မနက်ခင်းတစ်ခုရဲ့
အေးစိမ့်စိမ့် လေနုအေးအတူ
ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေတဲ့ ရော်ရွက်ဝါတွေနဲ့အတူ
ဟိုတစ်ချိန်က ဆောင်းမနက်ခင်းတစ်ခု
အမှန်တစ်ကယ် လှပခဲ့ဘူးတာ မှတ်မိသေးရဲ့လားချစ်သူ။
လေအရူးမှာ မြူးတူးနေတဲ့
ရွက်ဝါတွေလို မခိုင်အသဲနဲ့ တနိုင်ပန်းကိုမှန်းခဲ့မိလို့
မြေခကြွေကျရသည့်တိုင်အောင်
ညိုးငယ်ဟန်မပြ လေနှင်ရာ ခရီးဆက်မဲ့
ရော်ရွက်ဝါလို အသည်းနဲ့လူမို့
ချန်ရစ်ခဲ့သည့်တိုင်အောင်
ဒီလူမှာ လွမ်းရဆဲပါ ဆောင်း။
မြူခိုးတွေဆိုင်း မှုန်ရီမှိုင်းတဲ့
ညို့မှိုင်းမှိုင်း ကောင်းကင်ပြာရယ်....
ရာဇဝင်ထဲက လမ်းမပေါ်က
ပြန်ရှာမရတဲ့ ခြေရာတွေရယ်.....
စမ်းရေစီးသံ အလား
ချိုလွင် ငြိမ့်ညောင်းတဲ့ ရယ်သံလေးတွေရယ်.....
တစ်သက်မခွဲ ခိုင်မြဲဖို့ရယ်လို့
ရည်ရွယ်လို့တွဲယှက် ထပ်ခဲ့တဲ့ လက်တစ်စုံရယ်......
နှစ်တွေဘယ်လောက် ပြောင်းပြောင်း
ရာသီခွင်တစ်ခါ လည့်လို့ ဒီလိုဆောင်းကိုရောက်တိုင်း
နားခိုရာ ရင်ခွင်မဲ့ ဘဝနဲ့ ထပ်ခါထပ်ခါ လွမ်းနေရဆဲမို့
ဒီဆောင်းကို နာမည်ပေးလိုက်မယ် လွမ်းတသသဆောင်းရယ် လို့...။
2 comments:
လွမ်းတသသဖြစ်ရပါသော ကဗျာလေးကောင်းလေးဗျာ။
ချမ်းတမြမြဆောင်းပါဗျာ။။။
မန်းတုန်အောင်လမ်းဆုံကနေဟစ်ချင်တော့တယ်။။။။
ဟိဟိ။။။ ချမ်းတယ်အမရ ဆောင်းဆိုတာက။။။။။။။။
Post a Comment