စိတ်ဓါတ်တွေ
အခါခါ သေလည်း
ခါးသီးမှုတွေနဲ့
စတေးလိုက်ရတဲ့
ခံစားချက်တွေလည်း အသင်္ချေ.......
ဘဝအတွက်ဆို
နှလုံးသားလဲ
လမ်းခင်းကျောက်အဖြစ်
ချနင်းရတဲ့အခါလည်းရှိရဲ့.........
ခေါင်းပြုလာတဲ့
မာနနဲ့ မခံချင်စိတ်တွေကို
အရှင်လတ်လတ် သင်္ဂြိုလ်လိုက်ရတဲ့ အခါလည်းရှိရဲ့........
စာတင်ဖို့
အဆင့်မမှီတဲ့ ရာဇဝင်တွေလဲ
ဒိုင်ယာရီထဲ ချရေးရတဲ့အခါလည်းရှိရဲ့..........
ယုံကြည်ချက်နဲ့
မန်ကိုတင်း အားခွင်းလို့
လေဆန်ကိုပျံ ရွတ်လွင့်နိုင်ဖို့ ဒုက္ခပင်လယ်ထဲ ရုန်းရတဲ့အခါလည်းရှိရဲ့.......
အမာရွတ်ပေါ်
ဒဏ်ရာဆင့်ပြိး ဝေဒနာအတ္တတွေနဲ့
မြေသို့ကြွေကျ မြေခရတဲ့အလွမ်းရာဇဝင်အဖြစ် စတေးရတဲ့ အခါလည်းရှိရဲ့......
ဘာ...
ဘဝတဲ့ဟုတ်လား..???
ချရေးရတာ
လွယ်သလောက်
မနက်ဖြန်တွေအသက်ဝင်ဖို့
မျှော်လင့်ချက်တွေ ဘယ်လောက်များ လည်စင်းပေးနေရအုံးမှာလဲ....???
6 comments:
ချရေးရတာ
လွယ်သလောက်
မနက်ဖြန်တွေအသက်ဝင်ဖို့
မျှော်လင့်ချက်တွေ ဘယ်လောက်များ လည်စင်းပေးနေရအုံးမှာလဲ....???
................
အဲဒီလိုနဲ့ပဲ...
လည်စင်းပေးခဲ့ရသူတွေ မနည်းတော့ဘူး ညီမရေ..
ကဗျာလေး ထပ်တူခံစားသွားပါတယ်..။
aww... you write poem too.. great.. I love it <3
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
အင်း---
ကဗျာကလေးကကောင်းလိုက်တာ-
ရေးသူမပြောနဲ့ ဖတ်ရတဲ့သူတောင်ခံစားချက်တွေကူးသွားတယ်ဗျာ-
လေးစားစွာဖြင့်
ညီမ ရေ..
ကဗျာလေး ကို ခံစားဖတ်ရှု့ သွားကြောင်းပါ။
ပျော်ရွှင်ချမ်းမြေ့ ပါစေနော်။
ညီမရေ..ပုခက်နဲ့ သင်္ချိုင်းကြားက အဲဒီကာလလေးမှာ 'ဘ' နဲ့ 'ဝ' ဆိုတဲ့ စာလုံးလေး နှစ်လုံးတည်းရှိပေမယ့် ကြုံရတဲ့ အဖြစ်တွေက နှစ်ရာ၊ နှစ်ထောင်၊ နှစ်သောင်း မက,ပါပဲ..၊
ကဗျာလေး ခံစားသွားတယ်....။
စာတင်ဖို့
အဆင့်မမှီတဲ့ ရာဇဝင်တွေလဲ
ဒိုင်ယာရီထဲ ချရေးရတဲ့အခါလည်းရှိရဲ့..........
ကျွန်မနဲ့.....အဖြစ်ချင်းတူတယ်....။ မနက်ဖြန် အတွက် မျှော်လင့်ချက်တွေ လည်စင်းနေဆဲပါပဲကွယ်.....။
ခင်မင်လေးစားလျက်
Post a Comment