http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Thursday, March 17, 2011

ကျရှုံးခြင်း




















ဘရုတ်သုတ်ခဆန်ဆန်
" စကား "
လွန်ဆွဲပွဲ တစ်ခုက စလို့ပေါ့...

ဝရုန်သုန်းကား
ဖြစ်ကျန်ခဲ့တဲ့ ခံစားမှု
အပိုင်းအစတွေအကြောင်း..

ခက်ထန်တဲ့
မျက်ဝန်းနက်တွေရဲ့ အောက်မှာ
နာကျင်ရိပ်တွေ အပြည့်ရှိခဲ့တာ...

မပြေပြစ်တဲ့
အပြောတွေရဲ့ နောက်ကွယ်မှာ
ကြေကွဲမှုတွေ ရှိနေခဲ့တာ..

မာကျောချင်ယောင်
ဆောင်ခဲ့တဲ့နှလုံးသားက
ပုံစံမပျက် မွမွကြေနေခဲ့တာ....

ဟားတိုက်
ရယ်မောခြင်းရဲ့
နောက်ကွယ်က နေ့စဉ်ရက်စက်
ငိုကြွေးခဲ့ရတဲ့ မျက်ရည်စက်တွေ...အကြောင်း


အဲဒါတွေ
အပြင်
ချရေးလို့မရတဲ့
စကားလုံးတွေ ရင်မှာအပြည့်ရှိတယ်....

မငိုပါနဲ့
မချစ်ဘူးဆိုပြိး
သနားပြနေလို့လဲ
ငါဘဝက ဘာထူးလာမှာမို့လဲဟာ...

ငါ့အတွက် ရင်ထဲက မပါတဲ့
အလွတ်ရနေတဲ့မေတ္တာပို့သံ ကြားနေရသလိုပဲ

ငါဆိုတဲ့
မာနစွဲတွေကြောင့်
နှလုံးသား ဘယ်နှစ်စုံ နင့်အတွက်
စတေးစေခဲ့သလဲ ဆိုတာနင်ကိုယ်သာအသိဆုံးနေမှာပါ..

နင်သိအောင်
ထပ်လောင်းပြောရရင်
ကျိန်စာတစ်ခုလိုပဲ အခါလွန်မှ
ရွာတဲ့မိုးကြောင့် နှောင်းခဲ့ ခြင်းတွေပဲ ငါရရှိခဲ့တာပါ ...

အချစ်ကို ယုံကြည်မှု
မရှိတဲ့ နင့်ရှေ့ရောက်မှတော့
ဒူးထောက်လိုက်တာ မဆန်းပါဘူးဟာ..
မချစ်တက်တဲ့ နှလုံးသားနဲ့ ဘဝတစ်သက်စာအတွက်
ငါကြေကွဲခဲ့ရတာ အပြစ်မဆိုသာပေမယ့် မချစ်လို့သာပဲမှတ်ပါ့မယ် ...။

13 comments:

မာကျောချင်ယောင်
ဆောင်ခဲ့တဲ့နှလုံးသားက
ပုံစံမပျက် မွမွကြေနေခဲ့တာ....

မချစ်တက်တဲ့ နှလုံးသားနဲ့ ဘဝတစ်သက်စာအတွက်
ငါကြေကွဲခဲ့ရတာ အပြစ်မဆိုသာပေမယ့် မချစ်လို့သာပဲမှတ်ပါ့မယ် ...။

အချစ်ကဗျာ လှလှလေး တစ်ပုဒ်း)

မပြေပြစ်တဲ့
အပြောတွေရဲ့ နောက်ကွယ်မှာ
ကြေကွဲမှုတွေ ရှိနေခဲ့တာ..

အဲ့နေရာလေးကြိုက်တယ် ညီမရေ အဲ့တာဟန်ဆောင်ခြင်းတစ်ခုပဲထင်ပါ့နော် ။

ကဗျာလေးမှာ ထူးထူးခြားခြား ကာရံမပါဘူး။ ပြီးတော့ စာသားလေးတွေက တိုတယ်။ ဒါပေမယ့် တစ်ပိုဒ်တိုင်း တစ်ပိုဒ်တိုင်းမှာ အပိုအလိုမရှိ
စကားလုံးတိုင်းဟာ ခံစားချက်တွေကိုဖော်ပြနိုင်စွမ်းတယ်။

နှစ်သက်မိတယ်.

ညီမ ရေ..
ကဗျာလှလှ လာဖတ်သွားကြောင်းပါခင်ဗျာ

ဖတ်ရတာ တနှင့်တထွေးကြီးပါလား။
ခံစားချက်တွေ ပွထနေတယ် ထင်ပါ့။

မာကျောချင်ယောင်
ဆောင်ခဲ့တဲ့နှလုံးသားက
ပုံစံမပျက် မွမွကြေနေခဲ့တာ....

စကားလုံး သုံးသွားပုံက အရမ်း သေသပ်တယ်
အားပေးနေဆဲပါ

ခင်မင်စွာဖြင့်
ဗညားရှိန်

ရင်ထဲက မပါတဲ့ မေတ္တာတဲ့လား
ကဗျာလေးက စူးစူးနင့်နင့် ခံစားချက်တွေနဲ့
ဖတ်ပြီး နင့်ခနဲ ဖြစ်သွားတယ်..

မငိုပါနဲ့
မချစ်ဘူးဆိုပြိး
သနားပြနေလို့လဲ
ငါဘဝက ဘာထူးလာမှာမို့လဲဟာ...

အဲ .. ဒီစာသားလေး ကြိုက်တယ် အစ်မရေ ..
အလွမ်းတွေ များနေပါလား ....

အားပေးလျှက်

(မောင်လေး )
နေဇော်လင်း

ကဗျာကိုတော့ ဖတ်ပြီးတာ တင်ကတည်းကပါ။ အိမ်လည်ရင်းနဲ့ နောက်တစ်ခေါက် ထပ်ဖတ်ဖြစ်သွားတယ်။
မငိုပါနဲ့
မချစ်ဘူးဆိုပြိး
သနားပြနေလို့လဲ
ငါဘဝက ဘာထူးလာမှာမို့လဲဟာ...

အဲဒီ စာသားကို အကြိုက်ဆုံးပဲ။

စာမေးပွဲပြီးလို့ စာလေးတေါလိုက်ဖတ်နေတာ(ကိုယ့်စာလေးလည်း လာဖတ်မလားလို့ပေါ့လေ၊ အဟီး) ဒီလို စာပေါ့ပေါ့ပါးပါးလေးတွေဖတ်ရတော့လည်း ရီရတာပေါ့၊ အဲ.. အပျင်းပြေတာပေါ့။ အဟီး

ကဗျာဖတ်သွားပါတယ်၊ ပုံကတော့ ရက်စက်တယ်

မြှားနတ်မောင် မြှားဆိပ်သင့်နေပြီ။ ညီမကလဲ အဲဒီလိုကြီးတော့ မကျရှုံးနဲ့လေ။ လဲကျရင် ပြန်ထ၊ ညတွေက လှပနေဆဲပါဘဲလေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ခက်ထန်တဲ့
မျက်ဝန်းနက်တွေရဲ့ အောက်မှာ
နာကျင်ရိပ်တွေ အပြည့်ရှိခဲ့တာ...

မပြေပြစ်တဲ့
အပြောတွေရဲ့ နောက်ကွယ်မှာ
ကြေကွဲမှုတွေ ရှိနေခဲ့တာ..

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More