရော့ သလား။ သွားစမ်းပါ အဲဒီ အသုံးနှုန်းတွေက ဆင်ခြေတွေပါ။ ဟိုးယခင်ကလို သူမနဲ့ အတိုက်အခံ မလုပ်ဖြစ် တော့ပဲ နှုတ်ဆိတ် လျှက်သာ ကျွန်တော် နားထောင်နေမိသည်။ သူမရဲ့ နှုတ်က ဖွင့်မပြောခဲ့ ပေမယ့် သူမကိုယ်တိုင် သူမရဲ့ အသိစိတ်ထဲမှာ ကျွန်တော်ကို ချစ်ခဲ့ဖူးတာ မဟုတ်ဘူးဆိုတာ အတက်သိနေမှတော့ လမ်းခွဲဖို့ ပြောနေတဲ့ သူမကို ကျွန်တော် တားဆိးဖို့ အင်အားမရှိခဲ့ဘူးလေ။ သူမ အမှန်တစ်ကယ် ချစ်ခဲ့သူက ကျွန်တော်မှ မဟုတ်ခဲ့တာ။ ကျွန်တော်အတွက် သူမရဲ့ ရင်ခုန်သံ တစ်ခုတစ်ရာ အစစ်အမှန် တစ်ခု ကျွန်တော် ရရှိခဲ့ခြင်း မရှိခဲ့တာ ကျွန်တော်ကိုယ်တိုင် အသိဆုံးပဲလေ။

အကြောင်းပြချက် မဲ့စွာ မဖိတ်ခေါ်ပဲ သူမ ကျွန်တော့် ဘဝထဲကို ဝင်လာ ခဲ့သူ တစ်ယောက် ဖြစ်သလို ယခုလဲ မနှင်ထုတ်ပဲ ထွက်သွားဖို့ ပြင်ဆင်နေတဲ့ သူမကို ကျွန်တော်မတားပါဘူး။ ထွက်သွားဖို့ အဆင်သင့် ဖြစ်လို့ ပြင်ဆင်ခဲ့ပြီး နေပြီဖြစ်တဲ့ သူမဆီကလည်း ကျွန်တော် ဘယ်လို အကြောင်းပြချက် မျိုးမှ အလိုမရှိပါဘူး။ သူမအတွက် ပုံမှန် ထမင်းစား ရေသောက် အဆင့်ဆိုပေမယ့် ကျွန်တော့် အတွက် ဘဝတစ်ခုလုံးနဲ့ ပုံအပ်ခဲ့တာ သူမ မသိတာလဲ မဟုတ်၊ မမြင်တာလဲ မဟုတ်။ သေချာတာ သူမ မခံစားပေး တက်တာပဲ နေမှာပါ။ အချိန်ကာလ တော်တော်ကြာ လိုချင်တောင့်တ ခဲ့ရတဲ့ တစ်စုံတစ်ရာ ရလာနိုးနိုးနဲ့ မျှော်လင့်စောင့်စား နေခဲ့ရပေမယ့် မရခဲ့လို့ ကျွန်တော်ဘက်က ငြိုငြင်မှု စိုးစဉ်မှ မရှိခဲ့တာ သူမ အသိဆုံးပဲ နေမှာပါ။ မနက်ဖြန်များစွာ အတွက် ပုံအောထားတဲ့ မျှော်လင့်ချက်တွေကို သူမအတွက် အားတင်းထားတဲ့ ခံနိုင်ရည် တွေကို ရိုက်ချိုးပစ်တာလဲ သူမကိုယ်တိုင်ပါပဲ။

" ကျွန်တော် မှားသွားခဲ့တယ်ညို့၊ အကြိးအကျယ် မှားသွားခဲ့တာ တစ်ခုရှိတယ် အဲဒါ ဘာလဲ ဆိုတော့ ကျွန်တော် မုန်းတက်အောင် အရင်သင်ပြိးမှ ချစ်တက်ဖို့ ကြိုးစား သင့်တာ အခုတော့ ကျွန်တော် ...."

ပြောနေရင်း သူမလောက် ခံနိုင်ရည် မသိတဲ့သူ တစ်ယောက်မို့ ဆက်ပြောဖို့ ခွန်အားမဲ့ စွာနဲ့ပဲ ကျွန်တော်စကား မဆက်နိုင်ခဲ့ ဘူးလေ။ သူမနဲ့ ပါက်သက်လာရင် ကျွန်တော် အဲလောက်ထိ ညံ့ဖျင်းစွာပဲ ပျော့ညံ့ မိပါသည်။ ဘောင်ခတ် မထားတဲ့ ချစ်ခြင်းတွေမှာ သူမအတွက် ချုပ်နှောင်မှု မရှိပဲ ဟန်ဆောင်မှု ကင်းကင်းနဲ့ အရိုးသားဆုံး ချစ်သူ တစ်ယောက် အဖြစ် ကျွန်တော် ရပ်တည်ခဲ့ တယ်ဆိုတာ သူမသာလျှင် အသိဆုံး ဖြစ်မှာပါ။ အကြိမ်ကြိမ် ငြင်းခုန်ခဲ့ဘူးတဲ့ Actoin and Reaction ၇ဲ့သဘောတရား အခုတော့ လက်တွေ့ပဲ ဆိုတာ သူမ အမှတ်ရ မရတော့ မသိ။ ကျွန်တော်တော့ ခေါင်းထဲ တန်းပြိး ဝင်ရောက် လာတာလေ။ မေတ္တာရဲ့ သဘောတရား အသွားအပြန် ရှိတယ် ဆိုပေမယ့် 100 % (၇ာခိုင်နှုန်း) အပြည့်မဟုတ် ဘူးလို့ အပြန်လှန် ငြင်းခဲ့ဘူး ကြသလို ပါပဲလေ။ ဘယ်သူ ဘယ်သူ ကိုမှ အပြစ် မတင်ပဲ ကိုယ်ကိုတိုင်ရဲ့ အားနည်းမှု ကြောင့်သာ ခုလို ဖြစ်ရတာလို့ပဲ ကျွန်တော် ခံယူပါ့မယ် ညို့ရယ်။

တစ်ကယ်တော့ ညို့... ဆက်ပြောဖြစ် မယ်ဆိုရင် ဟိုယခင်စသိခဲ့ စတုန်းလိုပဲ အပြိုင်ဆိုင် ငြင်းပွဲလေး တစ်ခု ဖြစ်ခဲ့ အုံးမှာပါ ညို့။ " သဘောထား မတိုက်ဆိုင် လို့လွမ်းခွဲ ကြတယ် " လို့ညို့ ဘက်က ယူဆခဲ့ ပေမယ့် " တိုက်ဆိုင်မှု တွေများလွန်းတဲ့ လူနှစ်ယောက်၊ စိတ်ဓါတ်တွေ တူလွန်းတဲ့ နှစ်ယောက်၊ အကြိုက်ချင်းတွေ ထပ်တူကြ လွန်းတဲ့ လူနှစ်ယောက် ကအမြဲအတူတူ နေဖို့ မဖြစ်နိုင်ဘူး :" လို့ ကျွန်တော် ညို့ရဲ့ အဆိုကို ငြင်းလို့ ရအုံးမှာပါ။ ကျွန်တော်နဲ့ ညိုက အကျင့်စရိုက် လေးတွေ၊ ဝါသနာတွေ၊ အကြိုက်တွေ၊ အကျင့်လေးတွေ နောက်ဆုံး စွဲလန်းမှုကြိးတာ တောင်တူနေကြ လို့ပေါင်း စည်းလို့ မရတာမျိုးပဲ ဖြစ်နေခဲ့ မှာပါ ညို့။ ကျွန်တော်တို့ ဆွေးနွေးဖူးတဲ့ အချစ်အကြောင်းလေး ပြန်လည် တွေးတော သုံးသပ် ကြည့်မယ် ဆိုရင်တောင် ညို့နဲ့ ကျွန်တော် ဘယ်လိုပဲ သဘောထားတွေ မတိုက်ဆိုင် နေပါစေ ညို့နဲ့အတူ ကျွန်တော် နီးနီးလေးမှာပဲ နေခွင့်ရချင်ခဲ့ တာလေ။ အဲဒီအချိန် တုန်းက ညိုလည်း ပြောခဲ့ဘူးတာပဲလေ။ နားမည်နိုင်တဲ့ အရာတွေကိုတောင် နားလည်နိုင်အောင် ကြိုးစားပြိး ချစ်မှာလို့ ပြောခဲ့တာလည်း မှန်ပါတယ်။ ညို့သာ ကျွန်တော်ကို ရင်ခုန်ခဲ့မယ်၊ ချစ်ခဲ့ဖူးမယ် ဆိုရင် ညို့ရဲ့ ခံယူချက် အတိုင်း ညို့ချစ်မှာလို့လဲ ကျွန်တော် ယုံကြည်ပါတယ် ညို့။ တစ်ကယ်တော့ ညို့မှ ကျွန်တော်အပေါ် မချစ်ခဲ့ တာပဲလေ။

အဲဒီလိုပါပဲ ညို။ တစ်ချိန်ထဲမှာပဲ ကျွန်တော်က ညို့အကြောင်းတွေး နေပြိး ညို့ကို သတိရနေသလို ညို့ကလဲ ကျွန်တော် မဟုတ်တဲ့ တခြားသူ တစ်ယောက်ကို တွေးပြိး သတိရနေမှာပဲလေ။ အဲဒါတွေက ကျွန်တော်နဲ့ ညို့နဲ့ အတွက် တိုက်ဆိုင်မှု တွေများလွန်းလို့ ပေါင်းစည်းမရတဲ့ အချက်တွေပဲလို့ ညို့နဲ့ မငြင်းဖြစ်ခဲ့တဲ့ ကျွန်တော်နဲ့ညို့ရဲ့ အမှန်တစ်ကယ် အကြောင်းရင်း မှန်တစ်ခုမို့ ဘယ်လို အပြစ်တင်စကား မှမဆိုပဲ ကျွန်တော် ညို့ရဲ့ အဆိုတင် သွင်းမှုကို နားလည်မှု အပြည့်နဲ့ ခွင့်ပြုပေးခဲ့ လိုက်တာကို ညို့သိနိုင်မယ်လို့ ကျွန်တော် ယုံကြည်နေတယ်ညို။ ချစ်ခြင်းတစ်ခု ကိုမေ့ပစ် လိုက်ရအောင် အိမ်မက်မှ မဟုတ်ခဲ့တာပဲ ညိုရယ် ကျွန်တော် နားလည်ပါတယ်။ ညို့ရင်ထဲက တခြားတစ်ယောက် ကိုချစ်တဲ့ ချစ်ခြင်း တရားထက် မနိမ့်ကျတဲ့ ချစ်ခြင်းတွေနဲ့ ကျွန်တော် ညို့ကို ရင်ခုန်ပြိး ချစ်ခဲ့ရတာပါ ညို့။ ချစ်တက်သူ ခြင်းတွေသာ အချစ်ကြောင်းကို နားလည် တက်ကြတာပဲ မဟုတ်လား ညို့။ လွယ်လွယ် ရင်ခုန်ပြိး လွယ်လွယ် ချစ်တက်ကြတဲ့ သူတွေမဟုတ် တဲ့အတွက် လွယ်လွယ် မမေ့နိုင်ကြတာ ကို အပြစ်တင်လို့ ဘယ်ရပါမလဲ ညို့ရယ်။

" ကျွန်တော် ကိုပြော စရာမရှိ တော့ဘူးဆိုရင် ဒီတစ်ခါတော့ ကျွန်တော်ကို အရင်သွားခွင့် ပြုပါညို "

ခွင့်တောင်းတဲ့ ကျွန်တော်ကို ကြည့်ပြိး သူမက ခေါင်းညိမ့်ပြီး အသိမှတ်ပြု တော့ ကျွန်တော့် ခြေလှမ်းတွေ ရွှေ့လို့ မရအောင် လေးလံနေ ခဲ့တာ ဘာအတွက် ကြောင့်များလဲ ညို။ ကျောခိုင်းပြိး လျှောက်ခဲ့တော့မှ အတားဆီးမဲ့ စွာ တစ်လိမ့်လိမ့် ကျဆင်းခဲ့ မျက်ရည်တွေက ယောက်ျားဆိုတဲ့ မန်ကိုတောင် မထားနိုင်တဲ့ အထိအောင် အချစ်က စွမ်းဆောင် နိုင်ခဲ့ တာညိုလည်း ခံစားဖူးသူ တစ်ယောက်မို့ သိမယ်ထင်ပါတယ် ညို။ ကျဆင်းလာတဲ့ မျက်ရည်တွေ ကိုမတားဆီး နိုင်သလို ညို့ကို ချစ်ခဲ့မိတဲ့ အချစ်တွေကိုလဲ ရုတ်သိမ်း ဖို့မလွယ်ကူ တဲ့အကြာင်း တစ်ခါမှ မရရှိခဲ့တဲ့ ညို့ရင်ထဲက ချစ်ချင်း အတွက် ငိုခွင့် ရှိခဲ့မယ် ဆိုရင် ယောက်ျား ဆိုတဲ့ နမ်တစ်ခု အသားထားပြီး တစ်ခါလောက်တော့ ကျွန်တော် ငိုပရစေ တော့ ညိုရယ်။


##########################

စာဖတ်သူများအား အစဉ်အမြဲ လေးစားလျှက်
 ကြိုးစားနေမယ့်
Angelhlaing







15 comments:

ညို့ ကြောင့် ငို ။ ချစ်ခဲ့ကြသည် ဆိုသော်လည်း မျက်ရည်တွေ သောကတွေ နဲ့ ကြည်နူး ဆွတ်ပျ့မှုလေးတွေ တော့ ရနိုင်ခွင့်ရှိသင့်တာပေါ့လေ

လူသားအားလုံး ဆုံမိတဲ့ အချစ်ပလက်ဖောင်းမှာ မြောင်းပေါက်ထဲ ကျွံကြမိလေသလား သက္က ရယ်။

မောင်လင်းသစ် အားပေးဖတ်ရှုအားပေးသွားပါတယ်ဗျာ။။

ဟိဟိ။။ အရမ်းမိုက်ပါ၏ ။။ ခွဲသာခွဲ မင်းဂရုမစိုက်နဲ့။။ဟိဟိ ကိုယ့်စိတ်နဲ့ကိုယ်။။။

မုန်းတက်အောင် အရင်သင်ပြိးမှ ချစ်တက်ဖို့ ကြိုးစား သင့်တာ အခုတော့ ကျွန်တော် မျကည်ရည်နဲ့ပဲ ကျောခိုင်းခဲ့ရတာပေါ့

အချစ်မှာ စိတ်သဘောထားချင်း တိုက်ဆိုင် ၊ မတိုက်ဆိုင် ဆိုတာထက် အဓိက က နားလည်မှု ရှိဖို့လိုတယ်လို့ ထင်တယ်။ ဒါနဲ့ အချစ်ကို ပေါင်းကွပ်ရမှာ။ အခုတော့ . . .

အင်း ညီမ ရေ

အချစ်ဝတ္ထုလေး ဖတ်သွားတယ်နော် အားပေးနေပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ပြေပြစ်တဲ့အရေးအသားနဲ့ ဝတ္ထုတိုလေးကို ခံစားဖတ်ရှုသွားပါတယ် ညီမလေးရေ...

ဖတ်မှတ် လေ့လာ၊ ပြုံးပျော်၊ ၀မ်းနည်း ရသအစုံနှင့် ဖတ်သွားသည်။

လာဖတ်သွားတယ်နော်။။ အချစ်အကြောင်းတွေကို မခံစားဖူးတော့ နဲနဲတော့ လည်နေတယ်... အထဲမှာ “ ပြီး” ဆိုတာအစား “ပြိး”လို့ တော်တော်များများ တွေ့တယ်။။ စိတ်မရှိပါနဲ့နော်။။။ စာဖတ်ရင်း သတိထားမိလို့ပါ။ အမြဲအားပေးနေပါတယ်။ ပျော်ရွှင်ပါစေ။။။

ချစ်မိရင် ခံစားရတာပါဘဲ ညီမရေ..
ဒီတော့ အချစ်နဲ့ဝေးလေ ကောင်းလေဘဲမဟုတ်လား။
ဝတ္ထုထဲက သက္က သနားပါတယ်။ ချစ်တော့လည်း ခံစားရရှာတယ်

jasmine လဲလာပြီးခံစားသွားပါတယ်ရှင်။
တူတူခံစားတယ်ဆိုလို့လဲဝမ်းသာနေပါတယ်

ဇာတ်လမ်း အစတော့ ခပ်ဆင်ဆင်လေးပါ..အဆုံးတော့ဘယ်လိုလာမလဲမသိဖူး..တူများတူနေမလားပဲ...လေ

ဖတ်သွားတယ်ညီမလေး

ဝတ္ထုတိုလေး လာဖတ်ပြီး အားပေးသွားပါတယ်နော်... လှိုင်။ စာလုံးပေါင်း သတ်ပုံလေးတွေနဲ့ space ခြားတာလေးကို ပိုသတိထား လိုက်ရင် ပိုပြီး သပ်ရပ် အဆင်ပြေသွားမယ် ထင်လို့ အကြံလေး ပေးသွားပါတယ်နော်။

အချစ်ကို အဓိပ္ပာယ် ဖွင့်ဆိုထားတာလေး နှစ်သက်မိတယ်။ "အချစ်ဆိုတာ ကျွန်တော့် အတွက် ဘယ်လို အနေထားမှာပဲ ဖြစ်ဖြစ်၊ ဘယ်လို အခြေမျိုးမှာပဲ ဖြစ်ဖြစ် သူနဲ့ အတူ ရှိနေမှကို ဖြစ်မှာ ညို့... ကုန်ကုန် ပြောမယ် ညို့ သူနဲ့ ရန်ဖြစ်နေတဲ့ အနေထားမျိုး ဆိုရင်တောင် ခွဲနေလို့ မရတဲ့ သုံးနဲ့လေး လိုမျိုး အမြဲ နီးနီးကပ်ကပ် ရှိနေမှ ဖြစ်မယ်။ အဲဒါ ကျွန်တော် ခံယူထားတဲ့ အချစ်ရဲ့ အဓိပ္ပါယ်ပဲ ညို့ "

လှိုင်ရေ... ၀တ္ထုတိုလေး လာဖတ်ပြီးပြီ။ စကားပြောခန်းလေးတွေ ကြိုက်တယ်။ အထူးသဖြင့် သက္က ဖွင့်ဆိုထားတဲ့ အချစ် အဓိပ္ပာယ်။ ရို့စ်တို့လည်း ခဏ ခဏ စကားများတတ်လို့လေ ခစ်ခစ်း))

"အချစ်ဆိုတာ ကျွန်တော့် အတွက် ဘယ်လို အနေထားမှာပဲ ဖြစ်ဖြစ်၊ ဘယ်လို အခြေမျိုးမှာပဲ ဖြစ်ဖြစ် သူနဲ့ အတူ ရှိနေမှကို ဖြစ်မှာ ညို့၊ ကုန်ကုန် ပြောမယ် ညို... သူနဲ့ ရန်ဖြစ်နေတဲ့ အနေထားမျိုး ဆိုရင်တောင် ခွဲနေလို့ မရတဲ့ သုံးနဲ့လေး လိုမျိုး အမြဲ နီးနီးကပ်ကပ် ရှိနေမှ ဖြစ်မယ်။"

တကယ်လို့များလွမ်းဆွေးကြေကွဲခြင်းတွေဟာအနုပညာ
ဖြစ်ခဲ့မယ်ဆိုရင်တော့ မပြောတတ်တော့ပါဘူး ဒါပေမယ့်
ညီမငယ်ရဲ တင်ထားတဲ့ပုံကလေးပြုံးစေခြင်မိတာတော့
အမှန်။

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More