http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Thursday, December 23, 2010

စာဖတ်ဝါသနာပါသောသူငယ်ချင်းတို့အတွက်..

ဖတ်မည့်စာအမျိုးအစားကိုသိရမည်၊စာဖတ်သည့်အခါတွင်လည်းမျှော်ကိုးမှုနှင့်ဖတ်ဖို့လိုပါသည်.
မျှော်ကိုးမှုဆိုတာတခြားမဟုတ်ပါဘူး
...ဖတ်တဲ့စာတွေထဲကဘာတွေယူရမယ်
…အကြောင်းအရာအချက်အလက်တွေမှတ်သားဖို့လို၊မလို
…သိရုံဖတ်ရမလား
…အသေးစိတ်အလွတ်ရအောင်ဖတ်ဖို့လိုမလို
…ဖတ်တဲ့စာထဲမှာအကျိုးရှိမယ့်အရာတွေကိုလက်လွတ်မခံပဲ မှတ်သားတက်ဖို့
လိုပါတယ်

စာဖတ်သက်ရင့်လာပြီဆိုရင်လူတိုင်းကိုယ်နဲ့လိုက်ဖက်မဲ့စာ..ကိုယ်အကြိုက်စာတွေကိုရွေးခြယ်တက်လာတာနဲ့အမျှ အားလုံးသောစာတွေထဲကမှနျစ်သက်ရာရွေးချယ်ဖတ်လာတက်ကြတယ်လေ…စာဖတ်အခါ အမှုမဲ့အမှတ်မဲ့
ဖတ်ခြင်းဆိုတာအမြဲတမ်းအတွက်မသင့်တော်ပါဘူး..ဖတ်လိုက်တဲ့စာထဲကတစ်ခုခုများရလိုက်မယ်ဆို အကောင်းဆုံးပဲပေါ့…ကိုတိုင်လည်းစာသာဖတ်ခဲ့တာရည်ရွယ်ချက်မရှိ၊မျှော်ကိုးမှုမရှိနဲ့ဖတ်တော့ဖတ်တာပဲအရာမရောက်ပဲ
အချိန်တော်တော်ကြာဘာရယ်မဟုတ်စာကောင်းလေးတွေနဲ့လွဲခဲ့ရလို့စာဖတ်ရင်သတိထားလို့ရအောင်ရလာတဲ့
အသိလေးကိုဝေမျှပေးတာပါ..ခုမှကိုယ်တိုင်လည်းစာဖတ်ရင်းအရမ်းကြိုက်တဲ့စာသားလေးတွေဆိုရင်ချက်ခြင်းမမှတ်မိရင်မှတ်စုလေးနဲ့ချရေးတက်တဲ့အကျင့်လေးတစ်ခုရခဲ့တာပါ…အရင်တုန်းကဆိုစာတွေသာဖတ်ခဲ့တာစာဖတ်နည်းမမှန်တော့ ရသ၊သုတတွေနားမလည်ဘူး..ဖတ်ဆိုသိမ်းကြုံးဖတ်..ပြီးရင်မေ့…ဘာမှမကျန်ခဲ့ဘူးလေ…
အခုလိုစနစ်တကျစာဖတ်အောင် ဇင်သန်(စာဖတ်ကျွမ်းခြင်းနှင့်ဘဝတိုးတက်ခြင်း)စာအုပ်လက်ဆောင်ပေးခဲ့သော
ဦးဇင်းဦးတေဇာနန္ဒ(ခေတ္တဘန်ကောက်)အားအထူးကျေးဇူးတင်ပါကြောင်း…
(ချစ်ရတဲ့သူငယ်ချင်းတွေနဲ့စာဖတ်ဖို့စတင်ကြိုးစားနေတဲ့စာဖတ်သူတွေကိုသာကိုယ်တွေ့ဗဟူသုတအနေနဲ့သာ ဝေမျှခြင်းဖြစ်ပါတယ်)

0 comments:

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More